အာဇာနည်နေ့ ကျင်းပရန် စီစဉ်သူများကို သတိပေးကန့်သတ်မှုများရှိ

E-mail Print
မြန်မာနိုင်ငံတွင် ၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရန် စီစဉ်နေသူများကို မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ဥက္ကဌများက ခေါ်ယူ၍ သတိပေး ကန့်သတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

လာမည့် ဇူလိုင်လ ၁၉ နေ့တွင် ကျရောက်မည်ဖြစ်သော အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်ပြီး မန္တလေးတိုင်း အပါ အ၀င် မိထ္ထီလာနှင့် ရေနံချောင်းမြို့များမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များကို စစ်အစိုးရ အာဏာပိုင်များက ယနေ့ ခေါ်ယူသတိပေးခြင်းဖြစ်သည်။

မကွေးတိုင်း NLD အဖွဲ့ချုပ်တာဝန်ရှိသူတွေကို အာဏာပိုင်းများက ခေါ်ယူတွေ့ဆုံခဲ့ရာ ဆွမ်းကျွေးခြင်းနှင့် အခမ်းအနားပြု လုပ်ခွင့်များမပြုလုပ်ရဟုပြောကြားခဲ့သော်လည်း မဖြစ်မနေပြုလုပ်သွားရန်ရှိသည်ဟု မကွေးတိုင်း NLD အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေး က ဧရာဝတီသို့ ပြောသည်။

“အထက်က အမိန့် ၀တ္တရားအရ ဆောင်ရွက်ရတယ်ဆိုတာ ကျမတို့နားလည်တယ်၊ဒါပေမယ့် ကျမတို့ နိုင်ငံရေးပါတီ တခု အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပေးတဲ့ လွတ်လပ်ရေးနဲ့ နေတဲ့အတွက်ကြောင့် ဗိုလ်ချုပ်ကိုမှေးမှိန်အောင် မလုပ်နိုင်ဘူး၊ ဒါ ကြောင့်မို့လို့ နောင်လာနောင်သား ကလေးတွေက ဗိုလ်ချုပ်လို အာဇာနည်ခေါင်းဆောင်ဆိုတာ လူသေသော်လည်း နာမည် မသေတဲ့အကြောင်း နောင်တက်လာမယ့် မျိုးဆက်သစ်လူငယ်တွေကို အသိပေးချင်တယ်၊ ဒါကြောင့် လုပ်မှာပဲဆိုပြီး ပြောခဲ့ တယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းနှင့် မိထ္ထီလာမြို့တွင် အသံချဲ့စက် မသုံးရ၊လူဦးရေ ၅၀ ထက် ပိုမစုရ စသဖြင့် အာဏာပိုင်များက သတိပေး တားမြစ်မှုများနှင့် အခမ်းအနားကို ကျင်းပခွင့်ပေးသည်ဟုသိရသည်။

မန္တလေးတိုင်း NLD အဖွဲ့ချုပ်မှ စည်းရုံးရေး တာဝန်ခံ ကိုမျိုးနိုင်က“မန္တလေးမြို့ပေါ်နဲ့ ပုသိမ်ကြီး၊ အမရပူရ၊ တံတားဦး NLD အဖွဲ့ဝင်တချို့ကိုဖိတ်ကြားထားပြီး ဘုရားကြီးအရှေ့ဘက် တောင်ဖီးလင်းကျောင်းတိုက်မှာ သံဃာတော် အပါး ၃၀ လောက် ကို နေ့ဆွမ်းကပ်လှူမယ့် အစီအစဉ်ရှိတယ်”ဟု ပြောသည်။

အလားတူပင် ရန်ကုန်ရှိ NLD ရုံးချုပ် တွင် အာဇာနည်နေ့ အခမ်းအနားကျင်းပပြုလုပ်ရန်ရှိကြောင်း သိရှိရပြီး ၎င်း  အစီ အစဉ် အပြီးတွင် ကြေညာချက် တစောင် ထုတ်ရန်ရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ၀င်းနိုင် က ပြော သည်။ကြေညာချက်နှင့် ပတ်သက်ပြီး အသေးစိတ် ပြောဆို၍ မရသေးဟုလည်း ဆိုသည်။

၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့၌ ရန်ကုန်မြို့အတွင်းဝန်ရုံးတွင် အစည်းအဝေးပြုလုပ်နေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင် ၉ ဦးတို့သည် ဂဋ္ဌုန်ဦးစော၏ လုပ်ကြံခံခဲ့ရရာမှ ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းနေ့ တွင် ကျဆုံးခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်း ပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ရဲဘော် ကိုထွေး တို့ ဖြစ်သည်။

ယခင်က အာဇာနည်များကျဆုံးသည့် ၁၀ နာရီ ၃၇ မိနစ် ရောက်တိုင်း ၁ မိနှစ် ငြိမ်သက်ခြင်း၊ ရေဒီယို၊ အစိုးရစက်ရုံများနှင့် တခြား ဌာနများမှ ဥသြဆွဲခြင်းများကို နှစ်စဉ်ပြုလုပ်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာသိမ်းပြီးကတည်းက ၎င်း အလေ့ အထများကို ပြုလုပ်ခြင်းမရှိတော့ပေ။

မြန်မာနိုင်ငံ အနေနှင့် အာဇာနည်နေ့တွင် ဆွမ်းမကျွေးရခြင်း၊ ဟောပြောပွဲများ မပြုလုပ်ရခြင်းနှင့် အခမ်းအနားများ မလုပ်ရ ခြင်းတို့သည် အာဇာနည်ခေါင်းဆောင်ကြီးများကို ပျောက်ကွယ်မေ့ပျောက်စေရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး စော်ကားရာရောက်သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ူ အတွင်းရေးမှူး ဦးအေးသာအောင်က ဧရာဝတီသို့ပြောသည်။

“နိုင်ငံ့ခေါင်းဆောင်ကြီးတွေက အသက်ကိုစွန့် စတေးပြီးတော့ လုပ်ခဲ့တဲ့အပေါ်မှာ စော်ကားတယ်လို့ပဲမြင်ပါတယ်” ဦးအေးသာအောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် အာဇာနည်နေ့အကြောင်းကိုသိသော ခေတ်လူငယ်များ တနေ့တခြားနည်းပါးလာပြီး ထိုနေ့သည် သာမန် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တရက်သဖွယ်ဖြစ်နေကြောင်း သိရသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို ကျောင်းနှင့် အစိုရ ရုံးများတွင် ၁၉၈၈ နောက်ပိုင်း လွတ်လပ်စွာ ချိတ်ခွင့်မရတော့ပေ။

အထက်တန်းကျောင်းများတွင် အာဇာနည်နေ့အကြောင်း စာစီစာကုံးပြိုင်ပွဲများ၊ ဟော ပြောပွဲများ၊ နံရံကပ်ပိုစတာနှင့် ပန်းချီ ပြိုင်ပွဲများကို ကျင်းပလေ့ရှိသည်ဆိုသော်လည်း ယခုအခါ ၎င်းအလေ့အထများ တဖြည်းဖြည်းပျောက်ကွယ်လာခြင်းကြောင့် မျိုးဆက်သစ်လူငယ်များသည် အာဇာနည်နေ့နှင့်တဖြည်းဖြည်းဝေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်