လုံခြုံရေး တင်းကျပ်၊ ဒေါ်အောင်ဆန်းစုကြည် မကျေနပ်

E-mail Print
ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏နေအိမ်နှင့် အနီးဝန်းကျင်တွင် စစ်အစိုးရ အာဏာပိုင်များ ချမှတ်ထားသော တင်းကျပ်လွန်းသည့် လုံခြုံရေး အစီအစဉ်များသည် “ယဉ်ကျေးမှုအရ” မသင့် လျော်ကြောင်း ပြောကြားလိုက် သည်။    

ယမန်နေ့က အယူခံ လျှောက်လဲချက်အတွက် သွားရောက်ဆွေးနွေးခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်း သို့ပြောကြားလိုက်သည်ဟု ရှေ့နေ ဦးဉာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။

“မသင့်တော်တဲ့ကိစ္စဆိုတာက သူတို့က အမျိုးသမီး ၃ ယောက်ပဲ ရှိတယ်၊ အိမ်ခြံဝန်းကြီးထဲမှာ၊ အဲဒီတော့ သူတို့ တယောက်ယောက်က အိမ်ရဲ့အပြင်ထွက်တာနဲ့ အဲဒီခြံအပြင်က စောင့်ကြည့်တဲ့လူတွေက မှတ်တယ် တားတယ်၊ ဒီဥစ္စာဟာ ယဉ်ကျေးမှုအရ မသင့်တော်ဘူးလို့ ပြောတယ်”ဟု ၎င်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အ၀င်အထွက်များကိုလည်း လုံခြုံရေးအဖွဲ့ဝင်များက ကိုယ်ခန္ဓာအပေါ်တွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အယူခံအတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ၎င်းအပါဝင် ဦးလှမျိုးမြင့်၊ဒေါ်ခင်ဌေးကြွယ်၊ ဦးကြည်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် အချိန် ၂ နာရီခန့်ကြာ ဆွေးနွေးခဲ့ကြကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ အယူခံလွှာတွင် ဥပဒေကြောင်းဆိုင်ရာ အချက် ၁၁ ချက်ပါဝင်သည်ဟု သိရှိရသည်။ သို့သော် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေဆိုင်ရာ နှင့် ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပါဝင်သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။  

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့ တွင် လက်ခံခဲ့ပြီး လျှောက်လဲချက် ကြားနာရန် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ရုံးချိန်းပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သော သြဂုတ်လ ၁၁ရက်နေ့တွင် တိုင်းတရားရုံးက နေအိမ် အကျယ်ချုပ် ၁နှစ်ခွဲ ချမှတ်ခဲ့သည့် အပေါ် ယခုကဲ့သို့ အယူခံဝင်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ရာ၌ နေအိမ်ခံဝန်ချက် စည်းကမ်း ၈ ချက်တွင် သက် ဆိုင်ရာ ခွင့်ပြုချက်ဖြင့် ဧည့်သည် တွေ့ခွင့် ရှိမည် ဆိုသော အချက်ပါရှိသည်။

တချိန်တည်းမှာပင် ဘန်ကောက်နှင့် မြန်မာပြည်ရှိ နိုင်ငံခြား သံတမန်များကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိရေး အတွက် စစ်အစိုးရကို တောင်းဆိုထားကြောင်း သံအမတ်ကြီးများကလည်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံ သား ဂျွန် ဝီလျံ ယက်ထော ကြောင့် ရုံးတင်တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရ ခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်