လိုင်စင်မဲ့ ဆိုင်ကယ်များ လိုင်စင်ချပေးပြန်

E-mail Print
မော်တော် ဆိုင်ကယ်များကို နေပြည်တော်နှင့် ရန်ကုန်မြို့မှအပ မြန်မာနိုင်ငံ တ၀န်းတွင် ၁၇/ယ နံပါတ် လိုင်စင်ဖြင့် တရားဝင် စီးနင်းခွင့် ပြုလိုက်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက မကြာသေးမီက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၁၀ ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ လိုင်စင်မဲ့ ဆိုင်ကယ်များအပါအ၀င် ဆိုင်ကယ်များကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်းကြားမှု ဦးစီးဌာန၊ အကောက်ခွန် ဦးစီးရုံး၊ မြန်မာ့ အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေး ဘဏ် ဌာနများ ပူးပေါင်း ထားသော အဖွဲ့က ၁၇/ယ နံပါတ်ဖြင့် တရားဝင် လိုင်စင်မှတ်ပုံတင် ဆောင်ရွက် ပေးလျက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

လိုင်စင်ပြုလုပ်ရာတွင် ဆိုင်ကယ် အသစ် တစီးလျှင် ကျပ် ၃သိန်း ၀န်းကျင်ခန့် ကုန်ကျမည်ဖြစ်ပြီး ယခင်က ပြုလုပ်ထားသော ဆိုင်ကယ်လိုင်စင်များကို ၁၇/ယ သို့ပြောင်းလိုပါက ကျပ် ၅၀,၀၀၀ ၀န်းကျင် ထပ်မံကုန်ကျမည်ဖြစ်ကြောင်း၊ ဆိုင်ကယ် အမျိုး အစားနှင့် အရောင်ပေါ် မူတည်၍ လိုင်စင်ကြေးမှာ ကွာခြားချက် ရှိကြောင်း ကချင်ပြည်နယ် ဗန်းမော်မြို့မှ ဆိုင်ကယ်ပွဲစားများက ဆိုသည်။

ဆိုင်ကယ် လိုင်စင်များ လာရောက် ပြုလုပ်ရန် တာဝန်ရှိသူများက ရပ်ကွက်များအတွင်း နှိုးဆော်မှုများ ပြုလုပ်နေသော်လည်း ဗန်းမော်မြို့တွင် လာရောက် လုပ်ကိုင်သူမှာ နည်းပါးနေကြောင်း မြို့ခံ တဦးက ပြောသည်။

“ညညဆို ရပ်ကွက်တိုင်းမှာ လိုက်အော်ကြတယ်၊ ဆိုင်ကယ်လိုင်စင် လုပ်ခွင့် တလတိုးထားကြောင်း၊ တလပြီးဆုံးပါက လိုင်စင်မဲ့ ဆိုင်ကယ်များကို ဥပဒေအရ အရေးယူမယ်၊ သိလိုပါက ဗန်းမော်မြို့ရှိ အဝေရာခန်းမကို လာရောက်စုံစမ်းကြပါ စသဖြင့်ပေါ့” ဟု ၎င်းက ဆိုသည်။

ဗန်းမော်မြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ချပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ဆိုင်ကယ် ဖမ်းဆီးမှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်လာကြောင်းလည်း သိရသည်။

“အရင်ကတော့ ယာဉ်ထိန်းရဲတွေရှိတယ် ဆိုပေမယ့် သူ့အချိန်နဲ့သူပေါ့၊ အခုတော့ နေရာတကာ အချိန်ပြည့် စောင့်နေပြီး တွေ့ရင် ဖမ်းတာပဲ၊ ဦးထုပ် မဆောင်းရင် ၇၀၀၀ ကျပ်လောက် ပေးရတယ်၊ လိုင်စင်လုပ်ဖို့နဲ့ မလုပ်ရင် ဆိုင်ကယ်သိမ်းမယ် ဆိုပြီး သတိပေး ပါတယ်” ဟု ဗန်းမော်မြို့ခံ ကပြောသည်။

