အာဆီယံ ညီလာခံတက်ရန် အတိုက်အခံတဦး ရွေးချယ်ခံရ

E-mail Print
ထိုင်းနိုင်ငံ တောင်ပိုင်း ချာ့အမ်းမြို့တွင် ကျင်းပလျက်ရှိသော အာဆီယံ လူထုအဖွဲ့အစည်းများ ဆိုင်ရာ အစည်းအဝေးတွင် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံ အတွက် ကိုယ်စားလှယ် အဖြစ် ပြည်ပ အခြေစိုက်မြန်မာအတိုက်ခံအဖွဲ့မှ ရွေးချယ်လိုက်ကြောင်း သိရသည်။

နိုင်ငံအလိုက် ကိုယ်စားလှယ် တဦးကို ရွေးချယ်ရာ၌ မြန်မာအစိုးရ ကျောထောက်နောက်ခံပြု ကိုယ်စားလှယ် များ က လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး မဆွေးနွေးနိုင်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

ချာ့အမ်းမြို့၌ အောက်တိုဘာ ၁၈ ရက်နေ့မှစတင်၍ ၃ ရက်ကြာကျင်းပနေသော Civil Society ခေါ် အာဆီယံ လူထု အခြေပြု လူမှုအဖွဲ့အစည်းများ ညီလာခံ(APF)တွင် လာမည့် အောက်တိုဘာ ၂၃ မှ ၂၅ ရက်နေ့ အထိ ကျင်း ပ မည့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲသို့ တက်ရောက်၍ အာဆီယံ နိုင်ငံ ခေါင်း ဆောင်များနှင့် တွေ့ဆုံရန် ပြည်ပအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် အဖွဲ့ ၏ ဥက္ကဌ မခင်ဥမ္မာ ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

မခင်ဥမ္မာက“ကျမကို ရွေးလိုက်ပေမယ့် နအဖ ဘက်က ကန့်ကွက်ရင်တော့ ၀င်ခွင့်ရမှာမဟုတ်ဘူး၊ မနှစ်က လိုပဲ၊ ပြည်တွင်းက လာတဲ့လူတွေက သူတို့ဘက်က ပါနိုင်ဖို့တော့ ကြိုးစားတာပေါ့၊ ကျမတို့ နယ်စပ်က သွား တဲ့ သူတွေကတော့ ကိုယ့်တိုင်းပြည်မှာ ပြည်သူတွေ တကယ် ကြုံနေတဲ့ ပြဿနာတွေကို တကယ်တင်ပြနိုင် တယ် ဆိုရင် ဘယ်သူပဲ သွားသွားရတယ်၊ ပံ့ပိုးထောက်ခံဖို့ ၀န်မလေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

APF က ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း ထုတ်ပြန်သော ကြေညာချက်တွင်လည်း မြန်မာနိုင်ငံ လူ့အခွင့် အရေး နှင့် ပတ်သက်သည့် အခြေအနေများပါရှိပြီး ယင်းကြေညာချက်အား ထောက်ခံမှသာ ကိုယ်စားလှယ်ရွေးချယ် မည် ဖြစ်ကြောင်း သိရသည်။

ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ရန်၊ ၂၀၀၈ အခြေခံ ဥပဒေကို ပြန်သုံးသပ်ရန် စသည်တို့ ပါဝင်သည်ဟု မခင်ဥမ္မာ က ပြောပြသည်။

ယနေ့ နောက်ဆုံး ကျင်းပသော ယင်း အာဆီယံ လူထု အခြေပြု အဖွဲ့အစည်းများ ညီလာခံမှ ကြေညာချက် တစောင် ထုတ်ပြန်ရန် ရှိကြောင်း လည်းသိရသည်။

“ဒီနေ့ နောက်ဆုံးအခြေအနေက ကြေညာချက်ထုတ်ဖို့ရှိတယ်၊ အကြမ်းဖျင်း နိုင်ငံရေးနဲ့ လုံခြုံရေးခေါင်းစဉ် အောက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အဓိက အရေးကြီးတဲ့ အချက်တွေကို ဖော်ပြထားတယ်၊ ဆိုးဝါး တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ကလေးအလုပ်သမား၊ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တာ၊ ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့၊ ၂၀၀၈ အခြေခံ ဥပဒေကို ပြန်သုံးသပ်ဖို့ တို့ပါမယ်”ဟု မခင်ဥမ္မာ က ဆက်ပြောပြသည်။

ယမန်နေ့ကအထိ ကိုယ်စားလှယ်ရွေးရန်အတွက် အငြင်းပွားဖွယ်ဖြစ်နေသောကြောင့် အာဆီယံအဖွဲ့ကြီး အနေနှင့် သက်ဆိုင်ရာနိုင်ငံ ကိုယ်စားပြု လူထုအခြေပြု လူမှုအဖွဲ့ကိုယ်စားလှယ် ရွေးချယ်ရာတွင် ပွင့်လင်း မြင်သာမှုမရှိကြောင်း လေ့လာသူများက ဖေန်ပြောဆိုမှုများရှိ နေခဲ့သည်။

အာဆီယံ ပဋိညာဉ်အရ နိုင်ငံခေါင်းဆောင်များနှင့် လူထု အခြေပြု လူမှုအဖွဲ့အစည်းများ တွေ့ဆုံသည့် အစီ အစဉ်ကို ယမန်နှစ်က စတင်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စား ရွေးချယ်ခံခဲ့ရသည့် မခင်ဥမ္မာကိုဆွေးနွေးသည့်နေရာ သို့ ၀င်ခွင့်မပြုရန် မြန်မာအစိုးရ က ကန့်ကွက်ခဲ့သည်။

ထို APF ညီလာခံသို့ ယခုနှစ် ပြည်တွင်းက တက်ရောက်လာသော အဖွဲ့အစည်းများမှာ အစိုးရနှင့် မသက် ဆိုင်သည့် NGO အဖွဲ့အပြင် အမျိုးသမီးရေးရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့)နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့များ တက်ရောက် ကြောင်း သိရသည်။

အောက်တိုဘာ ၂၃ ရက်မှ စတင်သော ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲသို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည် ဖြစ်ကြောင်း စစ်အစိုးရ က ကြေညာထားသည်။

စင်ပြိုင်အာဆီယံအဖွဲ့မှ မစ္စ ဒက်ဘီ စတူးဟတ်ကမူ“အာဆီယံ ရှေ့တိုးဖို့ကြိုးစားနေပေမယ့် မြန်မာအစိုးရက ကန့်လန့်ဖြစ်နေတယ်၊ ဒါဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာကို အမြဲတမ်း ထိခိုက်စေပါတယ်”ဟု AP သတင်းဌာန သို့ ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်