ကရင်ဒုက္ခသည်များ ထပ်မံ ထွက်ပြေးနေရ

E-mail Print
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော ကရင်ရွာသားများသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) က တပ်သားသစ် စုဆောင်းမှုကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးနေကြရသည် ဟု ကယ်ဆယ်ရေး အဖွဲ့များက ပြောဆိုသည်။

အဆိုပါ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ သလီဖိုးကွီး နှင့် ကွီးလေ ကျေးရွာ ဒေသခံများသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထ ဆောင်ယမ်းမြို့နယ် ဘက်သို့ မကြာသေးခင်က ထွက်ပြေးလာသူပေါင်း ၃၀ ကျော်ရှိသည်ဟု လယ်ပေါ်ဟဲ စခန်း ဥက္ကဌ စောတာစူးညား က ဧရာဝတီသို့ ပြောသည်။

“ထွက်ပြေးလာတာကတော့ တယောက်ပြီးတယောက် ထွက်ပြေးလာတယ်။ အစုလိုက်အပြုံလိုက် ထွက်ပြေးလာ လို့မရဘူး၊ တချို့ကတော့ မိန်းမ အရင်လာတယ်၊ ပစ္စည်းတွေလည်း ထမ်းလာလို့မရဘူး၊ အသိတွေဆီသွားမယ် ပြောပြီး ထွက်ပြေးလာကြရတယ်”ဟု ၎င်းက ဆိုသည်။

အလားတူပင် လွန်ခဲ့သည့် ဇူလိုင်လတွင် ၎င်းမြို့နယ်အတွင်းရှိ မဲ့လာအားခီး၊ ၀ါးမီးကလာနှင့် ကျော်ကေးထ ကျေး ရွာဒေသခံ အိမ်ထောင်စု ၈၀ ခန့်ထွက်ပြေးလာခဲ့သည်။ ထွက်ပြေးလာသူပေါင်း လူဦးရေ ၅၁၇ ဦးရှိခဲ့ပြီး ယခု ထပ်မံ ရောက်ရှိလာခြင်းဖြစ်သည်။

ဒေသခံများသည် DKBA တပ်များက တပ်သားသစ် စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေကြေးရိက္ခာ တောင်းခံ ခြင်းများ ပြုလုပ်နေသောကြောင့် ထွက်ပြေးလာကြရသည်ဟု စောတာ စူးညားက ပြောပြသည်။

DKBA နှင့် နီးစပ်သူတဦးကလည်း လူငယ်ဆိုပါက စစ်သားလုပ်ကြရပြီး ကရင်အချင်းချင်း ပြန်တိုက်ရသော ကြောင့် မတိုက်ချင်ဘဲ ထွက်ပြေးကြရသည်ဟု ဆိုသည်။

“တိုက်ရတာလည်း ကရင်အချင်းချင်းဆိုတော့ ဘယ်သူမှလည်း ရဲဘော်မလုပ်ချင်၊ ဘယ်သူမှလည်း အထုတ်အပိုး တွေ မထမ်းချင်ဘူး၊ အဲဒါကြောင့်ပြေးနေတာ”ဟု ၎င်း DKBA နှင့် နီးစပ်သူက ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်အစိုးရသည် DKBA ကို ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ပြောကြားခဲ့ရာ DKBA က သဘောတူခဲ့သည်။ DKBA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ် အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးယူထားသည်။

လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများသည် မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်း တပ်များက ကရင် အမျိုး သားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ(၇) မှတပ် စခန်းများကို ဇွန်လဆန်းပိုင်းမှ စတင်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့သည့် နေရာများလည်း ဖြစ်သည်။

တိုက်ပွဲများကြောင့် ကရင်ဒုက္ခသည် စုစုပေါင်း ၄၀၀၀ ကျော်သည် ထိုင်းနိုင်ငံ မဲ့သဝေါနှင့် မဲ့သလေ မြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။ ထို့အပြင် (KNLA) ၏ တပ်မဟာ ၇ နယ်မြေမှ စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် မြန်မာ့ တပ်မတော်နှင့် (DKBA) ပူးပေါင်း တပ်များက ကရင်ပြည်နယ် မြောက်ပိုင်းရှိ KNLA အခြေစိုက် စခန်းများကို လာမည့်လတွင် ထိုး စစ်ဆင်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အနီး သံလွင်မြစ် တလျှောက်ရှိ KNLA တပ်မဟာ ၅ ဒေသမှ စခန်းများကို ထိုးစစ်ဆင် ကြမည်ဖြစ်ရာ KNLA ကလည်း ၎င်းတို့၏ စခန်းများကို အလွယ်တကူ လက်လွတ် ဆုံးရှုံးခံမည် မ ဟုတ်ဘဲ ပြန်လည်ခုခံ တိုက်ခိုက်ရန် အသင့်ပြင်နေသည်။

မြန်မာစစ်အစိုးရသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ထိုင်းမြန်မာနယ်စပ် တလျှောက်တွင်ရှိသော KNU လက် အောက်ခံ KNLA  ထိန်းချုပ်ရာဒေသများကို အပြီးသတ်ရှင်းလင်းတိုက်ခိုက်ရန် ရည်ရွယ် ထားကြောင်း သိရ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်