Kang Nam 1 သူ့နိုင်ငံဆိပ်ကမ်းကို ပြန်ရောက်သွားပြီ

E-mail Print
မြန်မာနိုင်ငံသို့ တရားမ၀င် လက်နက်ပစ္စည်းများ တင်ဆောင်လာသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော မြောက် ကိုရီးယား Kang Nam 1 သင်္ဘောသည် ၎င်းနိုင်ငံရှိ နမ်ပိုဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိသွားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ သင်္ဘောသည် ဇွန်လ ၁၇ ရက်နေ့မှ စတင်၍ မြောက်ကိုရီးယား ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး မြန်မာပြည် သို့ ဦးတည်လာသည်ဟု ခန့်မှန်းခဲ့ကြပြီးနောက် ရုတ်တရက် ပြန်လည်ထွက်ခွာခဲ့ရာ ယခုအခါ ၎င်းနိုင်ငံ ဆိပ်ကမ်းတွင် ပြန်လည် ရောက်ရှိနေ ခြင်းဖြစ်သည်။

၎င်း Kang Nam 1 သင်္ဘောသည် တရားမ၀င် လက်နက် ပစ္စည်များ သယ်ဆောင်လာသည်ဟု ယူဆရပြီး အမေရိကန် စစ်သင်္ဘောတစီးကလည်း ယင်းသင်္ဘောကို နောက်ယောင်ခံ လိုက်လျှက်ရှိရာ ပါလာသည့် ကုန်ပစ္စည်းများ ပေးပို့ခြင်းမရှိဘဲ မိမိလာရာ ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိသွားပြီဟု ယူဆရကြောင်း တောင်ကိုရီးယား နိုင်ငံမှ တာဝန်ရှိသူတဦး၏ စကားကို ကိုးကား၍ AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ 

Kang Nam 1 မြောက်ကိုရီးယား သင်္ဘောပေါ်တွင် အသေးစား စစ်လက်နက် ပစ္စည်းများ သယ်ဆောင် လာနိုင်သည်ဟု လေ့လာသူများက ယူဆခဲ့ကြသည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက “မြောက်ကိုရီးယား အနောက် ဖက် ကမ်းရိုးတန်းမှာ ရှိတဲ့ နမ်ပို ဆိပ်ကမ်းကို ပြန်ရောက်သွားပြီ” ဟု ပြောကြားခဲ့ကြောင်း ၎င်းသတင်း၌ ရေးသားထားသည်။

သို့သော် သင်္ဘောရောက်ရှိခဲ့သည့် သတင်းနှင့် ပတ်သက်ပြီး အတည်ပြုချက် ရရှိရန် ကြိုးစားနေဆဲဖြစ်သည် ဟုလည်း ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသော အမေရိကန် ရေတပ် စစ်ဆင်ရေး၏ ကြီးအကဲ ဗိုလ်ချုပ်ကြီး Gary Roughead က မြောက်ကိုရီးယား သင်္ဘော လှည့်ပြန်ခဲ့ခြင်းက ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများ ထိရောက်မှုရှိကြောင်း ဖော်ပြနေသည်ဟု ပြောကြားသည်။

“ကျနော့် အနေနဲ့ ဒီဖြစ်စဉ်ဟာ နိုင်ငံတကာ အသိုင်းအ၀န်းက ပူးပေါင်းဆောင်ရွက်လို့ ဆိုတာ ယုံကြည်တယ်”ဟု ၎င်း ဗိုလ်ချုပ်ကြီး Gary Roughead က ဆိုသည်။

မြောက်ကိုရီးယားသည် မေလက နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့်အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင် စီက ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချမှတ်ပြီး အရေးယူခြင်း ခံခဲ့ရသည့် နိုင်ငံဖြစ်သည်။

ယင်းဆုံးဖြတ်ချက် ၁၈၇၄ အရ သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့် သင်္ဘော၊ လေယာဉ်များကိုမဆို နိုင်ငံတကာက ၀င်ရောက် စစ်ဆေးပိုင်ခွင့် ရှိရမည် ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက နျူကလီးယားလက်နက် စမ်းသပ်သည့် မြောက်ကိုရီးယားကို လက်နက်တင် ပို့ရောင်းချမှု တားမြစ်ရန် သဘောတူ ဆုံးဖြတ်ပြီး နောက်ပိုင်း ယင်းသင်္ဘောသည် ပထမဆုံး အကြိမ် စောင့်ကြည့် ခံရသည့် သင်္ဘော ဖြစ်သည်။

မြန်မာ စစ်အစိုးရက ထိုသင်္ဘောနှင့် ပတ်သက်ပြီး မသိရှိကြောင်း ငြင်းဆိုထားရာ ပည်ပ သတင်းဌာနများက ထုတ်လွှင့်လျက်ရှိသည့် Kang Nam 1 သင်္ဘောနှင့် ပတ်သက်၍ သတင်း တစုံတရာ မရရှိကြောင်း၊ သို့သော် လည်း ဆန်တန်ချိန် ထောင်ပေါင်းများစွာ လာရောက်သယ်ဆောင်မည့် မြောက်ကိုရီးယား ကုန်တင် သင်္ဘောတစီး မြန်မာပြည်သို့ လာရောက်မည်ဖြစ်ကြောင်း အစိုးရ၏ သတင်းဌာနက ဖော်ပြခဲ့သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်