“တားမြစ်ထားသော မြင်ကွင်းများ” စာအုပ် ထွက်ရှိ

E-mail Print
စစ်အစိုးရသည် ရှမ်းလူမျိုး အပါအ၀င် အခြား တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုများကို ဖိနှိပ် ချိုးဖောက်၍ စစ်အစိုးရက အစစ်ဟန် ဖန်တီးထားသော အတုအယောင် မြန်မာ့ ယဉ်ကျေးမှုဖြင့် အစားထိုးပုံစံချ နေကြောင်း ရှမ်း လူ့အခွင့် အရေး လှုပ်ရှားသူများက ဆိုသည်။

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် ဖလှယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) က ယနေ့ ဖြန့်ဝေသည့် “တားမြစ် ထားသော မြင်ကွင်းများ” အမည်ရှိ စာအုပ်တွင် ယင်းကဲ့သို့ ရေးသားထားသည်။

အဆိုပါစာအုပ်ကို ဖြန့်ဝေသည့် အချိန်သည် ရှမ်းနှစ်သစ်ကူးနှင့် တိုက်ဆိုင်လျက်ရှိပြီး အင်္ဂလိပ်၊ ရှမ်း၊ မြန်မာ ဘာသာ ၃မျိုးဖြင့် www.shanwomen.org အင်တာနက် စာမျက်နှာပေါ်တွင် ဖတ်ရှုနိုင်ကြောင်း သိရသည်။

စာအုပ်ထုတ်ဝေသည့် အကြောင်းနှင့် ပတ်သက်၍ ထုတ်ပြန်သော ကြေညာချက်တွင် SWANအဖွဲ့မှ ပြောခွင့်ရ မွန်းကိန်က “စစ်အစိုးရက ကျမတို့တွေရဲ့အခွင့်အရေး၊ နယ်မြေ၊ သဘာဝ အရင်းအမြစ်တွေ လုယူရုံတင် မကဘူး၊ ကျမတို့ သမိုင်းနဲ့ ယဉ်ကျေးမှုတွေကိုပါ ဖျက်ဆီးနေတယ်” ဟု ဆိုသည်။

ဒုတိယ ကမ္ဘာစစ်ဒဏ်ကြောင့် မပျက်စီး မယိုယွင်းဘဲ ကျန်ရှိနေသော ရှမ်း စော်ဘွားများ နေထိုင်ခဲ့သည့် ဟော်နန်းများကို ထိန်းသိမ်းမွမ်းမံခြင်းမရှိဘဲ ဖြိုချဖျက်စီးမှုများရှိခဲ့ကြောင်း ယင်းစာအုပ်တွင် ရေးသားထားသည်။

၁၉၉၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဖြိုချခဲ့သည့် ကျိုင်းတုံဟော်၊ ၁၉၀၀ အစောပိုင်းနှစ်များတွင် တည်ဆောက် ခဲ့သော သီပေါမင်းသား ဆာစ၀်ခဲ၏ စခန်းသာ နွေရာသီစံနန်း၊ ဟော်နန်းဖြစ်ကြောင်း သမိုင်းအထောက်အထား ဖော်ပြထားခြင်းမရှိဘဲ ပြတိုက် အဖြစ်ဖွင့်လှစ်ထားသည့် ညောင်ရွှေ ဟော်၊ ၁၀ စုနှစ်များစွာ စစ်တပ်က သိမ်းယူ ထားသည့် သိန္နီဟော် တို့ကို  ဥပမာပြု ဖော်ပြထားသည်။

“ယဉ်ကျေးမှု အမွေအနှစ်တွေရှိတဲ့နေရာကို လာရောက်လည်ပတ် နေပေမယ့် ပတ်ဝန်းကျင်မှာ ဖိနှိပ်မှုတွေ ရှိတယ်ဆိုတာကို ခရီးသွားတွေကို အသိပေးချင်တာပါ” ဟု မွန်းကိန်က ပြောသည်။

ထို့အပြင် ဒေသခံများကိုးကွယ်သည့် ဘုန်းကြီးကျောင်းများကို စစ်အစိုးရက ဖျက်ဆီးခဲ့သကဲ့သို့ အသစ် တည်ဆောက် ခဲ့သော ရှမ်းပြည်နယ် ကျိုင်းတုံ၊ ပင်လုံ၊ တာချီလိတ် ၊ ကွန်ဟိန်း၊ မိုင်းရိုင်၊ မိုင်းပန်တို့တွင်  တာချီလိတ်မှ ဘုရင်နောင် ရုပ်တု၊ အလောင်းဘုရား အမည်အစွဲ ပြုထားသော ကျိုင်းတုံရှိ သစ်တပင်တောင်ကုန်း၊ ရန်ကုန် ရွှေတိဂုံ ဘုရား၏ပုံတူများစွာတို့သည် အစစ်ဟန်ဖန်တီးထားသော အစားထိုးမှုများ ဖြစ်သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်၏ အသက်သွေးကြောဖြစ်သော သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်း၊ မြန်မာမှ တရုတ်ပြည်သို့ သယ်ယူပို့ဆောင်မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကြောင့် ရှမ်းပြည်၏ သဘာဝရှုခင်းများသည် ပျက်ပြားသွားနိုင်ကြောင်းလည်း ယင်းစာအုပ်တွင် ပါရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်