ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

Weekly Eleven ရွေးကောက်ပွဲကဏ္ဍ အင်တာနက်ပေါ်က ဖြုတ်ချ

ယနေ့ နံနက်မှစတင်၍ Weekly Eleven ဂျာနယ် အင်တာနက်စာမျက်ပေါ်ရှိ  ရွေးကောက်ပွဲ သတင်း ကဏ္ဍကို ဖြုတ်ချလိုက် ကြောင်း သိရသည်။ အဆိုပါ ဂျာနယ် အင်တာနက် စာမျက်နှာသည် ရွေးကောက်ပွဲ မတိုင်မီ အကြိုကာလ သတင်းများ၊ ရွေးကောက်ပွဲ ကျင်းပ သည့်နေ့ အနယ်နယ် အရပ်ရပ်ရှိ မဲ မသမာမှုများ၊ မဲဆန္ဒရှင်များ၏ အမြင်များကို အချိန်အလိုက် ဖော်ပြပေးနေ သည့် တခုတည်းသော ပြည်တွင်းထုတ် ဂျာနယ်ဖြစ်သည်။
ရွေးကောက်ပွဲ သတင်းတို

RNDP က ကြံ့ဖွံ့ကို မဲအပြတ်အသတ်နှင့်နိုင်

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြည်သူ့ လွှတ်တော်တွင် ကြံ့ဖွံ့ပါတီမှ စာရေးဆရာ ကျွန်းသား ငမန်း (ဦးကောင်စံရွှီး) ကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) မှ ဦးမောင်ညိုက လည်းကောင်း၊ အမျိုးသား လွှတ်တော်တွင် RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ကြံ့ဖွံ့ပါတီမှ ဒေါက်တာ ချမ်းသာကို လည်းကောင်း၊ ပြည်နယ်လွှတ်တော်တွင် RNDP မှ ဦးအောင်မြ ကျော်က ကြံ့ဖွံ့ပါတီမှ ဒေါက်တာ စန်းရွှေကို လည်းကောင်း မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

မွန်ကိုယ်စားလှယ်လောင်းများ အားသာ

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ် ၂ ဦးသည် မော်လမြိုင်နှင့် မုဒုံမြို့နယ်တို့၌ ပြည်နယ်လွှတ်တော်တွင် အနိုင်ရကြောင်း၊ ဘုရားသုံးဆူတွင်လည်း ဦးနိုင်ချစ်ဦးက အမျိုးသားလွှတ်တော်တွင် အနိုင်ရရှိကြောင်း သိရသည်။ယင်းပါတီမှ ပါတီခေါင်းဆောင်တဦးက မွန်ကိုယ်စားလှယ် ၃၄ ဦးအနက် ထက်ဝက်ခန့်သည် အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တွင် အနိုင်ရမည်ဟု မျှော်လင့်ကြောင်း ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲရလဒ် အသိအမှတ်မပြုရန် ပြော

မဲရေတွက်ရာတွင် ရွေးကောက်ပွဲ ကော်မရှင်၏ ထင်သာမြင်သာ မရှိခြင်း၊ မရှင်းလင်းခြင်းတို့ကြောင့် ထွက်ပေါ်လာမည့် ရလဒ်ကို အတိုက်အခံပါတီများအနေဖြင့် အသိအမှတ်မပြုကြရန် NDF ပါတီက တိုက်တွန်းထားကြောင်း သိရသည်။ “မဲရေတွက်တဲ့ နေရာမှာရော၊ ကြိုတင်မဲ ကိစ္စတွေရောမှာ ဘာမှ ရှင်းလင်းတာမရှိလို့ တခြားပါတီတွေကို ရလဒ်ကို အသိအမှတ်မပြုကြဖို့ ပြောထားပါတယ်” ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရွှေပြည်သာတွင် မသမာသော မဲရေတွက်မှုရှိ

ရန်ကုန် ရွှေပြည်သာမြို့နယ်တွင် အဓမ္မကြိုတင်မဲ ကောက်ယူထားမှုနှင့် မသမာသော မဲရေတွက်မှုများ ရှိခဲ့ကြောင်း တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်သိန်းဝင်းက ပြောသည်။ “ကျမ မဲ ၃ သောင်းကျော်ရတာ ၁ သောင်းခွဲ ကျော်ကျော်ကို ပယ်မဲအဖြစ် သတ်မှတ်တယ်။ ကြံ့ဖွံ့ပါတီရဲ့ မဲတွေကတော့ တခုမှ ပယ်မဲ မရှိပါဘူး။ သူတို့ မဲတွေမှာတော့ အမှန်ခြစ်တွေက တာဝတိံသာ ရောက်နေလည်း ပယ်မဲမဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

စာရင်းမရှိသဖြင့် မဲမထည့်ရသူများနှင့် တဦးတည်း မဲ ၈ မဲ ထည့်သွားသူ သန်လျင်တွင်ရှိ

သန်လျင်မြို့နယ် အောင်ချမ်းသာ ရပ်ကွက်မှ ပြည်သူတချို့ မဲသွားထည့်ရာ မဲရုံစောင့်သူက မဲစာရင်း မရှိကြောင်း ပြောသဖြင့် မဲထည့်ခွင့် မရခဲ့ကြောင်း၊ အဆိုပါမြို့နယ် ညောင်သုံးပင် ကျေးရွာတွင်လည်း လူတဦးတည်းက မဲ ၈ မဲ ထည့်သွားကြောင်း လေ့လာသူ များက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

