မနိုဘယ်အေး တိုက်ပိတ်ခံရ

E-mail Print
အသည်းရောဂါ ဝေဒနာ ခံစားနေရသည့် နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေး (ခေါ်) မနှင်းမေအောင်သည် မုံရွာ အကျဉ်းထောင်တွင် တိုက်ပိတ် ခံထားရကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး

အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

မနိုဘယ်အေးအား မည်သည့်အတွက်ကြောင့် တိုက်ပိတ်ခံနေရခြင်းဖြစ်ကြောင်း မသိရှိရသေးပေ။

AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က “ပြီးခဲ့တဲ့ ဇွန်လကလည်း နိုင်ငံရေးအကျဉ်းသား ၅ ဦးကို အင်းစိန်ထောင်မှာ အကြောင်းပြချက်မရှိဘဲ တိုက်ပိတ်ခဲ့တယ်၊ အခုလည်း ဘာအကြောင်းပြချက်မှ မပေးဘဲ တိုက်ပိတ်ထားတယ်လို့ သိရတယ်” ဟု ဧရာဝတီကို ပြောသည်။

မနိုဘယ်အေးသည် အသည်းရောင်အသားဝါ ရောဂါ ဝေဒနာကို အင်းစိန်ထောင်တွင် ရှိကတည်းက ခံစား နေခဲ့ရပြီး ယခု မုံရွာထောင်တွင် သူ၏ရောဂါဝေဒါနာ ပိုမိုခံစားနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

မနိုဘယ်အေး၏ မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းက သမီးဖြစ်သူ၏ မည်သည့်သတင်းကိုမှ ယခုထိ မကြားသိ ရသေးဟုဆိုသည်။ ၎င်းအနေနှင့် လာမည့် ၁၆ ရက်နေ့တွင်မှ မနိုဘယ်အေးကို ထောင်ဝင်စာ သွား တွေ့ရမည်ဖြစ်ကြောင်း ပြောသည်။

၈၈ မျိုးဆက်သစ် ကျောင်းသား အဖွဲ့ဝင် တဦးလည်း ဖြစ်သည့် မနိုဘယ်အေးသည် ၂၀၀၇ ခုနှစ် သြဂုတ်လ အတွင်း လောင်စာဆီဈေးနှုန်း ရုတ်တရက်မြင့်တက်ခဲ့မှုနှင့် ပတ်သက်ပြီး ဆန္ဒပြရာတွင် ပါဝင်ခဲ့မူကြောင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားခဲ့ရသည်။ ထို့မှ တဆင့် ဖေဖော်ဝါရီလတွင် မုံရွာထောင်သို့ ပို့ဆောင် ခံခဲ့ရသည်။

မနိုဘယ်အေးသည် ၁၉၉၈ ခုနှစ် စက်တင်ဘာလ တွင် ပထမအကြိမ် ဖမ်းဆီးခြင်း ခံခဲ့ရပြီး ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခံခဲ့ရသည်။  ထို့နောက် ၂၀၀၅ ခုနှစ် ဇူလိုင် တွင် ပြန်လည် လွတ်မြောက်လာခဲ့ကာ ၂၀၀၇ သြဂုတ်လတွင် ပြန်လည် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဇွန်လ အစောပိုင်းက အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၅ ဦးသည် “စစ်ခွေးတိုက်” ဟု ခေါ်သည့် အလုံပိတ် တိုက်ခန်းများ အတွင်းတွင် တလကြာ ပိတ်လှောင် ခံထားရပြီး မိသားစုနှင့်လည်း အဆက် အသွယ် မရရှိကြကြောင်း AAPP က သတင်းထုတ်ပြန်ခဲ့သေးသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်