ပဲဈေးကွက် ယုံကြည်မှု ပြန်လည်တည်ဆောက်နေရ

E-mail Print
ပဲအရောင်းအ၀ယ် လောကတွင် စစ်အစိုးရနှင့် နီးစပ်သူများ ပါဝင်ပတ်သက် နေသောကြောင့် ၂၀၀၈ခုနှစ်က ဖြစ်ပွားခဲ့သည့်  ငွေကြေး လိမ်လည်မှုများကို အရေးယူရန် မလွယ်ကူ ကြောင်း ပဲကုန်သည်များက ပြောသည်။

“ဥက္ကံ၊ သုံးဆယ်ဘက်က ကုန်သည်ကြီး တဦး ဆိုရင် မနှစ်က ပဲဖိုးအကြွေး ကျပ် သိန်းလေးသောင်းလောက် ပေးစရာ ရှိတယ်၊ သူက ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ အကျိုးတူ လုပ်ဆောင်တဲ့ အတွက် အာဏာပိုင်က အဖမ်းပြပြီး အကာအကွယ် ပေးထားတယ်လို့ ကြားတယ်” ဟု ဘုရင့်နောင် ပွဲရုံတန်းမှ ပဲကုန်သည် တဦးက ဆိုသည်။

သို့ရာတွင် မြို့နယ်အသီးသီးရှိ ရဲစခန်းများ၌ ပဲလိမ်လည်မှုနှင့် ပတ်သက်၍ အမှုဖွင့် တိုင်ကြားသူများ ရှိနေကြောင်း ယခုတပတ်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ပဲကုန်သည်များကို ဧရာဝတီမဂ္ဂဇင်းက မေးမြန်းကြည့်ရာ တိုင်တန်းအမှုဖွင့်ခြင်းမပြုလုပ်တော့ဘဲ အချင်းချင်းနားလည်မှုဖြင့်သာ ပြဿနာများကို ဖြေရှင်းသူများလည်း ရှိသည်ဟု ပြောသည်။

“အချင်းချင်းပဲ နားလည်မှုယူပြီး ပေးစရာရှိတဲ့ ကုန်သည်ရဲ့ ပိုင်ဆိုင်မှုကို ရာခိုင်နှုန်းနဲ့ ဝေပုံကျ ခွဲယူတယ်။ ပေးတဲ့သူ ကလည်း ကျေကျေနပ်နပ်ပေးပါတယ်။ အဲဒီလိုမှ မလုပ်ရင် ရုံးရောက်၊ ရဲစခန်းရောက်နဲ့ စရိတ်ကုန်တာပဲရှိမယ်” ဟု ဘုရင့်နောင် ကုန်သည်က ဆိုသည်။

ယမန်နှစ်က ဖြစ်ပွားခဲ့သော ငွေကြေးအရှုပ်အထွေး ပြဿနာများကြောင့် ယခုလက်ရှိ ပဲဈေးကွက်တွင် အကြွေးစနစ်ဖြင့် အရောင်းအ၀ယ်မလုပ်တော့ဘဲ လက်ငင်းငွေချေစနစ်ဖြင့်သာ ရောင်းဝယ်နေကြသည်ဟု ကြားသိရသည်။

“မနှစ်ကဖြစ်တဲ့ ပြဿနာတွေကြောင့် စိတ်ချရတဲ့ မြို့ခံကို အလွန်ဆုံး ၃ ရက်ဆိုင်းပဲ အကြွေးရောင်းတယ်၊ အဝေးသမား ကိုတော့ ပွဲရုံမှာ လက်ငင်းငွေချေစနစ်နဲ့ပဲ ရောင်းတယ်၊ ဘယ်သူမှလည်း ငွေကြိုပေးပြီးအရောင်းအ၀ယ် မလုပ်ရဲတော့ဘူး။ ၂လဆိုင်း ၃ လဆိုင်းလည်းမရောင်းတော့ဘူး” ဟု ပြည်မြို့ရှိ ပဲ ကုန်သည်တဦးက ဆိုသည်။

ယမန်နှစ်က ပဲဈေးကွက်အတွင်း စုစုပေါင်း ကျပ် သန်း ထောင်ပေါင်းများစွာ လိမ်လည်မှုများဖြစ်ပွားခဲ့ရာ ကုန်သည် အများအပြား အလိမ်ခံခဲ့ရပြီး တဦးလျှင် ငွေကျပ် သိန်း ထောင်နှင့်ချီ၍ အလိမ်ခံကြရကြောင်း Weekly Eleven ဂျာနယ် တွင် ရေးသားထားသည်။

ထိုသို့လိမ်လည်မှုများမှာ ရင်းနှီးသူ ကုန်သည်အချင်းချင်း ပဲကို အကြွေးရောင်းလိုက် ရာမှ ငွေချေရမည့် အချိန်တွင် မချေနိုင်ဘဲ ထွက်ပြေးရှောင်တိမ်းသည်အထိ ဖြစ်ခဲ့ရပြီး ပဲအိတ်ပေါင်း ၁ သောင်းအထိ အလိမ်ခံရသူများပင် ရှိကြောင်း ၎င်းဂျာနယ်တွင် ဖော်ပြထားသည်။

ယခုရက်ပိုင်း ပြည်တွင်းပဲဈေးကွက်တွင် ပဲအ၀ယ်လိုက်နေသောကြောင့် ပဲဈေးတက်နေကြောင်း ကြားသိရသည်။

ပြည်တွင်းပဲဈေးကွက်မှ ကုလားပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံများ ကို အိန္ဒိယနိုင်ငံက ၀ယ်ယူနေပြီး မတ်ပဲဈေးအနည်းငယ် အေးနေသည်ဟု သိရသည်။

ယခုရက်ပိုင်းတွင် ကုလားပဲ တတင်း ၁၈၀၀၀ ကျပ်၊ မတ်ပဲ တတင်း ၂၄၅၀၀ ကျပ် နှင့် ပဲတီစိမ်းတတင်း ၁၈၀၀၀ ကျပ် ဖြင့် အရောင်းအ၀ယ်ဖြစ်နေသည် ဟုသိရသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် တခြားပဲမျိုးစုံကို အိန္ဒိယ နိုင်ငံက အဓိက၀ယ်ယူပြီး စင်ကာပူ၊ ဂျပန်၊ တရုတ်နိုင်ငံတို့ကိုလည်း ရောင်းချခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ပဲမျိုးစုံရောင်းချမှုမှ ကျပ် ၃. ၆ ကုဋေ ( အမေရိကန်ဒေါ်လာ ၃ သန်းခန့်) ဝင်ငွေရှိခဲ့ကြောင်း သိရသည်။

ပြည်ပ ပို့ကုန် ပဲများကို ဟင်္သာတ၊ မုံရွာ၊ ပခုက္ကူ၊ ပြည်၊ မြင်းခြံ၊ ခရမ်း၊ သုံးခွ အစရှိသည့် မြို့နယ်များ နှင့်ရှမ်းပြည်နယ်တွင် အဓိက စိုက်ပျိုးကြသည်။

၎င်း ပဲများကို နှစ်စဉ်နှစ်တိုင်း စစ်တပ်ရိက္ခာ အတွက်ဟုဆိုကာ တောင်သူလယ်သမား များက ပေးသွင်းနေရကြောင်း ကြားသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်