ပိတ်ဆို့မှု သက်တမ်းတိုးရန် အမေရိကန်တွင် တောင်းဆို

E-mail Print
မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှု ဥပဒေကို ထပ်မံ သက်တမ်းတိုးရန် တောင်းဆိုချက်များသည် အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“၂ဝဝ၃ ခုနှစ် မြန်မာပြည် လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ” ကို သက်တမ်း တိုးလိုက်ခြင်းဖြင့် အမေရိကန် နိုင်ငံက မြန်မာ အစိုးရ နှင့် စီးပွားရေး လုပ်ကိုင်ရန် ဆန္ဒ မရှိကြောင်း သိသာ ထင်ရှားစေမည်ဟု သက်တမ်းတိုးရန် တောင်းဆိုသူများက ယူဆကြသည်။

သုံး နှစ် တကြိမ် သက်တမ်းတိုးရသည့် ထိုဥပဒေက စစ်အစိုးရ အုပ်ချုပ်သည့် မြန်မာပြည်မှ ကုန်ပစ္စည်းများ တင်သွင်းမှုကို ကန့်သတ်ထားသည်။

လာမည့် ၂၆ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည့် ထိုဥပဒေကို  သြဇာကြီးမားသော လွှတ်တော်အမတ်များ ဖြစ်သည့် Joe Crowley နှင့် Peter King တို့ ကမကထ ပြုလုပ်ခဲ့မှုဖြင့် ၂ဝဝ၃ ခုနှစ်တွင် ပြဌာန်းထားခြင်း ဖြစ်သည်။ ယခုတကြိမ် သက်တမ်းတိုးရန် တောင်းဆိုရာတွင် အခြား လွှတ်တော်အမတ် ၁၉ ဦးကလည်း ပူးပေါင်းပါဝင်ခဲ့သည်။

အမေရိကန် လုပ်ငန်းရှင်များ အဖွဲ့တခုဖြစ်သော The American Apparel & Footwear Association (AAFA) ကလည်း လွှတ်တော်အမတ်များ၏ အဆိုပြုချက်ကို ကြိုဆိုလိုက်သည်။

“သက်တမ်းတိုးရေး အဆိုပြုချက်ကို ကျွန်ုပ်တို့ အခိုင်အမာ ထောက်ခံပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ ပြည်သူများကို ရက်စက်စွာ နှိပ်စက်နေသည့် အစိုးရနှင့် ကျွန်ုပ်တို့ စီးပွားရေး မလုပ်လိုကြောင်းကို ထိုသို့ အရေးယူခြင်း အားဖြင့် ရှင်းရှင်း လင်းလင်း သိသာစေသောကြောင့် ဖြစ်ပါသည်” ဟု AAFA အသင်း၏ အကြီးအကဲ Kevin Burke က ရေးသား ထုတ်ပြန်သည့် စာတွင် ဖော်ပြထားသည်။

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက မကြာသေးမီက ထုတ်ပြန်လိုက်သည့် လူ့အခွင့်အရေး အစီအရင်ခံစာတွင် “မြန်မာစစ်အစိုးရသည် လူ့အခွင့် အရေး လှုပ်ရှားသူများကို တရားစွဲဆိုခြင်း မပြုဘဲ ကာလ ကြာရှည်စွာ ဖမ်းဆီး ထိန်းသိမ်းနေသည်” ဟု ရေးသားထားသည်။

ထို့အပြင် “အစိုးရသည် နိုင်ငံသားတို့၏ လွတ်လပ်ခွင့်ကို မကြာခဏ ဝင်ရောက် စွက်ဖက်ပြီး လွတ်လပ်စွာ ပြောဆို၊  စုဝေး၊ ဖွဲ့စည်း၊ ကိုးကွယ်ပိုင်ခွင့်များကို တားမြစ် ကန့်သတ်ထားသည်” ဟု အစီရင်ခံစာက ဆိုသည်။

မကြာသေးခင်ကပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ စစ်အစိုးရက မတရား နည်းလမ်းဖြင့် တရားစွဲဆို ထောင်ချမည့် လုပ်ရပ်များကြောင့် နိုင်ငံတကာမှဖိအားများ ပိုမို တိုးပွားလာခဲ့သည်။

“မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ထပ်မံ တိုးမြှင့်ရမည့် အချိန်ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ နိုင်ငံတကာက မြန်မာပြည်သူတို့၏အရေးကို စိတ်ဝင်စားလာကြစေရန် ပူးတွဲ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် ရက်စက်ကြမ်းကြုတ်သည့် စစ်အုပ်စုကို အလားတူ ပိတ်ဆို့ ဒဏ်ခတ်ရေးပြုလုပ်ကြရန် ဒေသတွင်းနှင့် ကမ္ဘာအနှံ့မှ မဟာမိတ်များကိုလည်း ဖိအားပေးရမည်ဖြစ်သည်” ဟု AAFA အသင်း၏ အကြီးအကဲ Kevin Burke က ရေးသား တိုက်တွန်းထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်