မြန်မာအလုပ်သမားတဦး ၄ ထပ်တိုက်ပေါ်မှပြုတ်ကျ သေဆုံး

E-mail Print
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးကက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုတွင် အလုပ်လုပ်နေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတဦး လေးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကြားသိရသည်။

သြဂုတ် ၁၁ ရက်နေ့က အသက် ၃၁ နှစ်အရွယ်ရှိ ကိုသန်းနိုင်သည် ဖူးကက်မြို့ ပထို့ရပ်ရှိ I.Q Parasamueh Co. ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်ရင်း ဓာတ်လိုက်သဖြင့် လေးထပ်တိုက် ပေါ်မှ ပြုတ်ကျကာ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ Thalang အရပ် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ကိုခိုင်ကျော်သူရမင်းက “ကို သန်းနိုင်က ၀ယ်လ်ဒင်ဆော်တဲ့ အလုပ်သမားလေ၊ လေးထပ်မှာ အလုပ်လုပ်နေတုန်း အခုလို ဓာတ်လိုက်ပြီး ပြုတ်ကျတာ” ဟုဆိုသည်။

ဆက်လက်၍ ၎င်းက ဖူးကက်မှ ဆောက်လုပ်ရေးဆိုဒ် အများစုတွင် အလုပ်သမားများ အသက်အန္တရာယ် လုံခြုံရေးအတွက် ထိခိုက်မှု မရှိစေရန် ကာကွယ်ထားမှုများ မရှိကြောင်း၊ ထို့ပြင် အလုပ်လုပ်ခွင့် လက်မှတ် မရှိသူ အလုပ်သမားများကို အလုပ်ရှင်များက အလေးအနက်ထား ဂရုစိုက်ခြင်းမရှိကြောင်း ပြောပြသည်။
 
ကိုသန်းနိုင်သည် အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေသည်မှာ ၆ နှစ်ခန့် ရှိပြီဖြစ်၍ ၎င်းတွင် အလုပ်သမား လက်မှတ်ရှိသောကြောင့် ထိခိုက်နစ်နာကြေး ရရမည်ဟု ဈာပနကိစ္စကို ကူညီ လုပ်ကိုင် ပေးနေသူ လေးဝတီ သာရေးနာရေးအသင်း (ဖူးကက်) ၏ ဥက္ကဌ   ဦးသန်းမောင်က ဆိုသည်။

“အလုပ်ရှင်က နာရေးကိစ္စကိုတော့ အစစ လိုလေသေးမရှိ လိုက်လုပ်ပေးတယ်ဗျ၊ ဒါပေမယ့် နစ်နာကြေး ပေးဖို့တော့ မပြောဘူး” ဟု သူက ဆက်ပြောသည်။   

ဖန်င အခြေစိုက် အခြေခံလူထု လူ့အခွင့်အရေး ပညာပေးရေး ကော်မတီ (GHRE) မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “အလုပ်သမားတယောက် အလုပ်ခွင်မှာ ထိခိုက် နစ်နာမှုဖြစ်တယ်၊ သေဆုံးသွားတယ် ဆိုရင် နစ်နာကြေး ရကိုရရမယ်” ဟုပြောသည်။

ထိုင်း နိုင်ငံတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင် မြန်မာအလုပ်သမားများ ထိခိုက် နစ်နာမှု၊ သေဆုံးမှု မကြာခဏ ဖြစ်ပေါ်လေ့ ရှိသော်လည်း အလုပ်သမားများက မိမိတို့ အခွင့်အရေးအတွက် မည်သို့ တောင်းဆို ရမည်ကို မသိ၍ ရသင့်ရထိုက်သည်များ မရကြကြောင်း၊ ထိုင်းနိုင်ငံ ဥပဒေအရ ဆိုလျှင် မည်သည့် အလုပ် သမားမဆို လုပ်ငန်းခွင်တွင် ထိခိုက်နစ်နာ သေဆုံးပါက နစ်နာကြေး ရရမည်ဖြစ်ကြောင်း၊ အကယ်၍ ဆောင် ရွက်ရန် အခက်အခဲရှိပါက နီးစပ်ရာ NGO များ၊ အလုပ်သမား အခွင့်အရေးအတွက် ဆောင်ရွက်ပေးနေ သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ ဆောင်ရွက်သင့်သည်ဟု ဦးထူးချစ်က ဆိုသည်။

ယနေ့ နေ့လယ် ၁ နာရီခန့်က ကိုသန်းနိုင်ကို ဖူးကက်မြို့တွင် သင်္ဂြိုဟ်ခဲ့ကြသည်။ ၎င်း၏ ဇာတိမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျွန်းပြိန်ရွာဖြစ်သည်။

နိုင်ငံခြား ခရီးသွားအများအပြား လာရောက်လည်ပတ်သည့် ဖူးကက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် များတွင် မြန်မာအလုပ်သမားများစွာ အလုပ်လုပ်ကိုင် လျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်