ဂန်ဘာရီ နေပြည်တော်ရောက်

E-mail Print
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ ဌာနချုပ်တွင် အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ရှင်းလင်းတင်ပြရန် ရှိကြောင်း သိရသည်။

မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံမှ ပြန်လာ၍ လာမည့် တနလာင်္နေ့တွင် နယူးယောက်မြို့မှ ဂျပန်နိုင်ငံသို့ မစ္စတာ ဘန်ကီမွန်း မထွက်ခွာမီ ယင်းသို့ ရှင်းလင်းတင်ပြမည်ဖြစ်သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူက ယမန် နေ့တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။  

ယခု မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်သည် လာမည့် ဇူလိုင်လ အစောပိုင်းတွင် သွားရောက်မည့် မစ္စတာ ဘန်ကီမွန်း ခရီးစဉ်အကြို ကြိုတင်ပြင်ဆင်မှု ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။  

ကုလသမဂ္ဂ အရာရှိများ၏ အဆိုအရ မစ္စတာ ဂန်ဘာရီသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ထို့နောက် နေပြည်တော်သို့ သွားရောက်၍ စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။

မစ္စတာ ဘန်ကီမွန်း၏ ကိုယ်စားလှယ်ဖြစ်သော မစ္စတာ ဂန်ဘာရီ ၏ မြန်မာနိုင်ငံခရီးစဉ်သည် စနေနေ့အထိ ဖြစ်ကြောင်း AP သတင်းက ဖော်ပြထားသည်။

ယခု ကုလသမဂ္ဂ ထိပ်တန်းအရာရှိများ၏ ခရီးစဉ်သည် အငြင်းပွားဖွယ်အခြေအနေရှိသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆို စစ်ဆေးနေသည့်အချိန်ဖြစ်သည့်အတွက် နိုင်ငံ ရေးနှင့် သက်ဆိုင်သည့် ခရီးစဉ်ဖြစ်နိုင်သည်ဟုလည်း ဆိုသည်။

စစ်အစိုးရက မစ္စတာ ဘန်ကီမွန်းအား လာမည့် ဇူလိုင်လအစောပိုင်း၌ မြန်မာနိုင်ငံသို့ လာရောက်ရန် ပြီးခဲ့သည့် အပတ်အတွင်းတွင် ဖိတ်ကြားထားသည်။   

မစ္စတာဘန်ကီမွန်းသည် လွန်ခဲ့သည့် ၂၀၀၈ခုနှစ် မေလအတွင်း နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ပထမအဆုံးအကြိမ်သွားရောက် ခဲ့သည်။ ထိုခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံရေးကိစ္စများ ဆွေးနွေး ဆောင်ရွက်မည်မဟုတ်ကြောင်း မြန်မာ နိုင်ငံသို့ မသွားရောက်ခင် ၎င်းက ပြောဆိုခဲ့သည်။

ထိုခရီးစဉ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ သည်။

တချိန်တည်းတွင်ပင် အမေရိကန်နိုင်ငံ အိုဘားမား အစိုးရက ယမန်နှစ် မေလတွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များအတွက် လူသားချင်းစာနာသည့် အကူအညီအနေနှင့် ဒေါ်လာ ၁၀ သန်း မြန်မာနိုင်ငံသို့ ပေးရန် အတည်ပြုလိုက်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်