ကိုးကန့်ဒေသ စစ်ရေးတင်းမာမှုကြောင့် ဒေသခံများတရုတ်ဘက် ထွက်ပြေးခိုလှုံ

E-mail Print
စစ်အစိုးရ နှင့် ကိုးကန့်အပစ်ရပ်အဖွဲ့တို့ လောက်ကိုင်မြို့ အနီးတွင် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့ပြီး ဒေသခံ တသောင်းကျော် တရုတ် ပြည်ဘက် ထွက်ပြေးသွားကြောင်း သိရသည်။

ကိုးကန့်အပစ်ရပ်အဖွဲ့နှင့် စစ်အစိုးရတပ်ဖွဲ့တို့ သြဂုတ်လ ၈ရက်နေ့က စီအောရွာ နှင့် ရန်လုံကျိုင်းကြားရှိ တရုတ်ပြည်သွား ကားလမ်းမပေါ်တွင် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တရုတ်မြန်မာနယ်စပ်စည်း ဘေးကပ်ရက်မှာ ဥက္ကဌကြီးဖုန်ကျားရှင်ရဲ့အိမ်နဲ့ဂိုဒေါင်ကိုမူးယစ်ဆေးဝါး ရှာချင်တယ်ဆိုပြီး သြဂုတ်လ ၈ရက်နေ့မနက်အစောကြီး လာဝိုင်းလို့ ထိပ်တိုက်တွေ့တာ”ဟု တရုတ်မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲ ခတ် ဦးအောင်ကျော် ဇောကပြောသည်။

ဖုန်ကျားရှင်၏ အိမ်နှင့် ဂိုဒေါင်တွင် လက်နက်များသိုလှောင်ထားသည်ဟု စစ်အစိုးရမှ သံသယရှိသောကြောင့် ရှာဖွေခြင်း ဖြစ်ကြောင်းသိရသည်။

သြဂုတ်လ ၈ ရက်နေ့ မနက်စောစောတွင် ရုတ်တရက်ဝိုင်းရံ ခြင်းဖြစ်ပြီး ဒေသကွပ်ကဲရေး စစ်ဋ္ဌာချုပ်လက်အောက်ခံတပ်ခွဲ များ၊ ရဲနှင့်မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲများ စုစုပေါင်း အင်အား ၇၀ ခန့်ပါဝင်သည်ဟုသိရသည်။

၎င်းတို့ကို အင်အား ၃၀၀ ခန့် ရှိသော ကိုးကန့်တပ်က တောင်ကုန်းများပေါ်တွင်နေရာယူပြီး ပိတ်ဆို့ထားခဲ့ကြောင်းသိရသည်။

“ဥက္ကဋ္ဌကြီး ဖုန်ကျားရှင်ရောက်လာပြီး ၊ စစ်ဆေးချင်ရင် ငါနဲ့လိုက်ခဲ့ လက်နက်တွေယူလာစရာမလိုဘူး၊ တပ်နဲ့ဝင်လာစရာ မလိုဘူး၊ မင်းတို့ ဆုတ်ပေးပါလို့ပြောတော့၊ စစ်တပ်ကဆုတ်သွားတယ်၊ မနက် ၈း၃၀ ကနေပြီးတော့ နေ့ခင်း ၂း၃၀လောက် အထိ ကြာတယ်”ဟု ဦးအောင်ကျော်ဇောကပြောသည်။

တရုတ်ပြည်သွား ကွမ်းလုံကားလမ်းမပေါ်တွင် နှစ်ဘက်စစ်တပ်များ နေရာယူပြင်ဆင်မှုရှိခဲ့သောကြောင့် ဒေသခံများ နှင့် တရုတ်နိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်သူများ အထိတ်တလန့် ဖြစ်ပြီး ၊ လူတသောင်းကျော်တရုတ်ပြည်ဘက်သို့ ထွက် ပြေးသွားခဲ့ ကြောင်းသိရသည်။

သြဂုတ်လ ၉ရက်နေ့က အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်အောင်သန်းထွဋ္ဋ်ရောက်ရှိလာပြီး အခြားသော ကိုးကန့်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သော်လည်း၊ ဦးဖုန်ကျားရှင်မှ လက်ခံတွေ့ဆုံခဲ့ခြင်းမရှိဟုသိရသည်။

တရုတ်မြန်မာနယ်စပ်ရှိ အပစ်ရပ်အဖွဲ့များက နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရေး ကမ်းလှမ်းချက်ကိုလက်မ ခံသောကြောင့် ဒေသခံလူထု အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ စစ်အစိုးရမှ ပရိယာယ်လုပ်ဆောင် နေသည် ဟုထင်ကြောင်းကို ဦးအောင်ကျော်ဇောက ပြောသည်။

“ကချင်မှာလည်း တပ်အပြောင်းအရွှေ့နဲ့ လက်နက်ကြီးများ ချထားတယ်၊ မိုင်းလားမှ တပ်တွေကို ရိက္ခာစုဆောင်းခိုင်းပြီး မိုးရာသီကုန်ရင် ထိုးစစ်တွေစတင်မယ်လို့ပြောပြီးတော့ နယ်မြေဒေသမတည်ငြိမ်အောင်လုပ်နေတယ်”ဟုပြောသည်။

တရုတ်နိုင်ငံအနေဖြင့် ၄င်း နယ်စပ်ရှိ အပစ်ရပ်အဖွဲ့များနှင့် စစ်အစိုးရကြားတွင်ရှိနေသော ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် လိုလားကြောင်း မြန်မာစစ်အစိုးရအား သဘောထားပေးထားသည်ဟု ဆိုသည်

လောက်ကိုင်မြို့သည် မြန်မာပြည်အရှေ့မြောက်ဘက်စွန်း တရုတ်ပြည်နယ်စပ်နှင့်ကပ်လျက်ရှိပြီး တရုတ်လူမျိုးများ အများ ဆုံးနေထိုင်ကာ လောင်ကစားရုံကြီးများလည်းရှိသော လူဦးရေ ၂ သိန်း ခန့်ရှိသည့်မြို့ဖြစ်ကြောင်း သိရသည်။

ဝ နှင့် ကိုးကန့်တပ်ဖွဲ့များကို မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု အပြည်ပြည်ဆိုင်ရာ မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များက သံသယရှိနေသောကြောင့် ၂၀၀၃ခုနှစ်တွင် ကိုးကန့်ခေါင်းဆောင်များက မူးယစ် ဆေးဝါးကင်းစင်သောနယ်မြေအဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။

ဖုန်ကျားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်