သန်လျင် ဘော့သပြေကန်ရွာတွင် အသက်မပြည့်သူများပါ မဲပေးရ

သန်လျင်မြို့နယ် ဘော့သပြေကန်ရွာတွင် အသက် ၁၈ နှစ် မပြည့်သေးသူများကိုပါ အတင်းအကျပ် မဲထည့်ခိုင်းကြောင်း၊ အသက် ၁၃ နှစ်အရွယ် ကလေးများပင် ပါဝင်ကြောင်း ဒေသခံများကပြောသည်။ အဆိုပါရွာ မဲရုံအမှတ် ၄ တွင် အိန္ဒိယတိုင်းသားများကို သီးသန့်စု၍ ကြံ့ဖွံကိုသာ မဲပေးခိုင်းကြောင်း၊ ကြံ့ဖွံ့ပါတီဝင်များက ကျေးရွာအတွင်း ၎င်းတို့ပါတီကိုသာ မဲထည့်ရန်နှင့် မထည့်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကြောင်းလည်း လေ့လာသူများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

လေးမျက်နှာက ကြိုတင်မဲစာရင်းတွင် သံဃာတော်နှင့် လူသေ အမည်များ ပါဝင်

ဧရာဝတီတိုင်း လေးမျက်နှာ မြို့နယ်တွင် ကြိုတင်မဲ စာရင်းများ၌ သံဃာတော်များနှင့် သေဆုံးပြီးသူများ၏ အမည်များပါ ပါဝင်နေကြောင်း၊ မဲရေသည့်အချိန်တွင်လည်း စောင့်ကြည့်ခွင့်မရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ ဒေသတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ၃ ခုစလုံး၌ ကြံ့ဖွံ့ပါတီက အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ပဲခူးတိုင်း ကိုယ်စားလှယ် ၉ ဦး နေပြည်တော်ကို စာပို့

တရားမျှတမှုမရှိသည့် ကြိုတင်မဲများ ကောက်ယူခဲ့ခြင်း ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ကြံ့ဖွံ့ပါတီ မဲရုံစောင့် ကိုယ်စား လှယ်များကို ကြောက်ရွံ့နေရခြင်း ၊ တံခါးပိတ် မဲရေတွက်မှုများရှိခဲ့ခြင်းတို့ကြောင့် ၎င်းအပါအ၀င် ပဲခူးတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉ ဦးက နေပြည်တော်သို့ အိတ်ဖွင့်စာတစောင်ကို ပေးပို့မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဖြစ်စဉ်များသည် ပွင့်လင်း မြင်သာ မှု မရှိသည့်အပြင် မတရားမှုများ ဖြစ်ပွားခဲ့ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းဌေးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

မြ၀တီ တိုက်ပွဲဖြစ်၊ ဘားအံ လုံခြုံရေးတင်းကျပ်

မြ၀တီမြို့၌ နအဖ တပ်နှင့် DKBA ဗိုလ်နှုတ်ခမ်းမွေး တပ်များ ယနေ့ နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲ ဖြစ်ပွားနေပြီး ဘားအံမြို့တွင်လည်း စစ်အစိုးရ အာဏာပိုင်များက လုံခြုံရေး တင်းကျပ် ထားကြောင်း ဒေသခံ မျက်မြင်များက ပြောသည်။ “ရဲတွေ မြို့ထဲမှာ ပတ်နေပြီး ဒီမှာရှိတဲ့ နယ်ခြားစောင့်တပ် ပြန်ဝင်မလား ဆိုပြီး စိတ်မချဘူး ဖြစ် နေတယ်” ဟု ၎င်းက ဆိုသည်။ ဘားအံမြို့ပေါ်နှင့် လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကားများလည်း မြ၀တီဘက်သို့ ထွက်ခွာ သွားကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

လားရှိုးတွင် မဲပုံးသယ်သည့်ကား မှောက်၊ မဲပုံးများ ပျောက်

လားရှိုးမြို့နယ် ၁၂ ရပ်ကွက်ရှိ မဲရုံအမှတ် ၃ မှ မဲပုံးများ သယ်ဆောင် သွားသည့် ကားမှာ ယမန်နေ့ ညနေက တိမ်းမှောက်မှုဖြစ် ပွားခဲ့ကြောင်း သတင်း ရရှိသည်။ ကားပေါ်တွင် လိုက်ပါသွားသည့် မဲရုံစောင့် ဆရာ၊ ဆရာမများမှာ ယခုအခါ လားရှိုး ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း၊ ထို ကားပေါ်တွင် ပါသွားသည့် မဲပုံးများလည်း ပျောက်ဆုံးနေသဖြင့် မြို့ခံများက စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း လားရှိုး မြို့ခံတဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

မိုးကုတ်တွင် မဲမပေးသူများပြား၊ ကြံ့ဖွံ့နိုင်

မိုးကုတ်မြို့တွင် ကြံ့ဖွံ့ပါတီက မဲအရေးအတွက် ၁၀၀၀၀ ကျော်ဖြင့် နိုင်ကြောင်း သတင်းရရှိသည်။ မိုးကုတ် ဒေသခံ အများစုမှာ မဲထွက် မပေးကြကြောင်း ဒေသခံတဦးက ပြောပြသည်။
Page 3 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်