ကိုးကန့် ကျောက်မျက် ကုမ္ပဏီများကို နာမည်ပျက် စာရင်းသွင်း

E-mail Print
ကိုးကန့် ခေါင်းဆောင်ဟောင်း ဖုန်ကျားရှင်နှင့် မိသားစုဝင်များ ပါဝင်ပတ်သက် နေသည့် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ ၅ ခုကို စစ်အာဏာပိုင်များက နာမည်ပျက် စာရင်းသွင်း ထားကြောင်း သိရှိရသည်။

“ကုမ္ပဏီနဲ့ ဒါရိုက်တာ၊ အဲဒီမှာပါတဲ့ လူတွေ အားလုံးကို နာမည်ပျက် စာရင်းအဖြစ် ကြေညာလိုက်တယ်၊ အဲဒီတော့ ဘာမှ လုပ်လို့ မရတော့ဘူး”ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

ယခုကဲ့သို့ ကုမ္ပဏီများကို နာမည်ပျက်စာရင်းအဖြစ် ကြေညာရခြင်းအကြောင်းအရင်းကို မသိရှိရသော်လည်း နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ညွန်ကြားထားကြောင်းလည်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာတဦးဖြစ်သူ ဦးစိန်ကြည်က“ဖုန်ကျားရှင်က စစ်အစိုးရဆီ လက်နက် မချတဲ့အတွက် အခုလိုလုပ်တာဖြစ်မယ်”ဟု ပြောသည်။ 

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသမှ ထွက်ပြေး တိမ်းရှောင်နေသည့် ခေါင်းဆောင်ဟောင်း ဦးဖုန်ကျားရှင် အပါအ၀င် သားနှင့် ညီတော်စပ်သူတို့ ပတ်သက်နေသည့် ခတ္တာ ကျောက်မျက်ရတနာ၊ Light Rain ကျောက်မျက် ရတနာ၊ ပြည့်စုံအောင် ကျောက် မျက်ရတနာကုမ္ပဏီ အပါအ၀င် ကုမ္ပဏီ ၅ ခု ကို ကြေညာထားခြင်းဖြစ်သည်။

ဦးဖုန်ကျားရှင်သည် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီး ၎င်း၏ တပ်ဖွဲ့များနှင့် အတူ “၀” ပြည် သွေးစည်ညီညွန်ရေး တပ်မတော် (UWSA) နယ်မြေအတွင်းသို့ ရှောင်တိမ်းသွားခဲ့ကြောင်း သိရသည်။

အာဏသိမ်းခေါင်းဆောင်မှာ ဒု ဥက္ကဋ္ဌ တာဝန် ယူခဲ့သူ ပယ်စောက်ချိန်ဖြစ်ပြီး ၎င်းနှင့် အတူ ကိုးကန့် ခေါင်းဆောင်ဟောင်း တဦးဖြစ် သော ဦးရန်မိုးလျံတို့ ပူးပေါင်းကာ ဗဟိုကော်မတီကို ပြန်လည် ဖွဲ့စည်းလိုက်သည်။

ဦးရန်မိုးလျံ သည် ကိုးကန့် ခွဲထွက် အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့သော အဖွဲ့ အတွင်း အာဏာ လုမှုတွင် အရေးနိမ့်သဖြင့် ခွဲထွက်သွားပြီး လားရှိုးမြို့တွင် သွားရောက် နေထိုင်ခဲ့သူဖြစ်သည်ဟု သိရသည်။

ကိုးကန့် အထူးဒေသ (၁) အပစ်ရပ်အဖွဲ့သည် ယခုလဆန်းပိုင်တွင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး  အခမ်း အနားဖြင့် တရားဝင် တာဝန်ပေးအပ်ပွဲများ ပြုလုပ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်