နိုင်ငံရေး လှုပ်ရှားခွင့် NLD တောင်းဆို

E-mail Print
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တရားဝင်နိုင်ငံရေးပါတီ ဖြစ်သည့်အတွက် ပါတီ ရုံးခန်းများ ပြန်လည် ဖွင့်လှစ် ပေးပြီး စည်းရုံး လှုပ်ရှားခွင့်များပေးရန် ယမန်နေ့က ကြေညာချက် ထုတ်ပြန်၍ အာဏာပိုင်များကို တောင်းဆို လိုက်သည်။

ယင်း ကြေညာချက်သည် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ တောင်းဆိုသော စာကို အများ ပြည်သူသိရှိရန် ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်၌ မကွေးတိုင်း ပခုက္ကူမြို့တွင် မှတ်ပုံတင်ထားခြင်းမရှိသော နိုင်ငံရေး ပါတီအဖွဲ့ အစည်း တခုက စုဝေးခြင်း၊ ဆိုင်းဘုတ် တင်ခြင်း၊ စည်းရုံးခြင်း၊ အစည်းအဝေးများ ပြုလုပ်ခြင်းတို့ လုပ်ဆောင်နေကြောင်း၊ သို့သော်လည်း တရားဝင်ပါတီ ဖြစ်သော NLD ပါတီ၏ တပြည်လုံးရှိ ရုံးများကိုမှု ပိတ်ထားရသည့်  အပြင် စည်းရုံးခွင့်လည်း မပေးသည့် အတွက် တရားမျှတခြင်းမရှိသဖြင့် ယခုကဲ့သို့တောင်းဆိုခြင်း ဖြစ်ကြောင်း ပါရှိသည်။

NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက“ဒီကြေညာချက်က ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ရေးနဲ့ မသက်ဆိုင်ပါဘူး၊ နိုင်ငံရေး ပါတီတရပ်က နိုင်ငံရေးလှုပ်ရှားခွင့် ရှိရမယ်၊ လှုပ်ရှားခွင့်မရလို့ လှုပ်ရှားခွင့်ရအောင် တင်ပြတဲ့တောင်းဆို စာပါ၊ NLDက လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရက ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ တိကျသော သဘောထားကိုလည်း NLDက ထုတ်ပြန်ခြင်း မရှိသေးပေ။

ပခုက္ကူမြို့မှ NLD အဖွဲ့ဝင် တဦးက “ပါတီ မှတ်ပုံတင်ခွင့် ဥပဒေ မထွက်သေးဘဲနဲ့ အရင်လ ၁၉ရက်က ပခုက္က်ူနဲ့ ဂန့်ဂေါခရိုင်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဆိုတဲ့ အဖွဲ့က တရားဝင် ဆိုင်းဘုတ် တင်တာ တွေရှိတယ်၊ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်တာ ဖြစ်နိုင်ပါတယ်၊ တစညနဲ့ NLDကလွဲလို့ တခြားပါတီတွေက ပါတီ မှတ်ပုံတင် မရှိသေးတော့ သူ့နည်းသူဟန်နဲ့ လုပ်တာတော့ရှိပါတယ်၊ NLD ရဲ့ရုံးကတော့ အခုချိန်ထိ ဖွင့်ခွင့် မရသေးဘူး” ဟု ပြောသည်။

NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အသိမှတ်ပြုခြင်း မရှိသည့် အပြင် ပါတီဝင်များကို အတင်းအကျပ်ဖိအားပေး နုတ်ထွက်စေခြင်း၊ ရုံးခန်းများကို ချိတ်ပိတ်ခြင်းများကိုပြုလုပ်ခဲ့သည်။

စစ်အစိုးရက NLD ပါတီ အဓိက ခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င် NLD ပါတီဝင်ပေါင်း ၄၇၉ ဦး ကို ထောင်သွင်း အကျဉ်းချထားကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP) အရ သိရသည်။

မြန်မာပြည်ရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၂၁၁ ဦးရှိကြောင်းလည်း AAPP က ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်