သံဃာ ဆန္ဒပြမှု ထပ်မံဖြစ်ပွားမည်ကို စစ်အစိုးရ စိုးရိမ်

E-mail Print

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချတရားစီရင်မှုနှင့် ပတ်သက်ပြီး ဆန္ဒပြအုံကြွမည်ကို စိုးရိမ်သည့် အတွက် ကျောင်းထိုင် ဆရာတော်ကြီးများအပါအ၀င် သံဃာတော်များကို စစ်အာဏာပိုင်များက ခြိမ်းခြောက် တင်းကျပ် မှုများ ပြုလုပ်နေကြောင်း သိရသည်။

သက်ဆိုင်ရာ ကျောင်းတိုက် များ၌ သီတင်းသုံးနေထိုင်သော သံဃာတော်များအနေနှင့် အစိုးရ ဆန့်ကျင်သည့် လုပ်ရပ် များတွင် ပါဝင်ပတ်သက်ပါက ကျောင်းထိုင်ဆရာတော်ကို ထောင်ဒဏ် ၃နှစ်အထိ အပြစ်ပေးမည်ဟု အာဏာပိုင်များက ခြိမ်းခြောက်ပြောဆိုကြောင်း ရန်ကုန်မြို့မှ သံဃာတော်များက ပြောသည်။

မြောက်ဥက္ကလာမြို့နယ် ဇမ္ဗူအေး ကျောင်းတိုက်မှ သံဃာတော်တပါးက “ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာ တော် တပါးပါးက အစိုးရကို ဆန့်ကျင်တဲ့လုပ်ရပ်မှာ ပါဝင်ပတ်သက်ရင် ကျောင်းထိုင် ဆရာတော်ကို လူဝတ်လဲပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်မယ်လို့ အာဏာပိုင်တွေက ခြိမ်းခြောက် နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အတူ သက်ဆိုင်ရာ ရပ်ကွက် အာဏာပိုင်များက သိက္ခာတော်ရ ဆရာတော်များနှင့် ကျောင်းထိုင် ဆရာတော် များကို ကျောင်းတိုက် အတွင်းရှိ သီတင်းသုံးနေသော သံဃာတော်များကို တာဝန်ယူထိန်းသိမ်းရန် လျှောက်ထား ကြောင်း သိရသည်။

“ရပ်ကွက်နဲ့ မြို့နယ်က သံဃနာယက အဖွဲ့တွေက ဘုန်းကြီးကျောင်းမှာရှိတဲ့ သံဃာတော်တိုင်းရဲ့ ဓာတ်ပုံ ၃ပုံ နဲ့ကိုယ်ရေးရာဇ၀င်  ၃စုံ ပေးဖို့ တောင်းတယ်” ဟု ယင်းဆရာတော်က ဆက်လက် ပြောဆိုသည်။

ဇူလိုင်လအတွင်းကလည်း ပဲခူးမြို့ပေါ်ရှိ စာသင်တိုက်ကြီးများနှင့် ဘုန်းကြီးကျောင်းများတွင် သီတင်း သုံးနေထိုင် နေသည့် သံဃာတော်များစာရင်းကို ကြံ့ခိုင်ဖွံဖြိုးရေးအဖွဲ့ဝင်များက လိုက်လံကောက်ခံနေသည်။

ထို့အပြင် ၀ါတွင်း သတင်းသုံးဝါဆိုမည့် သံဃာတော်များ၏ အတ္ထုပ္ပတ္ထိအကျဉ်း နှင့် ဓာတ်ပုံကိုပါ ပေးအပ်ရန် ရန်ကုန်မြို့နှင့် ပဲခူးမြို့တို့တွင် ဒေသ ဆိုင်ရာအာဏာပိုင်များက တောင်းခံနေခဲ့ကြောင်း သိရသည်။

အတ္ထုပ္ပတ္တိအကျဉ်းတွင် ဘွဲ့တော်၊သီတင်းသုံးမည့်ကျောင်း ၊ မူလဥပဇ္ဈာယ် ဆရာတော်အမည် နှင့် ခမည်းတော်၊ မယ်တော် မှတ်ပုံတင် ၊၀ိနည်းသိက္ခာပုဒ်များ နှင့်အညီ သတင်းသုံးနေထိုင်ပါမည်ဖြစ်ကြောင်း ၀န်ခံချက်ပါရှိပြီး၊ ဓာတ်ပုံကို ယခုနှစ်ကျမှသာလျှင် ထူးထူးခြားခြား တောင်းခံခြင်းဖြစ်သည်။

ရန်ကုန် မြောက်ဥက္ကလာတွင် နေထိုင်သော အမည်မဖော်လိုသူ တဦးက “သံဃာတော်တွေနဲ့ ဘုန်းကြီး ကျောင်းတွေကို အာဏာပိုင် တွေနဲ့ အရပ်ဝတ် ထောက်လှမ်းရေးတွေကလည်း စောင့်ကြည် နေတယ်၊ ဒီတခါ သံဃာတော်တွေ လမ်းပေါ်ထွက် ဆန္ဒပြ မပြတော့ မသိဘူး” ဟု ပြောသည်။

သက်ဆိုင်ရာ ကျောင်းတိုက်က အာမခံချက် မရှိဘဲ သံဃာတော်များ ခရီးသွားလာခြင်း မပြုရန် အာဏာပိုင် များက တင်းကျပ်စွာ တားမြစ် နေကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သော ပြစ်ဒဏ်နှင့် ပတ်သက်၍လည်း သံဃာတော်များအကြား မကျေနပ် မှုများဖြစ်ပေါ်စေသည် ဟု သံဃာ အသိုင်းအ၀န်းနှင့် နီးစပ်သူများက ဆိုသည်။

ရွှေတိဂုံ စေတီတော် အနီးရှိ ကျောင်းတိုက်တွင် သီတင်းသုံးလျက် ရှိသော သံဃာတော် တပါးက “ဒီတရားစီရင် ချက်က ရှက်စရာ ကောင်းသလို လက်ခံနိုင်စရာ မရှိပါဘူး၊ စစ်အစိုးရ အပေါ် ပိုပြီးတော့ ဒေါသဖြစ်စေပါတယ်” ဟု ပြောသည်။

ယခုအခါတွင် ရွှေတိဂုံနှင့် ဆူးလေ စေတီတော် အနီးတ၀ိုက်တွင် သံဃာတော် အနည်းငယ်ကိုသာ မြင်တွေ့ ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်ရှိ သံဃာတော်များက ထောင်နှင့်ချီသည့် သံဃာတော်များ သတင်းသုံး နေထိုင်သည့် ကျောင်း တိုက်များ တွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ တစုံတရာ တုံ့ပြန်မှု မပြုခဲ့သော်လည်း ၂၀၀၇ခုနှစ် သံဃာတော်များ ဦးဆောင် သည့် ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ထပ်မံဖြစ်ပွားရန် ယင်းဖြစ်ရပ်က နှိုးးဆော်ပေး နိုင်သည် ဟုဆို သည်။

မြန်မာနိုင်ငံတွင် သံဃာတော်ဦးရေမှာ လေးသိန်းကျော်ရှိပြီး၊ ၂၀၀၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင် သံဃာ လှုပ်ရှားမှုကို စစ်အစိုးရက ပြင်းထန်စွာဖြိုခွဲခဲ့ပြီး သံဃာတော်များကို ရိုက်နှက်ဖမ်းဆီးခဲ့သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်