အမေရိကန် ကိုယ်စားလှယ်များ နှင့် NLD တွေ့ဆုံ

E-mail Print
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင်များနှင့် အမေရိကန် အောက်လွှတ်တော် အမတ်များ၏ အရာရှိ ၃ ဦးတို့ ယနေ့ တွေ့ဆုံကာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားကိစ္စကို ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါကိုယ်စားလှယ် ၃ ဦးသည် ယနေ့ ညနေ ၄ နာရီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ရုံးခန်းတွင် အချိန် ၁နာရီကျော်ကြာ တွေ့ဆုံခဲ့ကြကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“လူသားချင်း စာနာထောက်ပံ့ အကူအညီပေးရေး အတွက် အဓိက လာတာပါ၊ ဒါပေမယ့် ကျနော်တို့နဲ့ တွေ့တဲ့ အချိန်မှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ သိချင်တာတွေရှိတယ်လို့လည်း သူတို့  ပြောတယ်၊ ပထမပြောတာ က နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ထောင်တွင်း နေထိုင်ရတဲ့ အခြေအနေတွေကို မေးပါတယ်၊ အဲဒီမှာ ထောင် အတွေ့အကြုံရှိတဲ့ ဦးခင်မောင်ဆွေ၊ဦးအုန်းကြိုင်တို့က ပြန်ပြောပြပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် လက်ရှိ နေထိုင်နေရသော အခြေအနေနှင့် ထိန်းသိမ်းခံထားရသည့် အခြေအနေများကို မေးမြန်းကြောင်း၊ ပေါ်လစီပြောင်းလဲရေးအတွက် စဉ်းစားသုံးသပ်နေပြီး မြန်မြန်ဆန်ဆန်  အပြောင်းအလဲ ဖြစ်မည် မထင်ဟု ယင်းအဖွဲ့က မှတ်ချက်ပေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဦးဉာဏ်ဝင်းက “ကျနော့်အမြင်ကတော့ ပေါ်လစီပြောင်းလဲဖို့အတွက်သူတို့က အချက်အလက်လာရောက်ရှာတဲ့ အဖွဲ့လို့ မြင်ပါတယ်” ဟု ပြောသည်။

ယမန်နေ့ နေ့လယ် ၁၂း၃၀ နာရီကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ အချိန် ၂ နာရီကျော် တွေ့ဆုံခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပုံမှန် စစ်ဆေးပေးနေကျ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် ဆက်လက် ကုသခွင့်ရရန်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂျင်မ် ၀က်ဘ် ပြောဆိုရေးသားနေသော အကြောင်းအရာများသည် အမေရိကန် အိုဘားမား အစိုးရ၏ မူဝါဒ အဖြစ် မယူဆကြောင်း ပြောဆိုသည်ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားကြောင့် ရုံးတင် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။ ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ထိုသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လည်းကောင်း ဖြစ်သည်ဟု အာဏာပိုင်တို့က ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်