ရှမ်းနှစ်သစ်ကူးပွဲ ချင်းမိုင်တွင် စည်ကား

E-mail Print

ရှမ်းတိုင်းရင်းသား အများအပြား နေထိုင်သော ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ဘုန်းကြီးကျောင်း တခုတွင် ရှမ်းနှစ်သစ်ကူး ပွဲတော်ကို သုံးရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ချင်းမိုင်မြို့လယ်ရှိ ၀ပ်ကူထောက် ဘုန်းတော်ကြီး ကျောင်းဝင်း တခုလုံးတွင် ပွဲဈေးတန်းများ၊ ဧည့်ပရိသတ်များ၊ ရှမ်းအိုးစည်သံများဖြင့် သက်ဝင် လှုပ်ရှားနေသည်။ ဤပွဲကို နိုဝင်ဘာလ ၁၅ ရက်နေ့က အစပြုခဲ့ရာ ယနေ့သည် ပွဲတော် နောက်ဆုံးနေ့ ဖြစ်သည်။

ရှမ်းနှစ်သစ်ကူး ကာလ အထိမ်းအမှတ် ကောက်သစ်စားပွဲ၊  ရိုးရာ ယဉ်ကျေးမှု ပြပွဲ၊ အားကစားပြိုင်ပွဲ၊  စကားရည်လုပွဲ၊ ဟောပြောပွဲများ ပြုလုပ်နေသည်ကို တွေ့ရသည်။ ခေါင်းဆောင်ကြီးများ၊ ရှေးက စာဆိုများကို ပြန်သတိရစေရန် ၎င်းတို့အား ရည်စူးပြီး အလှူအတန်းများကို ပြုလုပ်ကြကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားတို့၏ ပြက္ခဒိန်အရ လာမည့် နှစ်သစ်သည် သက္ကရာဇ် ၂၁၀၄ ခုနှစ် ဖြစ်သည်။

ရှမ်းတိုင်းရင်းသား အများအပြား နေထိုင်သည့် ဒေသတွင် ပြုလုပ်ခြင်း ဖြစ်သောကြောင့် ရှမ်းပြည်နယ် အတွင်းမှ ပွဲတော်များနှင့် ဆင်တူသည်ဟု ချင်းမိုင်မြို့ရှိ  အလုပ်သမားများကို စာသင်ပေးနေသူ ရှမ်းတိုင်းသား ကျောင်းဆရာတဦးက ပြောသည်။
{slimbox images/multimedia/Shan-New-Year-2009/01.gif,images/multimedia/Shan-New-Year-2009/01-sm.gif, ကိန္နရီ ကိန္နရာ အကအတွက် ပြင်ဆင်နေသူများ (ဓာတ်ပုံ - လ၀ီ/ဧရာဝတီ); images/multimedia/Shan-New-Year-2009/02.gif,images/multimedia/Shan-New-Year-2009/02-sm.gif, ရိုးရာအကဖြင့် ကပြ ဖျော်ဖြေနေသည့် ရှမ်းအမျိုးသမီးတဦး (ဓာတ်ပုံ - လ၀ီ/ဧရာဝတီ); images/multimedia/Shan-New-Year-2009/03.gif,images/multimedia/Shan-New-Year-2009/03-sm.gif, ပွဲတော်အတွင်း ပျော်မြူးနေကြသော လူငယ်များ (ဓာတ်ပုံ - လ၀ီ/ဧရာဝတီ); images/multimedia/Shan-New-Year-2009/04.gif,images/multimedia/Shan-New-Year-2009/04-sm.gif, နေရပ်ရင်းမှ ဝေးကွာနေသော်လည်း နှစ်သစ်ကူးပွဲတော် ကျင်းပနိုင်သည့်အတွက် ၀မ်းသာ ဂုဏ်ယူနေသော ရှမ်းတိုင်းရင်းသူများ (ဓာတ်ပုံ - လ၀ီ/ဧရာဝတီ); images/multimedia/Shan-New-Year-2009/05.gif,images/multimedia/Shan-New-Year-2009/05-sm.gif, ဖျော်ဖြေပွဲကို သီချင်း ၃ ပုဒ် ဆက်တိုက် သီဆိုခြင်းဖြင့် စတင်လိုက်သော လူငယ်များ (ဓာတ်ပုံ - ဝါးရှီးဖော/ဧရာဝတီ); images/multimedia/Shan-New-Year-2009/06.gif,images/multimedia/Shan-New-Year-2009/06-sm.gif, သမိုင်းပြခန်းတွင် တွေ့ရသည့် ရှမ်းရိုးရာ အိမ်များ (ဓာတ်ပုံ - ဝါးရှီးဖော/ဧရာဝတီ); images/multimedia/Shan-New-Year-2009/07.gif,images/multimedia/Shan-New-Year-2009/07-sm.gif, ရွေးချယ် ၀ယ်ယူနေသူများ အကြိုက်တွေ့နေသည့် ပွဲဈေးတန်းရှိ ရိုးရာဝတ်စုံ အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ - ဝါးရှီးဖော/ဧရာဝတီ)}
“ဒီမှာကျတော့ ရှမ်းပြည်ကလိုမျိုး ကျယ်ကျယ် ပြန့်ပြန့်တော့ မလုပ်နိုင်ဘူးပေါ့။ ဒီမှာရှိတဲ့ လူငယ်တွေက သိပ် မအားကြဘူးလေ။ အလုပ်သမားတွေ များတာကိုး။ ဟိုမှာကျတော့ လူကြီးတွေရော လူငယ်တွေပါ စုံတော့ အများကြီး လုပ်လို့ရတာပေါ့” ဟု ဆရာစိုင်းက ဧရာဝတီသို့ ပြောသည်။

ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းနိုင်ရေး၊ ညီညွတ်မှု ရရှိရေးတို့အတွက် နှစ်သစ်ကူးပွဲများတွင် လူငယ်များကို ကိုယ်တိုင် ပါဝင် ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု ဆရာစိုင်းက ဆက်ပြောသည်။

ရှမ်းပြည်နယ်ရှိ စီးပွားရေး၊ နိုင်ငံရေး အခြေအနေများကြောင့် ဒေသခံများသည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အများအပြား ရောက်ရှိနေသည်။ ချင်းမိုင်မြို့တွင် ရရာအလုပ်ကို လုပ်ကိုင်နေကြသော ရှမ်းတိုင်းရင်းသား သိန်းနှင့်ချီ ရှိသည်ဟု သိရသည်။

ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်သော နှစ်သစ်ကူး ပွဲတော်တွင် ပြခန်းတခုကိုလည်း တွေ့ရသည်။

ရှမ်းယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော ရှမ်းစော်ဘွားများ၏ ဓာတ်ပုံများ၊ ၎င်းတို့၏ နန်းတော်ဟောင်း၊ ရှမ်းတို့၏ ရိုးရာပွဲတော်များဆင်နွှဲပုံ၊ ရိုးရာဝတ်စုံများ၊ အစားအသောက်၊  ဆေးဝါးပစ္စည်း၊ ရှေးဟောင်း ငွေကြေး စသည်တို့ကို သမိုင်းပြခန်းတွင် တွေ့ရသည်။

အဆိုပါ ပြခန်းတွင် ချင်းမိုင်မြို့ရောက် ရှမ်းတိုင်းရင်သားများ၊ မြန်မာပြည် ဒေသအသီးသီးမှ တိုင်းရင်းသားများ၊ နိုင်ငံခြားသား ဧည့်သည်များ ကြည့်ရှုလေ့လာ နေကြသည်ကို တွေ့ရသည်။

“သုံးရက် လုပ်တာပေါ့။ ပထမရက်မှာတော့ လူနည်းတာပေါ့  လူ တထောင် ကျော်လောက်ပဲ လာတယ်။ ဒုတိယရက်မှာတော့ လူ လေးထောင် ကျော်လောက် လာပါတယ်။ အဲဒါကြောင့် ဒီနေ့လည်း မျှော်လင့်ပါတယ် လူ တထောင်၊ နှစ်ထောင်လောက်တော့ လာကြမယ်လို့ ထင်တာပဲ” ဟု ပွဲစီစဉ်သည့် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ဒုတိယ အထွေထွေ အတွင်းရေးမှူး ယိင်းဟာန်ဖ က ပြောသည်။

ယမန်နေ့ညက ရှမ်းနှစ်သစ်ကို ကြိုဆိုသော အားဖြင့် ရှမ်းမောင်မယ်များက ရှမ်းရိုးရာ သီချင်း ၃ ပုဒ်ဖြင့် စုပေါင်း ဖျော်ဖြေကြသည်။ ထို့နောက် တိုးနယား အက၊ သိုင်းအက၊ ကိန္နရီ ကိန္နရာ အကများကို တွေ့ရသည်။ ရှမ်း အဆိုတော်ကြီးများကလည်း  ဧည့်ပရိသတ်များကို သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

“ကိုယ့်ရှမ်းပြည်မှာ တောင် ဒီလောက် လွတ်လွတ်လပ်လပ် မလုပ်နိုင်ဘူး။ နောက်ပြီး နိုင်ငံတကာမှာ ရောက်နေတဲ့ အခြားရှမ်းတွေ အပြင် နိုင်ငံခြားမှာ ပညာသင်နေတဲ့ သံဃာတော်တွေကလည်း ဒီလို ရိုးရာပွဲတွေ ကို ကျင်းပနိုင်တဲ့အတွက်လည်း ဂုဏ်ယူစရာ တခု ဖြစ်နေတယ်” ဟု ရှမ်းအမျိုးသမီးတဦးဖြစ်သူ ယိင်းဟာန်ဖက ဆက်လက် ပြောပြသည်။

ယခုနှစ်တွင် ကျရောက်သည့် ရှမ်းနှစ်သစ်ကူးပွဲကို ရှမ်းပြည်နယ် နေရာ အနှံ့အပြားတွင် ပြုလုပ်နေပြီး အမေရိကန်၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးရှား စသည့် နိုင်ငံများတွင်လည်း ကျင်းပလျက် ရှိကြောင်း သိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်