အာဆီယံပွဲတွင် မြန်မာ့အရေး ကလင်တန် ပြောမည်

E-mail Print
မနက်ဖြန် စတင်မည့် အာဆီယံဆွေးနွေးပွဲတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်မည်ဖြစ်ပြီး မြန်မာပြည်အရေးသည် အရေးတကြီး ဆွေးနွေးရမည့် အကြောင်းအရာတခု ဖြစ်လာမည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိကြီးတဦးက ပြောသည်။

“သူဘာတွေပြောမယ် ဆိုတာကိုတော့ အတိအကျ ကျနော် ခန့်မှန်းလို့ မရဘူး။ သေချာတာကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သူပြောမယ်၊ ကျနော်တို့ စိုးရိမ်နေတာတွေကိုလည်း သူ ရှင်းရှင်းလင်းလင်း ပြောပါလိမ့်မယ်” ဟု အဆိုပါ အရာရှိက ရှင်းပြသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အများအပြားနှင့် တွေ့ဆုံမည် ဖြစ်သော်လည်း စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး နှင့် တွေ့ဆုံရန် စီစဉ်ထားခြင်း မရှိကြောင်း အရာရှိက ဆိုသည်။

“ဖြစ်နိုင်တာကတော့ နိုင်ငံခြားရေး ဝန်ကြီးတွေ ပါတဲ့ ဆွေးနွေးပွဲမှာတော့ တွေ့လိမ့်မယ်။ ဒါပေမယ့် နှစ်ဘက် သီးသန့် တွေ့ဆုံဖို့ စီစဉ်ထားတာတော့ မရှိပါဘူး” ဟု ထိုအရာရှိက ပြောသည်။

၄၂ ကြိမ်မြောက် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေး  နှင့် ၁၆ ကြိမ်မြောက် အာဆီယံ ဒေသတွင်း ဆွေးနွေးပွဲ တို့ကို ဇူလိုင် ၁၇ ရက်နေ့မှ ဇူလိုင် ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဖူးကက်မြို့တွင် ကျင်းပမည် ဖြစ်သည်။

အမေရိကန် အစိုးရက မြန်မာပြည် ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်လျက်ရှိရာ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုမှု ပေါ်ပေါက်လာသဖြင့် မူဝါဒသုံးသပ်ရေး လုပ်ငန်းစဉ်များကို အရှိန်လျှော့ချထားသည်ဟု နိုင်ငံခြားရေးဌာန အရာရှိက ပြောသည်။

“မူဝါဒ ပြန်သုံးသပ်မယ်လို့ ဖေဖော်ဝါရီလမှာ ကြေညာလိုက်ကတည်းက ပြန်လည် သုံးသပ်တာတွေ လုပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲပြီး နောက်ပိုင်းမှာ ပြန်သုံးသပ်နေတဲ့ လုပ်ငန်းတွေ အရှိန် ကျသွားတယ်။ မူဝါဒ ပြန်သုံးသပ်တဲ့ နေရာမှာ ဒီ တရားစွဲဆိုမှုကိုလည်း သေချာပေါက် ထည့်ပြီး စဉ်းစားရမှာ ဖြစ်ပါတယ်” ဟု အမေရိကန်ပြည်ထောင်စု အရှေ့တောင်အာရှ နှင့် ပစိဖိတ် ဒေသ ဆိုင်ရာ အရာရှိ မစ္စတာ စကော့မာရှယ်က ပြောသည်။

စကော့မာရှယ်က ထိုင်းနိုင်ငံသို့ မထွက်ခွာမီ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အမေရိကန် ပြည်ထောင်စု၏ မြန်မာပြည်ဆိုင်ရာ မူဝါဒနှင့် ပတ်သက်သည့် အခြေခံ ရည်မှန်းချက်များ၊ သဘောထားများမှာ ယခင်အတိုင်းပင် ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

“မူဝါဒ ပြန်သုံးသပ်တာတွေ အဆုံး မသတ်သေးဘူး ဆိုတာက ကျနော်တို့မှာ သံတမန်ရေး ဆိုင်ရာ နည်းနာတွေ၊ မူဝါဒတွေ မရှိတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အခြေခံ မူဝါဒတွေက အရင်အတိုင်းပါပဲ။ မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်ဖို့ တွန်းအားပေးဖို့ အတွက် လုပ်နိုင်တာတွေကို လုပ်သွားမှာပါ” ဟု စကော့မာရှယ်က ပြောသည်။

“အပြောင်းအလဲတွေ ဆိုတာ အာဏာပိုင်တွေ၊ အတိုက်အခံ နဲ့ တိုင်းရင်းသား လူနည်းစုတွေ အကြား တွေ့ဆုံ ဆွေးနွေးကြဖို့၊ အကျဉ်းသားတွေ လွတ်လာဖို့ ပြီးတော့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ပေါ်လာဖို့ကို ဆိုလိုတာပါ။ နိုင်ငံတကာကို ပွင့်ပွင့်လင်းလင်း ဆက်ဆံဖို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။

“ဒီလိုရည်မှန်းချက်တွေ ဖြစ်ထွန်းဖို့ ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ ဆိုတာအတွက် မူဝါဒ ပြန်သုံးသပ်နေတာပါ။ အခြေခံ သဘောတရားတွေက မပြောင်းသေးပါဘူး။ ပြန်သုံးသပ်တယ်ဆိုတာ အသေးစိတ် အချက်တွေ ဒါမှမဟုတ် ကျနော်တို့ ဘယ်လို ထိထိရောက်ရောက် လုပ်နိုင်မလဲ ဆိုတာကို ဆန်းစစ်တာပါပဲ။ မူဝါဒ ပြန်သုံးသပ်တာတွေ အဆုံးမသတ်သေးဘူးဆိုတာက ကျနော်တို့မှာ ဘာမှ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး” ဟု စကော့မာရှယ်က ပြောသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်းမှ အသင်းဝင် နိုင်ငံများအပါအဝင် အသင်း၏ ဆွေးနွေးဖက် နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတေးလျ၊ နယူးဇီလန် နှင့် အမေရိကန် ပြည်ထောင်စုတို့က  အစည်းအဝေး တက်ရောက်မည်ဟု အတည်ပြုထားကြသည်။

နိုင်ငံပေါင်း ၂၆ နိုင်ငံနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၁၂ဝဝ ထက်မနည်း အစည်းအဝေး တက်ရောက်မည်ဖြစ်သည်။

အစည်းအဝေးတွင် အာဆီယံဒေသနှင့် ပတ်သက်သည့် ဆွေးနွေးပွဲပေါင်း ၃၂ ခု ပါဝင်မည် ဖြစ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်