အိန္ဒိယ-မြန်မာ ကုလားတန်မြစ် စီမံကိန်းတိုးချဲ့မည်

E-mail Print
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြန်မာ စစ်အစိုးရနှင့် အိန္ဒိယနိုင်ငံတို့က ပူးပေါင်း၍ ကုလားတန် မြစ်ဆိပ်ကမ်း စီမံကိန်းများကို တိုးချဲ့ပြုလုပ်ရန် ပြင်ဆင်နေသည်ဟု ရခိုင်မြစ်ချောင်းများ ကွန်ယက် အဖွဲ့ (ARN) က ယနေ့ပြောဆို လိုက်သည်။

အဆိုပါ ARN က ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် International Center - IC ခန်းမ၌ ယနေ့ ကုလားတန် မြစ် ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတရပ်ပြုလုပ်ပြီး ထုတ်ဖော် ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လူ့ အခွင့်အရေး ချိုးဖောက်မှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို အဓိကထားပြီး အစီရင်ခံစာ ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု ARN မှ ဒါရိုက်တာ အောင်မန်းဦးက ဧရာဝတီသို့ပြောသည်။

စီမံကိန်းထဲတွင် စစ်တွေမြို့ရှိ ဆိပ်ကမ်းကို တိုးချဲ့တည်ဆောက်ရန်၊ မြစ်ထဲတွင် သဲသောင်များကို တူးဖော်ရန် နှင့် ချင်းပြည်နယ်ရှိ ကလက်ဝမြို့မှ အိန္ဒိယနယ်စပ်အထိ လမ်းဖောက်လုပ်မှုများကို လာမည့် ဒီဇင်ဘာလတွင် စတင် မည်ဟု ၎င်းက ဆိုသည်။

စီမံကိန်းအတွက် ကုန်ကျသည့် ငွေကြေးများကို (The India Ministry of External Affairs ) အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနက ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဆောက်လုပ်မည့် ကုမ္ပဏီ ၅ ခုကိုလည်း လာမည့်လအတွင်း အဆုံးအဖြတ်ပေးမည်ဟု သိရသည်။

မြန်မာ အစိုးရအာဏာပိုင်များက လမ်းဖောက်လုပ်မှုကို တာဝန်ယူ၍ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

“ဒီစီမံကိန်းက နယ်စပ်ကုန်သွယ်ရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အင်မတန် အရေးပါတဲ့ စီမံကိန်း ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့မှ ထင်ရှားသည့် စီးပွားရေး ပညာရှင်တဦးဖြစ်သူ ခင်မောင်ညို (ဘောဂဗေဒ)က ဧရာဝတီကို ပြောသည်။

ထို စီမံကိန်း ပြီးစီးပါက အိန္ဒိယသို့ ပို့ကုန်များစွာ တင်ပို့နိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ARN မှ အောင်မန်းဦးကမူ ယင်း ကုလားတန်မြစ် ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသဖွံ့ဖြိုးမှုများ တိုးတက် လာသကဲ့သို့ ဒေသခံ ပြည်သူများ အနေနှင့် ဆိုးကျိုးများလည်း ရလာနိုင်သည်ဟု ထောက်ပြသည်။

“ဒေသခံပြည်သူလူထုအတွက်လည်း မျက်စိပွင့်နားပွင့်လာမယ် နိုင်ငံတကာနဲ့ ချီပြီးတော့ အင်တာနက် အီးမေးလ် တစုံတရာ ဖွံ့ဖြိုးလာနိုင်တယ်လို့ပြောလို့ရတယ်၊ ဒါပေမယ့်လည်း ဆိုးကျိုးတွေလည်း ပိုများနိုင်တယ်၊ ဘာကြောင့် ပြောရသလဲဆိုတော့ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ ရေကာတာ တည်ဆောက်ရေးနဲ့ သဘာဝဓာတ် ငွေ့ က ရလာတဲ့ အကျိုးအမြတ်တွေကို သူတို့ပဲ ယူရတယ်၊ အဲဒါကြောင့် ဒီစီမံကိန်းဟာ ကောင်းကျိုးလည်း ရှိသလို ဆိုးကျိုးတွေလည်း ရှိတယ်”ဟု ၎င်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်