မလေးရှား အချုပ်မှ မြန်မာတချို့ UNHCR အကူဖြင့် လွတ်

E-mail Print
မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် Kuala Lumpur International Airport (KLIA) အနီးရှိ ထိန်းသိမ်းရေး စခန်းမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၀ ခန့်သည် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံးUNHCR ၏ အကူအညီဖြင့် အင်္ဂါနေ့က လွတ်မြောက်လာကြောင်း သိရသည်။

ယင်းစခန်းမှ လွတ်မြောက်လာသူ ကိုရာမန်က “ကျနော်ကတော့ အင်္ဂါနေ့က လွတ်လာတာ၊ ကျနော်နဲ့ ၈၁ ယောက်မှာ ၁ ယောက်က စာရွက်စာတမ်းကြောင့် ကျန်ခဲ့ရတယ်၊ မနေ့ကလည်း ၈၀ ထပ်ထုတ်လာတယ်၊ ကျနော်တို့ကို UNHCR က လာထုတ်တာ၊ ၂၄၀ လောက်လာထုတ်မယ်လို့ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

UNHCR ပြောခွင့်ရ ယန်တီ အစ္စမေးလ်(Yante Ismail) က လွန်ခဲ့သော ၂ရက်ခန့်က KLIA ထိန်းသိမ်းရေးစခန်းမှ အထိန်းသိမ်းခံ လူ ၈၀ လွတ်မြောက်သွားသည်မှာ မှန်ကန်ကြောင်း ပြောကြားသည်။

ယင်းစခန်းအတွင်း ကျခံနေသူတဦးက “အတိအကျတော့မသိဘူး၊ ၈၀ကျော်တာတော့ သေချာတယ်၊ နောက်ရက် လည်း လာထုတ်မယ်လို့ကြားတယ်၊ ဒါပေမယ့် ကျန်တဲ့လူကလည်းကျန်နေတယ်၊ ပြောသံ ကြားတာက ၂၀၀၉ ထဲမှာ အကုန်ထုတ်ပေးမယ်လို့ တော့ကြားတာပဲ” ဟုပြောသည်။

လွန်ခဲ့သော ရက်ပိုင်းကလည်း ယင်း စခန်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈ ဦး ထွက်ပြေးခဲ့ရာ ၂၂ ဦး လွတ်မြောက်သွားပြီး ၆ ဦးကို ပြန်လည် ဖမ်းဆီးရမိကြောင်း၊ အဆိုပါ ၆ဦးမှာ ယခုအခါတွင် မလေးရှား အာဏာပိုင်များက ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်နေသည့် အတွက် စိုးရိမ်မိကြောင်း ၎င်းက ဆိုသည်။

ယခင်က စခန်းတွင် စုစုပေါင်း မြန်မာ အလုပ်သမား ၇၀၀ ခန့် ရှိကြောင်း သိရသည်။ ၎င်းတို့သည် လွန်ခဲ့သည့် ဇူလိုင်လ ဆန်းပိုင်းတွင် Kajang မြို့နယ်၊ Semenyih အရပ် လူဝင်မှုကြီးကြပ်ရေး ဌာန (လဝက) အချုပ်ခန်းမှ အာဏာပိုင် များက နေရာသစ် သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

တနလာင်္နေ့ထုတ် ဘန်ကောက်ပို့သတင်းစာတွင်လည်း မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများတွင် ဖမ်းဆီးခံထား ရသော နိုင်ငံခြားသား ၇၀၀၀ ခန့်ရှိရာ မြန်မာနိုင်ငံသား ၂၈၀၀ ခန့် ပါဝင်နေသည်ဟု ဖော်ပြထားသည်။

အဆိုပါ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံ ထားရသူများအတွက် အိပ်ရာ နေရာအလုံအလောက်မရှိသကဲ့သို့ ဖိနှိပ်တင်းကျပ်မှုများပြုလုပ်ခံရကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။  

၂၀၀၉ ခုနှစ် ဇန်န၀ါရီလ၌် ထိန်းသိမ်းရေးစခန်းများတွင် မြန်မာလူမျိုး ၁၂၀၀ သာရှိခဲ့သော်လည်း ယခုအခါ ၂၈၀၀ အထိ များပြားလာခြင်းမှာ မြန်မာနိုင်ငံတွင် စီးပွားရေး ကျဆင်းမှုကြောင့် ထိုင်းနယ်စပ်မှ တဆင့် မလေးရှား နိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

၂ဝဝ၅ ခုနှစ်မှ စတင်ပြီး မလေးရှားအစိုးရက RELA တပ်ဖွဲ့ဝင်များအား လဝက အချုပ်ခန်းများကို ကွပ်ကဲရန်၊ တ ရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးရန် တရားဝင် လုပ်ပိုင်ခွင့်ပေးထားကြောင်း သတင်းဖော် ပြချက်များ အရ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံ ခြားသား မုန်းတီးမှုလည်း အလွန်များကြောင်း၊ ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာ များစွာ ဖြစ်ပေါ်နေကြောင်း လည်း ကြားသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်