Facebook ကို အနုပညာရှင်များလည်း အသုံးများလာ

E-mail Print
လူထုကြားထဲသို့ အလျင်အမြန် စီးဝင်နိုင်သော ဆက်သွယ်မှုတခုအဖြစ် ကမ္ဘာပေါ်ရှိလူသန်းပေါင်းများစွာ အသုံးပြုနေသော Facebook ကို မြန်မာနိုင်ငံမှ နာမည်ကျော် အနုပညာသမား များလည်း အသုံးပြုနေကြောင်း တွေ့ရသည်။

“Facebook ကိုအားရင် အားသလိုသုံးဖြစ်ပါတယ်။ အနုပညာသမားတွေအတွက် အများကြီး အထောက်အကူဖြစ်လို့ပါ၊ ပရိသတ်လည်းတိုးတာပေါ့” ဟု သရုပ်ဆောင်၊ အဆိုတော် ၀ိုင်းစုခိုင်သိမ်းက ဧရာဝတီကိုပြောသည်။


အသက် ၂၅ နှစ်အရွယ် အမေရိကန်နိုင်ငံသား တဦးက Facebook ကို ဖန်တီးခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် အင်တာနက်ပေါ်သို့ စတင်လွှင့်တင်ခဲ့ပြီးသည့်နောက် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတ၀န်းလုံး သုံးစွဲလာခဲ့ခြင်း ဖြစ်သည်။

“အကောင့်ဖွင့်ထားတာ ၃ လပဲရှိသေးတယ်။ သုံးတာ တရက်မှ မပြတ်သေးဘူး။ ကျနော်တို့တွေအတွက် အများဆုံး အ ထောက်အပံ့ပေးတယ်။ အိုဘားမားတောင် Facebook ကနေ မဲဆွယ်တာ အောင်မြင်ခဲ့တယ်။ နောက်ပိုင်း ရှိုးတွေ ကိုလည်း Facebook ကပဲ ကြော်ငြာဖို့ စဉ်းစားထားတယ်” ဟု ရီမစ္စ တေးသံရှင် သားစိုးက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံမှ နာမည်ကြီးသရုပ်ဆောင်၊ အဆိုတော်အများစုမှာ ယခင်က ကိုယ်ပိုင် ၀က်ဘ်ဆိုက်များ လုပ်ထား သော်လည်း ၎င်း ၀က်ဘ်ဆိုက်များပေါ်သို့ လာရောက်သူ နည်းပါးလာသောကြောင့် နောက်ပိုင်းတွင် လူအများ အသုံးပြုလွယ်သည့် Facebook ကိုအသုံးပြုလာကြခြင်း ဖြစ်သည်။

“တကယ်တမ်း မြန်မာပြည်က ၀က်ဘ်ဆိုက်တွေက သေချာလုပ်ပေးနိုင်တာ ရှားပါတယ်။ နှစ်စဉ်ကြေးသာ ပေးနေရတာ လူထုနဲ့တကယ်ထိတွေ့နိုင်တဲ့ Facebook ကျတော့ တနိုင်လေးပဲလေ” ဟု သားစိုးက ဆက်ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာဘလော့ဂါ တဦးကလည်း ယခုနောက်ပိုင်း ကိုယ်ပိုင် ၀က်ဘ်ဆိုက်များ အလုပ်နည်းလာသည် ကို တွေ့ရသည်ဟု ဆိုသည်။

“ဖြစ်နိုင်တာတခုက ကိုယ်ပိုင်ဆိုက်တွေက ငွေကြေး အကုန်အကျခံပြီး ထိန်းသိမ်းရသေးတယ်။ Facebook လို Social Networking တွေကျတော့ ခဏအတွင်းမှာပဲ လူသိများတယ်။ ကိုယ်ပိုင်ဆိုက် တခုအနေနဲ့ ထိန်းသိမ်းရတာလည်း မခက်ဘူး” ဟု သူက ဆက်ပြောသည်။

Facebook ၌ နာမည်ကြီး အနုပညာသမားများ အများဆုံး ကြုံတွေ့နေရခြင်းမှာ အကောင့်အမည်ကို ဆင်တူယိုးမှား ပြုလုပ်၍ အယောင်ဆောင် အသုံးပြုနေကြခြင်းဖြစ်သည်။

“Facebook မှာ ကျနော့်နာမည်သုံးပြီး ကောင်မလေးတွေကို ရည်းစားစကား လိုက်ပြောထားတယ်။ ကောင်မလေး တ ယောက်ဆို သားစိုးအတုနဲ့ ရည်းစားဖြစ်နေတယ်လေ” ဟု သားစိုးက ဆိုသည်။

Facebook သည် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး ဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် မိန်းကလေးများ အနေနှင့် ကိုယ်ရေး အချက်အလက်များ ထည့်သွင်းထားမည်ဆိုလျှင် မသမာသူများ၏ရန်ကို အထူးသတိပြုသင့်ကြောင်း၊ Facebook တွင် အမေရိကန် ဗဟို ထောက်လှမ်းရေး (CIA) မှ လူတချို့ ရှယ်ယာအနေဖြင့် ပါဝင်နေသောကြောင့် သတိထား၍ အသုံးပြုသင့်ကြောင့် ၎င်းက ဆက်ပြောသည်။

၎င်းအပြင် မကြာသေးမီက ဆီဒိုးနားဟိုတယ်၌ ပြုလုပ်သွားခဲ့သည့် မွေးနေ့ပွဲသို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် တက်ရောက်ခဲ့ပြီး ကားတစီး မွေးနေ့ လက်ဆောင်အဖြစ် ရရှိသည် ဟူသော သတင်းများကြောင့်လည်းကောင်း၊ နာမည်ကြီး သရုပ်ဆောင် ဟစ်(ပ်) ဟော့ (ပ်) အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ ချစ်သူ အဖြစ်လည်းကောင်း လူအများစိတ်ဝင်စားခြင်းကို ခံနေရသည့် မော်ဒယ် သရုပ်ဆောင် ၀တ်မှုန်ရွှေရည်၏ ဆင်တူရိုးမှား အမည်များပေးကာ Facebook ပြုလုပ်၍ ၎င်း၏ဓာတ်ပုံများဖြင့် အယောင်ဆောင် သုံးစွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“သူငယ်ချင်းတွေက ကျမ အကောင့်အစစ်ကိုသိတော့ သူတို့တွေ ပြန်ပြောကြလို့ သိတာပါ။ ကျမကို မဟုတ်တာ ဘာမှ လျှောက်မရေးဘူး ဆိုရင် ပြီးတာပါပဲ” ဟု ၀တ်မှုန်ရွှေရည်က ဧရာဝတီသို့ ပြောသည်။

Facebook ကဲ့သို့ လုပ်ဆောင်ရည်မကွာခြားလှသော Twitter ၊ Hi5 စသည်တို့သည်လည်း ကိုယ်ပိုင်စာမျက်နှာများကို အလွယ်တကူ တည်ဆောက်နိုင်သကဲ့သို့ တယောက်နှင့်တယောက် အပြန်အလှန်စကားပြောခြင်း၊ ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယိုများ တင်၍ဖလှယ်ခြင်း စသည်တို့အပြင် အချိန်မရွေးကိုယ်ပိုင်စာမျက်နှာကို ဖျက်ပစ်နိုင်သည်။ Facebook က အမျိုးအစားပိုမိုစုံလင်စွာ အသုံးပြုနိုင်ခြင်းကြောင့် အဆိုပါ Twitter ၊ Hi5 တို့ထက် အသုံးများကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်