ထိုင်းနှင့် မလေး စားသုံးဆီ ၁၁ မျိုးကို လိုက်လံသိမ်းဆည်း

E-mail Print
ရန်ကုန် ဈေးကွက် အတွင်းရှိ ထိုင်းနှင့် မလေးရှား နိုင်ငံတို့မှ တင်သွင်းလာသည့် စားသုံးဆီ ၁၁ မျိုး ကို လိုက်လံ သိမ်းဆည်း နေသော်လည်း ၎င်းဆီများနှင့် ပတ်သက်၍ အာဏာပိုင် တို့က မည်သို့မှ တာဝန်ယူ ပေးခြင်း မရှိ သောကြောင့် ဆီဝယ်လှောင်ထားသည့် အရောင်းဆိုင်များ အခက်တွေ့နေကြောင်း ကြားသိရသည်။

ဆီပုံးများအသိမ်းခံလိုက်ရသော လသာလမ်းရှိ ဆီအရောင်းဆိုင်တဆိုင်က “ဆိုင်မှာ ရှိတဲ့ ထိုင်း နိုင်ငံထုတ် ဆီတွေ အားလုံးကို သိမ်းယူသွားတာ။ နောက်မရောင်းနဲ့၊ ရောင်းတာ တွေ့ရင် အရေးယူခံရမယ် လို့ပဲ ပြော တယ်။ အဲဒီဆီတွေအတွက် ဘာလုပ်ပေးမယ်ဆိုတာ တော့မပြောပါဘူး။ အဲဒီသိမ်းသွားတဲ့ ဆီ တန်ဖိုးက ကျပ် ၅၅ သိန်းဖိုးရှိတယ်” ဟု ပြောဆိုသည်။

၎င်း ဆိုင်မှ သိမ်းဆည်းသွားသော ဆီပုံးများကို တရားဝင် တင်သွင်းနေသော ကုန်သည်များထံမှပင် ၀ယ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဆီအရောင်းဆိုင်က ပြောဆိုသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့်ဆီများမှာ တပိဿာလျှင် ကျပ် ၂၂၀၀ ခန့်သာရှိပြီး ပြည်တွင်းဖြစ်ပဲဆီ တပိဿာ လျှင် ၂၉၉၀ ကျပ်၊ စားအုန်းဆီတပိဿာ ၂၃၀၀ ကျပ်ဈေး ရှိကြောင်း၊ ထို့ပြင် ထိုင်း စားသုံးဆီမှာ ရေခဲသေတ္တာထဲ၌ပင် ခဲသွားခြင်း မရှိကြောင်း၊ ပြည်တွင်းဖြစ် ပဲဆီများမှာမူ စားအုန်းဆီ ရောသောကြောင့် ရေခဲသေတ္တာထဲတွင် ခဲသွားကြောင်း အဆိုပါ အကြောင်းအချက်များကြောင့် ထိုင်းမှ တင်သွင်းလာသည့် စားသုံးဆီများကို လူအများနှစ်ခြိုက်စွာ ဝယ်ယူ စားသုံးကြကြောင်း ဆီအရောင်းဆိုင် တဆိုင်က ပြောဆိုသည်။

ဆီကုန်သည်ကြီးအသင်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အာဏာပိုင်များက လိုက်လံ သိမ်းဆည်း နေသည့် ဈေးကွက်အတွင်းရှိ အဆိုပါ ဆီများမှာ sakura၊ Golding oil၊ ပုစွန်တကောင်၊ ပုစွန် ၂ ကောင်၊ ကြယ်ဝါ၊ ကြယ်စိမ်း၊ ကဏန်း၊ ငါးကြော်၊ ရေနဂါး၊ ကြယ်နီ ၊ တံငါ စသည့် အမှတ်တံဆိပ် များဖြစ်သည်။

အဆိုပါ ဆီများမှာ ကျန်းမာရေးဆိုင်ရာ စံများနှင့် ကိုက်ညီမှု မရှိသောကြောင့် အရောင်းပိတ်ပင် လိုက်ရခြင်း ဖြစ်ကြောင်း၊ ရောင်းချသည်ကို တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်နေ့က ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြည်တွင်းသတင်းထောက်များအား
ပြောကြားခဲ့သည်။

လက်ရှိဈေးများ၊ စတိုးဆိုင်များနှင့် ကုန်တိုက်ကြီးများရှိ အဆိုပါ အမှတ်တံဆိပ် ၁၁ မျိုးနှင့် စားသုံးဆီများကို လိုက်လံ သိမ်းဆည်းနေပြီဖြစ်ကြောင်း၊ ဈေးကွက်အတွင်းတွင် အဆိုပါ ဆီအမှတ်တံဆိပ်များမှာ ရောင်းအား တွယ်ကျယ်လျက် ရှိသောကြောင့် ဆိုင်အတော်များများတွင် ၀ယ်ယူ သိမ်းဆည်းထား ကြသည်ကို တွေ့ရှိ ရကြောင်း မြို့တော်ဝန်က ဆက်လက် ပြောဆိုခဲ့သည်။

 “အခု ပိတ်လိုက်တဲ့ ဆီတွေက အကြော်ဆီတွေပါ။ အဲဒီဆီတွေကို ဓာတ်ခွဲကြည့်တဲ့ အခါမှာ လူကို ထိခိုက်စေ တဲ့ free-fatty Acid, Peroxide , Transfats စတာတွေ ပါဝင်တဲ့အတွက် နှလုံး သွေးကြောကျဉ်း ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ တို့အပြင် ကင်ဆာရောဂါအထိပါ ဖြစ်ပွားနိုင်တာကို တွေ့ရတဲ့ အတွက် ပိတ်ပင် ရခြင်း ဖြစ်ပါတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လင်းက ဆိုသည်။

မြန်မာနိုင်ငံမှ ဆီကုန်သည်များနှင့် ဆီအရောင်းဆိုင်များ၏ ပြောပြချက်အရ အဆိုပါ တံဆိပ်များမှာ ၂၀၀၆ ခုနှစ် ကတည်းက  မြ၀တီနယ်စပ်မှတဆင့် ၀င်ရောက်လာခြင်းဖြစ်ပြီး ယခုအခါ ပြည်တွင်းဖြစ် ပဲဆီ၊ နှမ်းဆီ တို့ထက်ပင် ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရသည်။

“ဒီဆီတွေကို မြန်မာနိုင်ငံထဲ ၀င်မလာခင် နယ်စပ်ဂိတ်တွေမှာတုန်းကတည်းက စိစစ်ရမှာ၊ အန္တရာယ် ကင်းတယ်ဆိုမှ ပြည်တွင်းထဲကို တင်သွင်းခွင့်ပေးရမှာ။ ခုလိုဈေးကွက်ထဲ ရောက်ပြီး လူတွေသုံးစွဲပြီးမှ စိစစ်တာထက်၊ မတင်သွင်းခင်ကတည်းက စိစစ်သင့်တာပေါ့” ဟု သတင်းအယ်ဒီတာ တဦးက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်