မြစ်ဝကျွန်းပေါ်မှာ လေဆင်နှာမောင်းတိုက်၊ အိမ်ခြေ ၃၀ ခန့်ပျက်စီး

E-mail Print
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဖျာပုံမြို့နယ်နှင့် ဘိုကလေးမြို့နယ်ရှိ ကျေးရွာများတွင် လေဆင်နှာမောင်း မုန်တိုင်း တိုက်ခတ်မှုတခု ဖြစ်ပွားခြင်း ကြောင့် အိမ်ခြေ ၃၀ ခန့်ပျက်စီးသွား ကြောင်း ဒေသခံများ အဆိုရသိရသည်။

အဆိုပါ ဆင်လေနှာမောင်းသည် ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ဖျာပုံမြို့နယ်အတွင်းရှိ ခါးဖြတ်ကျေးရွာနှင့်ကျောက် ကြီးကျေးရွာအတွင်း တိုက်ခတ်သွားခဲ့သည်ဟု မိုးလေ၀သဌာနမှ အမည်မဖော်လိုသူ ရုံးဝန်ထမ်းတဦးက ပြောသည်။

“မနေ့က ညနေ ၄ နာရီမှာ လပွတ္တာမြို့နယ်နဲ့ ဘိုကလေးမြို့နယ်ကနေ အစပြုပြီးတော့၊ ဖျာပုံမြို့နယ် ခါးဖြတ်ကျေးရွာကို ဖြတ်သန်း ပြီးတော့ လေဆင်နှာမောင်းတိုက်ခတ်သွားတယ်။ လူတွေ ဒဏ်ရာရမှုရှိတယ်၊ သေဆုံးတယ်လို့တော့မပါဘူး၊ အိမ်ခြေ ၃၀ခန့် ပျက်စီးသွားတယ်ဆိုပြီးတော့ အစီရင်ခံစာ လာပါတယ်”ဟု ၎င်းကပြောပြသည်။

ဘိုကလေးမြို့ဒေသခံတဦး၏ အဆိုရ ယင်း ဆင်လေနှာမောင်းတိုက်ခတ်ခဲ့သည့် ကျေးရွာများတွင် အိမ်ခြေ ပျက်စီးမှု များ ရှိပြီး၊ အသေအပျောက် ရှိမရှိကိုမှု မသိရသေးကြောင်း၊ သို့သော် ဒဏ်ရာရရှိသူ ၆ ဦးခန့် ရှိကြောင်း သိရသည်။

လွန်ခဲ့သည် ၂၀၀၈ ခုနှစ် မေလဆန်းပိုင်းတွင် ရန်ကုန်တိုင်း အပါအဝင် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသများကို ပြင်းထန် စွာ ဖြတ်သန်းတိုက်ခိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် လူဦးရေ ၁ သိန်းလေး သောင်းခန့် သေကြေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်