ကွာလာလမ်ပူ ထိန်းသိမ်းရေး စခန်းမှ မြန်မာများထွက်ပြေး

E-mail Print
မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် Kuala Lumpur International Airport (KLIA) အနီးရှိ ထိန်းသိမ်းရေးစခန်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈ ဦးသည် ယမန်နေ့ က ထွက်ပြေးရန် ကြိုးစားခဲ့ရာ ၂၂ ဦး လွတ်မြောက်သွားကြောင်း သိရှိရသည်။

အဆိုပါ ထိန်းသိမ်းရေးစခန်းရှိ အာဏာပိုင်များက တံခါးဖွင့်၍ ထမင်းထုတ်များ ဝေပေးနေစဉ် မြန်မာအလုပ် သမား များ ထွက်ပြေးကြသည်ဟု စခန်းအတွင်း၌ရှိသော ကိုကျော်စိုးက ဧရာဝတီသို့ တယ်လီဖုန်းဖြင့် ပြောသည်။

“ထမင်းထုတ်ပေးဖို့ တံခါးဖွင့်တဲ့အချိန်မှာ စခန်း B 3 က ရွှေတွေ အားလုံးပေါင်း၂၈ ယောက် ထွက်ပြေးကြတယ်၊ ထွက်ပြေးတော့ ၆ ယောက်က ပြန်မိတယ်၊ ၂၂ ယောက်က လွတ်သွားတယ်”ဟု ၎င်းက ပြောသည်။

ဖမ်းမိထားသော ၆ ဦးကို မလေးရှား အာဏာပိုင်များက စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း ၎င်းက ဆိုသည်။

ယခုလက်ရှိ စခန်းတွင် စုစုပေါင်း လူဦးရေ ၇၀၀ ခန့် ရှိကြောင်း သိရသည်။ ၎င်းတို့သည် လွန်ခဲ့သည့် ဇူလိုင်လ ဆန်းပိုင်းတွင် Kajang မြို့နယ်၊ Semenyih အရပ် လူဝင်မှုကြီးကြပ်ရေး ဌာန (လဝက) အချုပ်ခန်းမှ အာဏာပိုင် များက နေရာသစ် သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ယနေ့ထုတ် ဘန်ကောက်ပို့သတင်းစာတွင်လည်း မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများတွင် ဖမ်းဆီးခံထား ရသော နိုင်ငံခြားသား ၇၀၀၀ ခန့်ရှိရာ မြန်မာနိုင်ငံသား ၂၈၀၀ ခန့် ပါဝင်နေသည်ဟု ဖော်ပြထားသည်။

အဆိုပါ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံ ထားရသူများအတွက် အိပ်ရာ နေရာအလုံအလောက်မရှိသကဲ့သို့ ဖိနှိပ်တင်းကျပ်မှုများပြုလုပ်ခံရကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။  

၂၀၀၉ ခုနှစ် ဇန်န၀ါရီလ၌် ထိန်းသိမ်းရေးစခန်းများတွင် မြန်မာလူမျိုး ၁၂၀၀ သာရှိခဲ့သော်လည်း ယခုအခါ ၂၈၀၀ အထိ များပြားလာခြင်းမှာ မြန်မာနိုင်ငံတွင် စီးပွားရေး ကျဆင်းမှုကြောင့် ထိုင်းနယ်စပ်မှ တဆင့် မလေးရှား နိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။  

၂ဝဝ၅ ခုနှစ်မှ စတင်ပြီး မလေးရှားအစိုးရက RELA တပ်ဖွဲ့ဝင်များအား လဝက အချုပ်ခန်းများကို ကွပ်ကဲရန်၊ တ ရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးရန် တရားဝင် လုပ်ပိုင်ခွင့်ပေးထားကြောင်း သတင်းများဖော် ပြချက်အရ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံ ခြားသား မုန်းတီးမှုလည်း အလွန်များကြောင်း၊ ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာ များစွာ ဖြစ်ပေါ်နေကြောင်း လည်း ကြားသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်