ရန်ကုန်ထုတ် ဂျာနယ် ၅ စောင် ထုတ်ဝေခွင့်ပိတ်

E-mail Print
အထက်တန်းကျောင်းသားများ အားကိုးနေရသော ပညာရေးနှင့် သက်ဆိုင်သည့် ဂျာနယ် ၅ ခုကို ပညာရေး ဝန်ကြီးဌာန၏ အမိန့်ဖြင့် ဇူလိုင်လ ကတည်းက ထုတ်ဝေခွင့်ပိတ်ပင်ထားကြောင်း ၎င်းဂျာနယ်များနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

၎င်းဂျာနယ်များထဲတွင် ငြိမ်းပညာရေးစာစဉ်၊ ပန်းတိုင်၊ Educator ဂျာနယ်၊ Prime ဂျာနယ်၊ Digital way ဂျာနယ်တို့ ပါဝင်ကြောင်း သိရှိရသည်။

“ဒီ ဂျာနယ်တွေ ပိတ်ဖို့အတွက် ပညာရေး ဝန်ကြီးဌာနက စာပေစိစစ်ရေးကို တိုက်ရိုက်အမိန့်ချတာလို့ ကြားတာပဲ” ဟု Educator ဂျာနယ်အဖွဲ့သား တဦးက ပြောသည်။

မည်သည့်အကြောင်းပြချက်ဖြင့် ယခုကဲ့သို့ ပိတ်ပင်သည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။ ယခုလက်ရှိတွင် ထုတ်ဝေခွင့် ပြန်လည်ရရှိရေးအတွက် စာပေစိစစ်ရေးနှင့် ဆွေးနွေးလျှက်ရှိရာ ပြန်လည် ထုတ်ဝေခွင့်ရရန် အလားအလာ ရှိသည်ဟု Educator ဂျာနယ် အဖွဲ့သားကဆိုသည်။

ထို့ပြင် ပညာရေးဌာနက ဖြန့်ချိထားသည့် သင်ရိုးညွှန်းတန်း စာအုပ်များကို မြန်မာဘာသာဖြင့် ပြန်လည် ရေးသားထားသည့် အထူးထုတ်စာအုပ် အမျိုးပေါင်း ၈၀ ကိုလည်း ထုတ်လုပ်ရောင်းချခွင့် မပြုတော့ကြောင်း ကြားသိရသည်။ ၎င်းအထူးထုတ် များကို မြန်မာနိုင်ငံစာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ယခုနှစ်ဆန်းကတည်း က ထုတ်ဝေခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။

အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားများ၊ အထူးသဖြင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများမှာ ကျူရှင် များနှင့် ၎င်း အထူးထုတ်များကိုသာ အားထားလေ့လာနေရသည်။

“ကျနော့်ညီမလေးက ဆယ်တန်းဆိုတော့ Educator စာစဉ်ကို ပုံမှန်ယူပေးနေတာ။ ဆယ်တန်းကျောင်းသား ကျောင်းသူတွေ အတွက် အများကြီး ဖတ်စရာပါတယ်လေ” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ဆက်လက်၍ ၎င်းက ယခုကဲ့သို့ အထူးထုတ်စာအုပ်များ၊ ကျောင်းသားများလေ့လာ ဖတ်ရှုသည့် ဂျာနယ်များ ထုတ်ဝေခွင့် ပိတ်ပင်ခံရခြင်းက ကျောင်းသားအများစုအတွက် ထိခိုက်သည်ဟု ဆိုသည်။

Educator ဂျာနယ်ကို ၂၀၀၁ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး ၁၀ တန်းကျောင်းသူကျောင်းသားများ လေ့လာ ဖတ်ရှုသည့် ဂျာနယ် တစောင်ဖြစ်သည်။ ထုတ်ဝေခွင့်ပိတ်ပင်ခံရသည့် ဇူလိုင်လအထိ စောင်ရေ ၁ သောင်းခွဲ ကျော်ရှိကြောင်း သိရသည်။

Prime ဂျာနယ် နှင့် Digital Way ဂျာနယ်တို့မှာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ ကျောင်းသားများ အတွက် ရည်ရွယ် ထုတ်ဝေခြင်း ဖြစ်သည်။ ပန်းတိုင်မှာမူ ပညာရေးမဂ္ဂဇင်း တအုပ်ဖြစ်ပြီး လစဉ်ထုတ် ဝေသည်။

ယခုအခါ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက ဂျာနယ်မဂ္ဂဇင်းများကို တင်းကျပ်စွာ ကိုင်တွယ်လျှက်ရှိပြီး မကြာသေးမီကပင် ဂျာနယ် ၂ စောင်ကို စည်းကမ်းမလိုက်နာသောကြောင့် ဟူသည့် အကြောင်းပြချက်ဖြင့် ထုတ်ဝေခွင့် ပိတ်ပင်လိုက်သည်။ ဆက်လက်၍ စိစစ်ရေးမှ ဖမ်းမမိလိုက်ဘဲ လွတ်သွားသော စကားလုံးများ သတင်း၊ ဆောင်းပါးများကို အသေးစိတ်ပြန်လည် ဖတ်ရှုကာ စိစစ်ရေးမူနှင့်မကိုက်ညီသော အသုံးအနှုန်းများ၊ အကြောင်းအရာများ ရှာဖွေ တွေ့ရှိလာသောကြောင့် နောက်ပိုင်း တွင် စာမူမှန်သမျှကို အသေးစိတ် ဖတ်ရှု တော့မည်ဖြစ်ကြောင်း စာပေစိစစ်ရေးနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

ယခင်က အားကစားဂျာနယ်၊ ဘောလုံးဂျာနယ်များကို အပေါ်ယံသာစစ်ဆေး၍ လွှတ်ပေးခဲ့သော်လည်း ယခုအခါ လောင်း ကစားနှင့် သက်ဆိုင်သော အသုံးအနှုန်းများ ပြန်လည် တွေ့ရှိလာသောကြောင့် အားက စားဂျာနယ်များကိုပါ အရေးယူတော့ မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ထို့ပြင် ပညာရေးနှင့်သက်ဆိုင်သော ဂျာနယ်များကိုလည်း သေချာစိစစ် အရေးယူ တော့မည်ဟု ကြားသိရသည်။

“ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဂျာနယ်တွေမှာ တခါတလေ သုံးတဲ့ စကားလုံးတွေက အဓိပ္ပာယ် ၂ မျိုး ထွက်နေတာ တွေ့ရ တတ်တယ်ဗျ။ ဥပမာ - အင်စတီကျူးရှင်း တခုလုံး ပြောင်းသင့်တယ်တို့ ကျုပ်တို့က သမင်မွေးနေတာလား ကျားမွေးနေတာ လားတို့ အဲလို စကားလုံးတွေ ခဏခဏ ပါတတ်တယ်။ အဲဒါမျိုးကို သတိထားမိသွားလို့လားမသိဘူး။ ကျနော်တို့တွေက သတင်းမှောင်ချခံထားရတာဆိုတော့ အဲလိုစာလုံးလေး တလုံးပဲတွေ့တွေ့၊ ၂ လုံးပဲတွေ့တွေ့ ဘာပြောချင်လဲဆိုတဲ့ အနက်ကို သတိထားမိတယ်။ စဉ်းစားတယ်” ဟု ရန်ကုန်မြို့နေ ကုမ္ပဏီ ဝန်ထမ်း လူငယ်တဦးကပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်