ရန်ကုန်ယူနိုက်တက် အရောင်းဆိုင် ဖွင့်တော့မည်

E-mail Print
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်သည့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း (YUFC) ၏ အမှတ်တရပစ္စည်း အရောင်းဆိုင် မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှတ်တရဆိုင်ကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်၊ ဆူးလေဘုရားလမ်းပေါ်ရှိ ထူး ကုမ္ပဏီပိုင်ဆိုင်သော မြန်မာရှော့ပင်းမောလ်တွင် Collector’s Store အမည်ဖြင့် ဖွင့်လှစ်မည် ဖြစ်ကြောင်း YUFC ၏ အမှုဆောင်အရာရှိ ဦးစိုင်းခင်မောင်အေးက ပြောသည်။

ယင်း အမှတ်တရဆိုင်တွင် ထိုင်းနိုင်ငံလုပ် YUFC တံဆိပ်ပါ အားကစားအင်္ကျီ အမျိုးမျိုး၊ မိုးကာအင်္ကျီ၊ ဘောလုံး၊ အိမ်ကွင်းဝတ်နှင့် အဝေးကွင်းဝတ် အသင်းဂျာစီ၊ မတ်ခွက်၊ လေမှုတ်ရိုက်တံ၊ ရင်ဘတ်တံဆိပ် အစရှိသည့် ပစ္စည်းများ ရောင်းချမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် အသင်း ၈ သင်းအနက် YUFC အသင်းက ပထမဆုံးအကြိမ် အရောင်းဆိုင် ဖွင့်လှစ်ခြင်းဖြစ်သည်။

“ဦးတေဇက အခုလိုဆိုင်ဖွင့်ဖို့ ပြောထားတာ စက်တင်ဘာလ ကတည်းကပါ။ အခုမှ အကောင်အထည် ဖော်နိုင်တာ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိမြန်မာနေရှင်နယ်လိဂ်ပွဲစဉ် အမှတ်ပေးဇယားတွင် အောက်ဆုံး နားတွင် ရှိနေပြီး ရမှတ် ၄ မှတ်သာရသေးသည်။

YUFC အမှတ်တံဆိပ်ပါ ထိုင်းနိုင်ငံလုပ် ပစ္စည်းများကို ရောင်းချမည့် YUFC Brand အထူး အရောင်းပွဲတော်ကို ဒဂုံစင်တာတွင် အောက်တိုဘာ ၁၆၊ ၁၇၊ ၁၈ရက်များ၌ နံနက် ၁၀ နာရီမှ ည ၇ နာရီထိ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် YUFC အသင်းက အသင်းနှင့်ပတ်သတ်သော သတင်းများပါဝင်သည့် အပတ်စဉ်ထုတ်နှင့် လစဉ်ထုတ် စာစောင်များ ထုတ်လုပ်ဖြန့်ချိသွားဦးမည်ဟုလည်း သိရသည်။

ထို့အတူ စီးပွားရေးလုပ်ငန်းရှင်ကြီး တဦးဖြစ်သည့် ယုဇနဦးဌေးမြင့် ပိုင်ဆိုင်သော ဆောက်သမ်း မြန်မာ အသင်းသည်လည်း ၎င်းအသင်းရုံးတည်ရှိရာ ယုဇန ဟိုတယ်တွင် အသင်းအမှတ်တရပစ္စည်းများ ရောင်းချရန် စီစဉ်နေကြောင်း သိရပြီ ရတနာပုံ FC အသင်းကလည်း မဂ္ဂဇင်းတစောင် ထုတ်ဝေထားသည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းများကို ပိုင်ဆိုင်သူများမှာ မြန်မာစစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်ပြီး အများစုမှာ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ခြင်း ခံနေရသူများ ဖြစ်ကြသည်။

ယခုကဲ့သို့သော ပုဂ္ဂလိက ဘောလုံးအသင်းများကို နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထူထောင်ခိုင်းခြင်းဖြစ်ပြီး ဘောလုံးအသင်း ပိုင်ရှင်များကို ရွေးကောက်ပွဲဝင်စေရေးအတွက် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ထူထောင်ခိုင်းခြင်းဖြစ်သည်ဟု အတည်မပြုနိုင်သည့် သတင်းများ၏ အဆိုအရသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်