NLD ၏ နိုင်ငံရေးအမြင် EU ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမေးမြန်း

E-mail Print
ဥရောပ သမဂ္ဂ (EU) နှင့် အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ အပါအဝင် ကိုယ်စားလှယ်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကို ယမန်နေ့က တွေ့ဆုံပြီး၂၀၁၀ ရွေးကောက်ပွဲ၊ စီးပွားရေး ပိတ် ဆို့မှုရုပ်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခွင့် စသည့်အချက် ၃ ချက်နှင့် ပတ်သက်၍ သဘော ထားအမြင်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

ယမန်နေ့က NLD ဗဟို အလုပ်အမှုဆောင်(CEC)မှ ဦးဝင်းတင် အပါအဝင် အဖွဲ့ဝင် ၆ ဦးနှင့် လက်ရှိ EU ဥက္ကဌ တာဝန်ယူထားသော ဆွီဒင် သံအမတ် ဦးဆောင်မှုဖြင့် ရန်ကုန်အခြေစိုက် ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ သံတမန်များအပါအဝင် ကိုယ်စားလှယ် ၂၀ တို့သည် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ မွန်လွဲပိုင်း ၂ နာရီ ခွဲ မှ စတင်၍ အချိန် ၁ နာရီ ကျော်ကြာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ၆ ဦး မှာ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဆွေ နှင့် ဦးဝင်းတင်တို့ ဖြစ်ကြောင်း သိရသည်။    

ယင်းသို့တွေ့ဆုံရာတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ NLD ၏ သဘောထား၊ ဒေါ်အောင်ဆန်း စုကြည်က စီးပွားရေးပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက် သည့်အပေါ် NLD ၏ သဘောထားနှင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးကို NLD က တောင်းဆိုခြင်းသည် အာဏာခွဲဝေရေး ရည်ရွယ်ချက်(သို့မဟုတ်) မည်သည့် ရည်ရွယ်ဖြစ်ကြောင်း အချက် ၃ ချက်ကို မေးမြန်းခဲ့သည်ဟု ထိုဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ NLD ဗဟို အလုပ်အမှုဆောင်(CEC)အဖွဲ့ဝင် ဦးခင်မောင်ဆွေ ကပြောပြသည်။

ဦးခင်မောင်ဆွေ က“နံပါတ် (၁) မေးခွန်းကိုတော့ တရားဝင်ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်အတိုင်း အခုအချိန်အထိ ရပ်တည်ထားပါတယ်၊ တကယ်လို့ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီ ဥပဒေ ထွက်လာလို့ စဉ်းစားကြရမယ်ဆိုရင် အဆင့်ဆင့်သော ခေါင်းဆောင်တွေနဲ့ ညီလာခံခေါ်ယူပြီးတော့ ဆုံး ဖြတ်မယ်ဆိုတာကို ရှင်းပြတယ်၊ ဒါကလည်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ တွေ့ခွင့်ရှိမှ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ပါတယ်”ဟု  ပြန်လည်ဖြေဆိုခဲ့ကြောင်း ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်သော NLD ရွှေဂုံတိုင်ကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သုံးသပ်ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး အလွှာ အသီးသီး ပါဝင်နိုင်ရေးနှင့် နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် ဟူသော အချက်များအား စစ်အစိုးရ က လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း သဘောထား ဖော်ပြခဲ့သည်။

စီးပွားရေး ပိတ်ဆို့မှုရုပ်သိမ်းရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ကိစ္စအပေါ် NLD ခေါင်းဆောင်များအားလုံးက သဘောတူညီကြောင်း ဖြေဆိုခဲ့သည်ဟု သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခွင့်တောင်းဆိုခြင်းမှာ နိုင်ငံရေးအာဏာရယူရန် မဟုတ်ကြောင်းနှင့်  ပြည်သူများကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရန် ဦးဆောင်ပေးရေးအတွက် ဖြစ်သည်ဟု ပြောကြားခဲ့  ကြောင်းလည်း ဦးမောင်ဆွေက ဆိုသည်။

စစ်အစိုးရက ၎င်းတို့ စိတ်ကြိုက် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ၂၀၀၈ ခုနှစ် မေလတွင်  လူထုဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုချက်အရ ထောက်ခံမဲ ၉၀ ရာနှုန်းကျော်ရရှိကြောင်း ကြေညာခဲ့သည်။

ယမန်နေ့က လာရောက်တွေ့ဆုံသော သတမန်များတွင် ရန်ကုန်အခြေစိုက် သံတမန်များအပြင် စပိန်၊ နယ်သာလန်၊ ပိုလန်၊ ဖင်လန် သံတမန်များ ပါဝင်ကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို ကူညီနိုင်ရန် သဘောထားဖြင့် လာရောက်ခြင်းဖြစ်သည့်အတွက် အကျိုး တစုံတရာ ရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

“အခုလို နိုင်ငံတကာကို ကျနော်တို့ ပါတီရဲ့ ရပ်တည်ချက်တွေကို ပြောခွင့်ရတဲ့အတွက် ကြိုဆိုရမှာဖြစ် ပါ တယ်၊ နိုင်ငံရေးပြဿနာတွေကော အခြေခံဥပဒေဆိုင်ရာ ပြဿနာတွေအားလုံးကို ရွှေဂုံတိုင်စာတမ်းပါ အတိုင်းပဲ တွေ့ဆုံဆွေးနွေးအဖြေရှာမှသာ အားလုံးက အဖြေတွေ့နိုင်မယ်၊ အဲဒီအတွက် တွေ့ဆုံဆွေးနွေး ရေးကို အရောက်သွားဖို့လိုပါတယ်၊ ပြီးမှသာ ရွေးကောက်ပွဲဆိုတာ စဉ်းစားရမယ့်အနေအထားဖြစ်တယ်”ဟု ၎င်း က ဆိုသည်။

အလားတူ ပြီးခဲ့သည့်အပတ် သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၾသစေတ်းလ်၊ အမရိကန်နှင့် ဗြိတိန် သံအမတ် သုံးဦးတို့ သည်လည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထို့နောက် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်