မွန်ခေါင်းဆောင်တဦးကို အာဏာပိုင်တို့ သတိပေး

E-mail Print
အာဏာပိုင်တို့က ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွေး ပြောဆိုနေသည့် မွန်ခေါင်းဆောင် တဦးဖြစ်သူ မင်းနွယ်စိုးကို စက်တင်ဘာ ၂၃ ရက်နေ့က ခေါ်ယူပြီး ပြည်ပအခြေစိုက် အဖွဲ့များနှင့် ဆက်သွယ်ခြင်း မပြုရန် သတိပေးလိုက်သည်ဟု မွန်တိုင်းရင်းသား သတင်းရပ်ကွက် အဆိုအရ သိရသည်။

မင်းနွယ်စိုးသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် ဇွန်လက စုစည်းခဲ့သော မွန်ခေါင်းဆောင် ၁၅ ဦးတွင် တဦး အပါအ၀င် ဖြစ်သည်။ အဆိုပါ စုစည်းမှုတွင် အပစ်ရပ်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ ခေါင်းဆောင်ဟောင်းများလည်း ပါဝင်သည်။

ပြီးခဲ့သည့် လများအတွင်း ထိုင်းမြန်မာနယ်စပ်တွင် ပြုလုပ်သည့် မွန် နိုင်ငံရေးသမား အများအပြား စုဝေး တိုင်ပင်ကြသည့် ဆွေးနွေးပွဲများကို မင်းနွယ်စိုးလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။ ဆွေးနွေးပွဲများတွင် လက်ရှိ မွန်တိုင်းရင်းသားတို့၏ အခြေအနေများ၊ မြန်မာပြည်နိုင်ငံရေး အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။

မင်းနွယ်စိုးသည် စက်တင်ဘာလဆန်းပိုင်းတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတခုကို တက်ရောက်ခဲ့ခြင်း မရှိကြောင်း ထိုအစုအဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ အာဏာပိုင်တို့က သူ့အား ပစ်မှတ်ထားခဲ့ခြင်းမှာ မင်းနွယ်စိုးသည် ထိုအစုအဖွဲ့၏ ဦးဆောင်သူတဦး ဖြစ်သည့်အပြင် မုဒုံမြို့နယ်ရှိ လူငယ်ပိုင်းကို ခေါင်းဆောင်မှု ပေးနေသောကြောင့် ဖြစ်သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ယခုအခါ အဆိုပါ အစုအဖွဲ့မှ ဦးဆောင်သူများသည် မွန်ပြည်နယ်အတွင်း လှည့်လည်ပြီး ရွေးကောက်ပွဲတွင် ၎င်းတို့ မည်သို့မည်ပုံ ပါဝင်နိုင်မည် ဆိုသည်ကို ရှင်းပြနေကြသည်။ သို့သော်လည်း ရွေးကောက်ပွဲဥပဒေ ပေါ်ထွက်လာခြင်း မရှိသေးသဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးကို ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။

မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တချို့က ၁၄ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော အပစ်အခတ်ရပ်စဲမှု၏ အကျိုးအမြတ်များကို လက်လွှတ်လိုခြင်း မရှိသဖြင့် ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။  သို့သော်လည်း ခေါင်းဆောင် တချို့ကမူ ရွေးကောက်ပွဲသည် လွတ်လပ်မျှတမည်မဟုတ်ဟု ယူဆကြပြီး စစ်အစိုးရ၏ အစီအစဉ်များက ရိုးသားမှု မရှိဟု မြင်ကြသည်။

ဤအတောအတွင်း အာဏာပိုင်တို့က မွန်ပြည်သစ်ပါတီခေါင်းဆောင်များကို မွန်ပြည်နယ်အတွင်း စည်းရုံးရေး လုပ်ငန်းများ မပြုလုပ်ရန် ပြောဆိုလျက်ရှိသည်။

သြဂုတ်လ ၂၈ရက်နေ့က မော်လမြိုင်မြို့တွင် ပြုလုပ်သည့် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေး နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက သထုံမြို့ ဒေသအတွင်း စည်းရုံးရေး ဆင်းခြင်း မပြုရန် တားမြစ်ပေးရေးအတွက် တောင်းဆိုခဲ့သည်။

မြန်မာ့တပ်မတော် ထိန်းချုပ်ရာ ဒေသများအတွင်း အခွန်ကောက်ခြင်း၊ တရားစီရင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို မပြုလုပ်ရန် တိုင်းမှူးက မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်ဟု ဆိုသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ၏ လက်နက်ကိုင်အဖွဲ့ကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေးနှင့် ပတ်သက်ပြီး သဘောတူ ညီချက် တစုံတရာ မရရှိခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်