မြန်မာဇာတ်မင်းသမီး၏ စင်မြင့် ဖျော်ဖြေမှု လူပြောများနေ

E-mail Print

လူငယ်များကြားတွင် ရေပန်းစားခဲ့သည့် သီချင်းတပုဒ်ဖြစ်သော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ “တောဂေါ်လီ” သီချင်းဖြင့် အောက်တိုဘာ လအတွင်းက သြစတြေးလျနိုင်ငံ ပါ့သ်မြို့၌ ပြုလုပ်ခဲ့သည့် နာဂစ်ရန်ပုံငွေ ပဒေသာကပွဲမှ မြန်မာ ဇာတ်မင်းသမီး ဒါလီလင်း၏ စတိတ်ရှိုးဖျော်ဖြေမှုမှာ Youtube အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့လျက် လူပြောများ နေကြသည်။

ယင်းဖျော်ဖြေမှုအား ကြည့်ရှုရသည့် ပရိသတ်များက ၎င်းမှာ ရွှေတံဆိပ်ဆုရှင် မြန်မာမင်းသမီးတလက် အနေဖြင့် ယခုကဲ့သို့ဖျော်ဖြေမှုသည် မသင့်လျော်ကြောင်းစသဖြင့်လည်း ဝေဖန်ကြသည်။

“ကိုယ့်မြန်မာ့ရိုးရာစစ်စစ်ဆိုတာ ဒါပါလားလို့ နိုင်ငံတကာကသိသွားနိုင်မယ့် တင်ဆက်မှုမျိုးနဲ့သာပြသသင့်ပါတယ်။ နိုင်ငံခြားပရိသတ်တွေငတ်နေတာက  မြန်မာ့ရိုးရာလေ။ ဒါမျိုး Sexy ဆန်တာတွေက နိုင်ငံခြားအနေနဲ့ ကြည့်ရတာ ရိုးနေပါပြီ”ဟူ၍ အဆိုပါ ဗီဒီယိုကလစ်အား ကြည့်ရှုရသော ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးတဦးက ဧရာဝတီ ကိုပြောသည်။

ဖျော်ဖြေပွဲတွင် ဒါလီလင်းက  ဂါဝန်အတိုအကပ်ကို ၀တ်ဆင်ကာ တောဂေါ်လီသီချင်း၏ “အိုးလေးလှုပ်ပါဟေ့” ဟူသည့် စာသားနှင့် ကိုက်ညီရန် ကပြတင်ဆက်သွားရာ စင်အောက်မှ ပရိသတ်များ၏ အော်ဟစ် အားပေးသံများဖြင့် စည်ကား သွားခဲ့သည်။

မင်းသမီးဒါလီလင်းမှာ ၂၀၀၅ ခုနှစ် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ဆို၊ ငို၊ ပြော အကပညာရှင်အဆင့် ပထမဆု ရရှိထားသူဖြစ်ကာ လက်ရှိတွင် ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း ထူထောင်သည့် ရွှေမန်းသဘင် ဇာတ်အဖွဲ့တွင် နှစ်ပါးသွား မင်းသမီးအဖြစ် ကပြနေသူလည်းဖြစ်သည်။ ထို့အပြင် ဒါလီလင်း ဟူသော ဇာတ်အဖွဲ့ကိုလည်း ထူထောင် ထားသူ ဖြစ်သည်။

အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှ ရုပ်ရှင်၊ သဘင် အနုပညာရှင်များပါဝင်ကြပြီး ပြဇာတ်၊ အငြိမ့်၊ နှစ်ပါးသွား၊ စတိတ်ရှိုး စသည်ဖြင့် စုံလင်စွာ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထိုကဲ့သို့ နာဂစ်ရန်ပုံငွေအတွက် ပြည်ပရောက်မြန်မာများ၏ ဖိတ်ခေါ်မှုဖြင့် သွားရောက်ဖျော်ဖြေခဲ့သော ရှိုးပွဲများ၌ ပြီးခဲ့ သည့် ဇူလိုင်လက လန်ဒန်မြို့တွင်ပြုလုပ်ခဲ့သော နာဂစ်ရှိုးပွဲတွင် သရုပ်ဆောင် မိုးဟေကို ၏ ဖျော်ဖြေမှုသည်လည်း ယခုကဲ့သို့ လူသုံးများသော အင်တာနက် စာမျက်နှာဖြစ်သည့် Youtube တွင် ရေပန်းစားခဲ့ဖူးသည်။

သို့သော် မိုးဟေကိုမှာ ခေတ်ဆန်သူသရုပ်ဆောင် တဦးအနေဖြင့် ကျော်ကြားလာခဲ့သူဖြစ်သောကြောင့် ပရိသတ် အတွက် အထူးအဆန်း မဟုတ်သော်လည်း အငြိမ့်မင်းသမီး ဒါလီလင်းမှာ မြန်မာ့ အနုပညာရှင် မင်းသမီးအဖြစ် ပရိသတ်အမြင်၌ သိရှိထားသောကြောင့် ဝေဖန်ခြင်းဖြစ်ကြောင်းသိရသည်။

