ယက်ထော ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူနေရ

E-mail Print
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လျှို့ဝှက် ဝင်ရောက်မှုကြောင့် အထိန်းသိမ်း ခံနေရသော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော မူးလဲသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ယမန်နေ့ညက ရောက်ရှိသွားပြီး ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

မစ္စတာ ယက်ထောသည် ယမန်နေ့ည ၂ နာရီခန့်က မူးလဲသောကြောင့် အာဏာပိုင်များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီး ဝန်ထမ်းများက ပြောသည်။  

“ဘာရောဂါလဲတော့ မသိဘူး။ အရေးပေါ်ဌာနမှာ တင်ထားတယ်၊ အရပ်ဝတ်နဲ့ လုံခြုံရေးတွေကိုလည်း ချထားတယ်၊ လူဦးရေ ၅ဝ လောက်တော့ ရှိတယ်”ဟု ဆေးရုံ ဝန်ထမ်းတဦးက ပြောသည်။

မစ္စတာ ယက်ထော၏ လက်ရှိ ကျန်းမာရေး အခြေအနေကို မသိရှိရသေးသော်လည်း ဝက်ရူးပြန် ရောဂါ နှင့် ဆီးချိုရောဂါ ရှိသူ ဖြစ်သည်ဟု သိရသည်။

မစ္စတာ ယက်ထော၏ ရှေ့နေ ဦးခင်မောင်ဦးက ဆေးရုံသို့ သွားရောက် တွေ့ဆုံမည် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။

မစ္စတာ ယက်ထောသည် သူ၏ ဘာသာရေးအယူအဆကြောင့် ရက်ပေါင်းများစွာ အစာမစားဘဲ နေလေ့ရှိသူ ဖြစ်သည်ဟု ရှေ့နေ ဦးခင်မောင်ဦးက ပြောသည်။

အာဏာပိုင်တို့က မစ္စတာ ယက်ထောအား နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂၊ ၁၉၄၇ခုနှစ် လူဝင်မှု ကြီးကြပ်ရေး (အရေးပေါ် ပြဋ္ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃(၁)၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ဥပဒေ ပုဒ်မ ၂၈ တို့ဖြင့် တရားစွဲဆိုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်