၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မွန်နိုင်ငံရေး ပါတီသစ်ဖွဲ့

E-mail Print
စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို မွန်ပြည်သစ်ပါတီ ခေါင်းဆောင် ဟောင်းများက ပါတီထောင်၍ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ဟောင်းများဖြစ်သော နိုင်မြင့်ဆွေ၊ နိုင်လ ရီဂါကောင်၊ နိင်တင်အောင် နှင့် နိုင်စိုးမြင့် အပါအ၀င် အခြားသော မွန်လူမှုရေးအဖွဲ့ခေါင်းဆောင် ၁၀ ဦး ခန့်ပါဝင်သည့် ရွေးကောက်ပွဲ လုပ်ငန်းကော်မတီ ကို ဖွဲ့စည်းထားသည် ဟု နီးစပ်သူများက ဧရာဝတီကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက မော်လမြိုင်မြို့ရှိ မွန်ပြည်သစ် ပါတီရုံးတွင် အဆိုပါမွန်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်အစိုးရ၏ နိုင်ငံရေးပါတီများ တရားဝင်မှတ်ပုံတင်ခွင့်နှင့် ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်လာပါက ပါတီ မှတ်ပုံတင် မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ၀င်မည့် ခေါင်းဆောင်များလည်း မွန်ပြည်သစ်ပါတီမှ နုတ်ထွက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

စစ်အစိုးရကပြုလုပ်သည့် ရွေးကောက်ပွဲအား ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဟု ယခုနှစ် စောစောပိုင်းကကြေညာ ထားသော် လည်း ပါတီခေါင်းဆောင်တချို့ကို အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ပြီး ရွေးကောက်ပွဲဝင်ရန် ခွင့်ပြုထားသည် ဟု မွန်ပြည် သစ် ပါတီ နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ရွေးကောက်ပွဲလုပ်ငန်းကော်မတီနှင့် မွန်ပြည်သစ်ပါတီခေါင်းဆောင်တချို့သည် လာမည့်ရွေးကောက်ပွဲ အတွက် ပူးပေါင်း ဆောင်ရွက်မှုများရှိသည်ဟုလည်း ဆိုသည်။

“မွန်လူထုကလာမေးတယ်၊ ရှေ့ဆက်ပြီးဘာလုပ်ဖို့အစီအစဉ်ရှိလဲ၊ ရှေ့လုပ်ငန်းစဉ်ဘာလဲလို့ လာလာပြီးမေးကြတယ်၊ လူထုက တော်တော်လေးစိတ်ဝင်စားတယ်”ဟု အဆိုပါ ရွေးကောက်ပွဲလုပ်ငန်းကော်မတီဝင် တဦးက ပြောသည်။

သို့ရာတွင် ရွေးကောက်ပွဲ လုပ်ငန်းကော်မတီ အနေဖြင့် အသေးစိတ်မပြောနိုင်သေးကြောင်း ၊ရွေးကောက်ပွဲ ဥပဒေကို စောင့်နေကြကြောင်းသိရသည်။

“မွန်ပြည်သစ်ပါတီက ဆက်ပြီး လက်နက်ကိုင်ထားမယ်၊ ကျနော်တို့ကတော့ ရွေးကောက်ပွဲဝင်မယ်လို့ဗျူဟာချထားတယ်၊ ဒီလမ်းကြောင်းက အမှန်ဆုံးပဲ”ဟု နိုင်တင်အောင်ကပြောသည်။

ယခုကဲ့သို့ လာမည့် ၂၀၁၀ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြင်ဆင်မှုများသည် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်ပိုင်းတွင် အမြင်မတူမှုများ ရှိလာနေပြီဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။

၂၀၁၀ ရွေးကောက်ပွဲသည် သန့်ရှင်းပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်လာလိမ့်မည် မဟုတ်ဟုလည်း မွန်ပြည်သစ် ပါတီအတွင်းရှိ တချို့သော ခေါင်းဆောင်များက ယူဆနေကြသည်။

မွန်ပြည်သစ်ပါတီ အတွင်ရေးမှူး နိုင်ဟံသာကမူ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်သည် တိုင်းရင်းသား လူမျိုးစုများ၏ အခြေခံ အခွင့်အရေးများမပါရှိကြောင်း၊ စစ်တပ်အုပ်စိုးမှုကိုသာ ဆက်လက်ခွင့်ပြုထားခြင်းသာဖြစ်ကြောင်း ပြောသည်။

အရှေ့တောင်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး ဇွန်လ နောက်ပိုင်းတွင် ပြန်လည်အကြောင်းပြန်ရန် ပြောဆိုပြီးချိန်မှ စ၍ မွန်ပြည်သစ်ပါတီက ၎င်းတို့ ၏ တရားရုံးများကို ထိန်းချုပ်ရာ ပိုင်နက်ဒေသများသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ပါတီဝင် အများစုအနေဖြင့် ၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့်သဘောတူညီခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လည်းမပျက်ပြား စေချင်သကဲ့သို့ မွန်ပြည်သစ်ပါတီ ၏ တပ်ဖွဲ့ဝင်များအား စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေးကိုလည်း သဘောမတူ ဟုသိရသည်။

မွန်ပြည်သစ်ပါတီတွင် အင်အား ၇၀၀ခန့် ရှိသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်