DKBA ဝင်တိုက်မည်ကို ဒုက္ခသည်များ စိုးရိမ်

E-mail Print
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) အရာရှိတဦး လုပ်ကြံခံရမှု နှင့် ပတ်သက်ပြီး မကျေ နပ်သောကြောင့် ထိုင်း - မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းကို ခြိမ်းခြောက်သည့် အတွက် ဒုက္ခသည်များ က စိုးရိမ် ထိတ်လန့်နေကြကြောင်း သိရသည်။   

လွန်ခဲ့သည့် ဇွန်လ၂၆ ရက်နေ့တွင် အမည် မသိလက်နက်ကိုင်တစု၏ ပစ်ခတ်မှုကြောင့် DKBA တပ်ဖွဲ့ တပ်မဟာ ၇ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စံပြုံးအပါဝင် ၈ ဦးသေဆုံးခဲ့သည့်အတွက် DKBA က မယ်လ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို မောင်းထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း မယ်လ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“လုပ်ကြံခံရတာ ဘယ်သူ့လက်ချက်လဲ ကျနော်တို့မသိဘူး၊ အဲဒါ သူတို့က KNU ( ကရင်အမျိုးသား အစည်းအရုံး) လက်ချက်လို့ စွပ်စွဲပြီးတော့ KNU ဟာ ဒုက္ခသည်စခန်းထဲမှာ ခိုအောင်းပြီးတော့ လုပ်ပါတယ် စွပ်စွဲပြီးတော့ အဲဒါ ကြောင့် ဒုက္ခသည် စခန်းထဲကလူတွေကို အကုန်လုံး မောင်းထုတ်ပစ်မယ် ဘာမယ် ကြိမ်းလားဝါးလားလုပ်တယ်” ဟု စခန်းကော်မတီ  ဒု ဥက္ကဌ ကိုထွန်းထွန်းက ဆိုသည်။

ဒုက္ခသည်စခန်းကို ခြိမ်းခြောက်ခဲ့သည့်သတင်းကြောင့် စခန်း၏ အပြင်ဘက်တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့က လုံခြုံ ရေးတိုးမြှင့်ချထားကြောင်း သိရသည်။

အဆိုပါ DKBA တပ်ဖွဲ့ဝင်များသည် မြ၀တီမြို့ ရွှေကုက္ကိုကျေးရွာသို့ အသွား သောင်ရင်းမြစ်အတိုင်း လှေဖြင့် စီး နင်းလာခဲ့ရာမှ မယ်လရွာအနီးတွင် လုပ်ကြံခံရပြီး သေဆုံးခဲ့ကြခြင်းဖြစ်သည်။ ၎င်းလုပ်ကြံမှု နှင့် ပတ်သက်ပြီး မည်သည့် လက် နက် ကိုင်တပ်ဖွဲ့၏ လက်ချက်ဖြစ်သည်ကို မသိရှိရသေးပါ ။

၂၀၀၈ ခုနှစ် ဖေဖော် ၀ါရီလ ၁၄ ရက်နေ့ မဲဆောက်မြို့ နေအိမ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော KNU အထွေ ထွေအတွင်းရေးမှူုး ဖဒိုမန်းရှာ၏ အမှုတွင် သေဆုံးသွားသော DKBA တပ်ဖွဲ့ မှ ဒု ဗိုလ်မှူးကြီး စံပြုံး ပါဝင်ပတ် သက်သည်ဟု KNU ဘက်က ထင်မြင် ယူဆချက်များရှိနေသောကြောင့် ယခုပစ်ခတ်မှုသည် KNU လက်ချက်ဖြစ် ကြောင်း အများက သုံးသပ်နေကြသည်။

KNU တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေကမူ ယခု လုပ်ကြံသတ်ဖြတ်မှုသည် မည်သူ့လက် ချက် ဖြစ်သည်ကို ပြောရန် ခက်ခဲကြောင်း၊ ယင်း ပြဿနာ ဖြစ်ပွားခဲ့သည့် ဒေသတွင် KNU တပ်များ မရှိတော့ ကြောင်း ဧရာဝတီသို့ ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်