“မိုးဟေကိုနဲ့သူနဲ့က လိုင်းလည်းမတူဘူးလေ။ ဒီလိုလုပ်မှ ပရိသတ်အားပေးတာမဟုတ်ပါဘူး။ မြန်မာအကစစ်စစ်ကို အ ကောင်းဆုံး ကပြနိုင်ရင်တော်တော် ဂုဏ်ယူစရာကောင်းမှာပါ။ ဒါမျိုးတွေ ကနိုင်တဲ့သူက တပုံကြီးပါ။ တကယ့် မြန်မာ အကကို ကနိုင်မယ့်သူသာ ရှားတာပါ”ဟု ဒါလီလင်း၏ဖျော်ဖြေမှုအား ကြည့်ရှုရသည့် ပြည်ပရောက် အမျိုးသားတဦးက ဆိုသည်။

၎င်းအားဝေဖန်မှုများအပေါ် မင်းသမီးဒါလီလင်းက အနုပညာရှင်တဦးအနေဖြင့် ခေတ်နှင့်လျှော်ညီစွာ တင်ဆက် နိုင်ရမည်ဖြစ်ကြောင်း တသမတ်တည်းသွားမည်ဆိုလျှင် ရိုးအီသွားနိုင်ကြောင်း ပြောသည်။

“ပရိသတ် မျက်စိထဲမှာ ကောင်းတာပဲ မြင်မြင်၊ ဆိုးတာပဲမြင်မြင် ကျမ တင်ဆက်တဲ့ အနုပညာကို သူတို့ကြည့်လိုက်ရ တယ်ဆိုရင် ကျေနပ်ပါတယ်”ဟု သူက ဧရာဝတီသို့ ပြောသည်။

၁၉၈၀ နောက်ပိုင်း မြန်မာ့ ဇာတ်သဘင်တွင် မြန်မာ့ရိုးရာ စစ်စစ် ဇာတ်တော် ကြီးများကို တင်ဆက်မှု အားနည်းလာကာ ခေတ်ရေစီးကြောင်းကို လိုက်၍ တင်ဆက်မှုများတွင် ၀တ်စား ဆင်ယင်မှုပိုင်းမှ အစ ခေတ်လွန်ကာ ပေါ်ပေါ် ထင်ထင် တက်ဆက်မှုများ ရှိလာခဲ့ကြောင်း သိရသည်။

ဇာတ်မင်းသား၊ မင်းသမီးများမှာ နှစ်ပါးသွားများ၊ ဇာတ်တော် ကြီးများကို အပြိုင်အဆိုင် တင်ဆက် နိုင်ရန်လည်း အားထုတ်မှု မရှိတော့ဘဲ အနောက်တိုင်း စတိတ်ရှိုး တင်ဆက်မှု များကိုသာ ပြိုင်ဆိုင်လာကြသည်။

“မြန်မာ့ ဇာတ်သဘင်က တော်တော် ပျက်သွားတာပါ၊ နှစ်ပါးသွား တို့မှာတောင် ရိုးရာဆိုင်းဝိုင်း ကြီးတွေနဲ့ တီးတာမျိုး မရှိတော့ဘဲ ဒရမ်တွေ၊ ဂစ်တာတွေနဲ့ တီးတဲ့ အထိကို ဖြစ်လာတယ်၊ အထူးသဖြင့် မင်းသမီးတွေ မပေါ့်တပေါ် ၀တ်တာ တွေက အရမ်းဆိုးတယ်”ဟု စာရေးဆရာ ဆူးငှက်က ပြောသည်။

မြန်မာ့ဇာတ်သဘင်၏ အနှစ်သာရဖြစ်သော နှစ်ပါးသွား၊ ဇာတ်တော်ကြီးများကို ခေတ်လူငယ်များ စိတ်ဝင်စားမှု အား နည်းလာပြီး လူငယ်ကြိုက်ခေတ်ပေါ်များဖြင့် ရောနှောတင်ဆက်လာကြခြင်းမှာလည်း မြန်မာ့အနုပညာကို အဆင့် အ တန်းမြင့် ပြသလာနိုင်မှုမရှိခြင်းကြောင့်ဟုသိရသည်။

“ဓနိကာထားတဲ့ ဇာတ်ရုံတွေထဲမှာ ကျပ်ညှပ်ပြီး သန့်ရှင်းမှုမရှိတဲ့အခါကျတော့ အထက်တန်းမပြောနဲ့၊ လူလတ်တန်း စားတောင်မကြည့်ကြတော့ဘူး၊ ပရိသတ်လူတန်းစားနိမ့်သွားတော့ စင်ပေါ်က ဖျော်ဖြေတဲ့ လူကလဲ ပြက်လုံးကအစ ခါးအောက်ပြက်မှ ရယ်တယ်ပေါ့၊ အဆင့်အတန်းနိမ့်ကျလာတာပေါ့”ဟူ၍ စာရေးဆရာတဦးကလည်း ဆိုသည်။

ယခုအခါ ဓနိမိုး၊ ထရံကာ ဇာတ်ပွဲရုံများကိုပင် သက်ဆိုင်ရာအာဏာပိုင်များက မြို့လယ်ခေါင်တွင်ဖျော်ဖြေ တင်ဆက် ခွင့်မပေးတော့ဘဲ မြို့ပြင်များတွင်သာ ဖျော်ဖြေခွင့်ရကြတော့သည်။ Youtube တွင် တွေ့ရသည့်စင်မြင့်ဖျော်ဖြေပွဲ http://www.youtube.com/watch?v=ybQi0a7eOEg&feature=related

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်