သဘာဝဘေး ကာကွယ်ရေး လေ့ကျင့်မှု မြစ်ဝကျွန်းပေါ်တွင် ပထမဆုံးပြုလုပ်

E-mail Print
နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ် ဒေသတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကာကွယ်နိုင်ရန်အတွက် လေ့ကျင့်မှုတရပ်ကို ကမ္ဘာ့ဘေးအန္တရာယ် လျော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် ပထမ ဆုံး အကြိမ် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အစိုးရမဟုတ်သော အကူအညီပေးရေး NGO အဖွဲများ ဖြစ်သည့် မင်္ဂလာမြန်မာအဖွဲ့၊ Mercy Malaysia အဖွဲ့နှင့် အာဆီယံဟု အမည်ပေးထားသောအဖွဲ့တို့ ပူးပေါင်း၍ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သော ဒေးဒရဲမြို့နယ်နှင့်ဘိုကလေး မြို့နယ်တို့တွင် ပြုလုပ်ခြင်းဖြစ်ပြီး သဘာဝဘေးဒဏ်ကျရောက်လာခဲ့လျှင် အရေးပေါ်လုပ်ဆောင်ရမည့် လုပ်ငန်း များအား သင်တန်းပေးခြင်း၊ လေ့ကျင့် ခြင်းများကို ပြုလုပ်ခဲ့ကြောင်း မင်္ဂလာမြန်မာ နာဂစ်မုန်တိုင်း အကူအညီ ပေးရေးအဖွဲ့မှ အဖွဲ့ဝင်တဦးကပြောသည်။

“တကယ်တမ်း ဘေးအန္တရာယ် ကျလာရင် ပြေးဖို့နေရာတွေ လမ်းကြောင်းတွေကို ပြပေးထားတယ်၊ အချက်ပေးမှု တွေပြုလုပ်ထားတယ်”ဟု ၎င်းက ဆိုသည်။

ယခင်ကတည်းကပင် သဘာဝဘေးအန္တရယ်နှင့် ပတ်သက်ပြီး သင်တန်းများပေးနေကြောင်း၊ ယခု သင်တန်းများ သည် သဘာဝဘေးအန္တရာယ်များ အားလုံးနှင့်သက်ဆိုင်ကြောင်း၊ အဆိုပါလေ့ကျင့်မှုများ ပြုလုပ်နေ သည့်ဒေသ များသည် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ကို ဆိုးဝါးစွာခံခဲ့ရသည့် နေရာများ ဖြစ် ကြောင်း လည်း မင်္ဂလာ မြန်မာအဖွဲ့ဝင်က ရှင်းပြသည်။

ဤလေ့ကျင့်မှုတွင် အင်္ဂလန်နိုင်ငံအခြေစိုက် DEFID အဖွဲ့၊ အာဆီယံ အဖွဲ့ နှင့် Mercy Malaysia အဖွဲ့တို့ပါဝင် ကြောင်းသိရသည်။

ယမန်နေ့ကလည်း မြန်မာနိုင်ငံအပါအ၀င် အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်နေသည့် နိုင်ငံပေါင်း ၁၈နိုင်ငံတွင် အိန္ဒိယ သမုဒ္ဒရာအတွင်း ဆူနာမီကြိုတင် သတိပေးလေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်း ဆူနာမီကြိုတင် သတိပေးလေ့ကျင့်ခန်းများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဋ္ဌာန သို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိ ပေ။

သဘာဝဘေးအန္တရာယ်များအား ကြိုတင်သတိပေးသော လေ့ကျင့်ခန်းများ ပြုလုပ်ရာတွင် စစ်အစိုးရ ပူးပေါင်း ဆောင်ရွက်ခြင်းမှာကောင်းမွန်သော လက္ခဏာဖြစ်ကြောင်း၊ယခုအခါ ထိုင်းနိုင်ငံတွင်လည်း ပြီးခဲ့သည်လက ဆူနာမီသတိပေး လေ့ကျင်ခန်းများ ပြုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် မြန်မာနိုင်ငံသားများ၏ ပညာရေးနှင့် ဖွံဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကိုလှဖုန်းကပြောသည်။

“အစိုးရပါဝင်လာတာကို ကြိုဆိုတယ်၊ ထိုင်းမှာဆိုရင်လည်း အစိုးရရော လူထုရော တက်တက်ကြွကြွကို လုပ် တယ်”ဟု ၎င်းက ဆိုသည်။

ဤကဲ့သို့ လေ့ကျင့်ခန်းများကို ထိုင်းနိုင်ငံတွင် တနှစ်လျှင် နှစ်ကြိမ်ပြုလုပ်ကြောင်း၊ပင်လယ်ကမ်းခြေရှိ ရွာများတွင် ဆူနာမီသတိပေးသည့် အချက်ပေးကရိယာများကို တပ်ဆင်ထားခြင်း၊ ဆူနာမီသတိပေးချက်ကိုလည်း ထိုင်း ၊ အင်္ဂလိပ်၊ တရုတ်နှင့် ဂျပန်ဘာသာများဖြင့် ကြေညာ ပေးသည်ဟုသိရသည်။

ပြီးခဲ့သည့်လ ၃၀ရက် နေ့ကလည်း ဆာမိုအာ ကျွန်းစုများ အနီးတွင်ငလျင်လှုပ်ခတ်မှုကြောင့်၊ ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်လာသည့်အတွက် သတိပေးချက်များ ထွက်ပေါ်လာသေးသည်ဟု ကိုလှဖုန်းက ပြောသည်။

“အဲ့သည့်ညက အရေးပေါ်ဥသြဆွဲလို့ အရေးပေါ်ပစ္စည်းတွေနဲ့ လူတွေ ကမ်းစပ်နဲ့ဝေးတဲ့ ကားလမ်းမပေါ်မှာ အများ ကြီးပဲ၊ ပြေးလာကြတာ”ဟု ၎င်းက ပြောပြသည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ဆူနာမီဘေးဒဏ်ကြောင့် အာရှတိုက်နှင့် အာဖရိကတိုက်ရှိ နိုင်ငံပေါင်း ၁၂နိုင်ငံ မှ လူပေါင်း၂၃၀၀၀၀ ခန့် သေကျေပျောက်ဆုံးခဲ့ရာ ထိုင်းနိုင်ငံတွင် လူပေါင်း ၅၃၉၅ ဦး သေဆုံးခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ရွာပေါင်း၂၉ ရွာ၊ အိမ်ခြေပေါင်း ၆၀၁ အိမ် ပျက်စီး၍ လူပေါင်း ၆၁ ဦး သေဆုံး ခဲ့သည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်