မြေအောက်ဥမင် ဓာတ်ပုံမှတ်တမ်း အင်ဂျင်နီယာများ သံသယရှိ

E-mail Print
မြန်မာစစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကို ပြီးခဲ့သည့် ရက်များအတွင်းက သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ယင်းထုတ်လွှင့်ချက်များအပြီး အဆိုပါမှတ်တမ်းများသည် စစ်အစိုးရ၏ နိုင်ငံနှင့် တ၀န်းတွင် တည်ဆောက်နေ သော ရေအားလျှပ်စစ် စီမံကိန်းများမှ မှတ်တမ်းများ ဖြစ်နိုင်မည်လား ဟူသည့် ပြည်တွင်း၊ပြည်ပရှိ အင်ဂျင်နီယာ အများစု၏ မေးခွန်းများ ပေါ်ထွက်လာသည်။

နေပြည်တော်အနီးရှိ ပေါင်းလောင်းရေအား လျှပ်စစ်တွင် တာဝန်ထမ်းဆောင်နေသော အင်ဂျင်နီယာ တဦးက “ဒီဓာတ်ပုံတွေက ရေအားလျှပ်စစ် စီမံကိန်းကလား ဒါမှမဟုတ် စစ်အစိုးရရဲ့ မြေအောက် ဥမင်လိုဏ်ခေါင်းလား ဆိုတာ ဝေခွဲရခက်နေတယ်၊ ရေအားလျှပ်စစ် စီမံကိန်းက လိုဏ်ခေါင်းတွေကလည်း အဲဒီလောက်နီးပါးကျယ်တော့ ကျနော်တော့ မခွဲခြားတတ်တော့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရက မြန်မာပြည်တွင် အကြီးဆုံးသော ရဲရွာ စီမံကိန်း အပါအ၀င် ရေအားလျှပ်စစ် စီမံကိန်း ၁၂ ခုကို အကောင်ထည် ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

Peace Creation Group ဟု အမည်ပေးထားသည့် မြန်မာပြည်တွင်းရှိ မြေအောက်အဖွဲ့တဖွဲ့က ယင်း ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကို ဧရာဝတီ သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
 
ဧရာဝတီက ယင်းအဖွဲ့ကို ဆက်သွယ်မေးမြန်းရာ၌ နေပြည်တော်အနီးတွင် ရိုက်ကူးထားသော မှတ်တမ်းများ ဖြစ်ကြောင်း၊ သို့သော် ယင်းမှတ်တမ်းများတွင် ပါဝင်သော ပုံများကိုမှု အသေအချာမသိရှိသေးကြောင်း ပြော သည်။

အဆိုပါ မှတ်တမ်းများတွင် ပါဝင်သော ပုံများမှာ အပြာရောင်ဝတ်စုံနှင့် ၀န်ထမ်းများ၊ စစ်ဘက်ဆိုင်ရာ အရာရှိများ၊ ဆောက်လုပ်ရေးလုပ်သားများနှင့် အာရှနိုင်ငံများမှ နိုင်ငံခြားသားများကို မြင်တွေ့ ရမည်ဖြစ်သည်။
 
မြန်မာနိုင်ငံရှိ လျှပ်စစ် ၀န်ကြီးဌာနမှ ၀န်ထမ်းများသည် အပြာရောင်ဝတ်စုံကို ၀တ်ဆင်ကြသည်။ ထို့အပြင် ယင်းစီမံကိန်းများကို ဆောင်ရွက်ရာတွင် စစ်အင်ဂျင်နီယာများနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေး ကန်ထရိုက်များ လည်း ပါဝင်ကြသည်။

စစ်အစိုးရနှင့် မြောက်ကိုရီးယားတို့၏ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြန်မာပြည်တွင် ဥမင် လိုဏ်ခေါင်းများ တည်ဆောက်နေသည်ဟူသော သတင်းကို လူအများက အာရုံစိုက် လာကြခြင်းဖြစ်သည်။

နေပြည်တော်အနီးတွင် ၀င်္ကပါသဖွယ် မြေအောက် ဥမင်လိုဏ်ခေါင်းပါသော စစ်ဌာနချုပ်ကို တည်ဆောက်ရန် စီစဉ်နေကြောင်း ဧရာဝတီက ရရှိထားသည့် မြန်မာနှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံ နားလည်မှုစာချုပ်အရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်