ဗန်းမော်မြို့တွင် တရုတ်ပြည်မှ ထုတ်လုပ်သော ကင်ဘို၊ လော်ကျား၊ ဂျာလင်း အမှတ်တံဆိပ် ဆိုင်ကယ်များကို အများဆုံး စီးနင်း ကြကြောင်း၊ အင်ဂျင်စွမ်းအင် ၁၂၅ ရှိသော ကင်ဘို ဆိုင်ကယ်မှာ ဈေးအမြင့်ဆုံး ဖြစ်ကြောင်း၊ လိုင်စင်ခ ဈေးကြီးသဖြင့် လာ ရောက်လုပ်ကိုင်သူ နည်းပါးကြောင်း၊ ဆိုင်ကယ်များကို တရုတ်နယ်စပ်မှ တင်သွင်းကြကြောင်း ဆိုင်ကယ် အရောင်းအ၀ယ် သမား များက ဆိုသည်။

“ဆိုင်ကယ် အရောင်းအ၀ယ်က ကောင်းနေတယ်၊ ဒါပေမယ့် လိုင်စင်လုပ်သူနည်းတယ်၊ ဈေးကြီးတော့မလုပ်ကြသေးတာနေမှာ၊ အခြေအနေစောင့်ကြည့်နေကြတာနေမှာပေါ့”ဟု ဆိုင်ကယ် အရောင်းအ၀ယ် သမားတဦးကပြောသည်။

ဆိုင်ကယ်လိုင်စင်များ ပြုလုပ်ပေးနေခြင်း၊ မြန်မာ ကျပ်ငွေများ ဈေးမြင့်တက်လာခြင်းတို့ကြောင့် ဆိုင်ကယ်အရောင်းအ၀ယ် လုပ်ငန်းမှာ ပိုမိုကောင်းမွန်လာသဖြင့် တရုတ်ပြည် ကြယ်ဂေါင်မြို့မှ နေ့စဉ် ဆိုင်ကယ်အစီး ၁၀၀၀ ဝန်းကျင်ခန့် မြန်မာပြည်တွင်းသို့ တရားမ၀င် တင်သွင်းမှုများရှိလာကြောင်း ဆိုင်ကယ်များ တင်သွင်းနေသူ တဦးက ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ သန်လျင်၊ ဒလ နှင့် မှော်ဘီမြို့နယ်များတွင်လည်း နယ်မြို့များနှင့် တပြိုင်တည်း အဆိုပါ ယာဉ်အမှတ် ၁၇/ယ ဆိုင်ကယ်လိုင်စင်များကို ရုံးချိန်အတွင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်မြို့တွင်း၌ ဆိုင်ကယ်များစီးနင်းခွင့်ကို အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဆိုင်ကယ် ၆၅ စီးမှ လွဲ၍ ယခုနှစ် ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်း မည်သည့် ဆိုင်ကယ်မှ စီးနင်းခွင့်မပြုတော့ကြောင်း၊ စီးနင်းသည်ကို စစ်ဆေး တွေ့ရှိပါက နိုင်ငံပိုင်အဖြစ် သိမ်း ယူမည် ဖြစ်ကြောင်း Weekly Eleven ဂျာနယ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဆိုင်ကယ်များကို ၂၀၀၁ ခုနှစ်မှ စ၍ ရန်ကုန်မြို့အတွင်း စီးနင်းခွင့်မပြုတော့ဘဲ မြို့ပြင်နှင့် နယ်မြို့များတွင်သာ စီးနင်းခွင့်ပြုခဲ့ပြီး ၂၀၀၃ ခုနှစ်မှစ၍ ဌာနဆိုင်ရာ ဆိုင်ကယ်များကိုသာ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း စီးနင်းခွင့် ပြုခဲ့ခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ်အတွင်း ယင်းဌာနဆိုင်ရာ ဆိုင်ကယ်များ စီးနင်းမှုများပြားလာသောကြောင့် ယခုကဲ့သို့ ကန့်သတ်တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်အတွင်း တရားဝင် ဆိုင်ကယ်အရေအတွက် ၉၀၀ ၀န်းကျင် ရှိကြောင်းနှင့် စည်ပင်သာယာ နယ်နိမိတ်ပြင်ပ မြို့နယ်တွင် ဆိုင်ကယ်စီးရေ ၄၁၅၀၀ ကျော် တရားဝင် မှတ်ပုံတင်ပြုလုပ်ထားကြောင်းလည်း Weekly Eleven ဂျာနယ် အင်တာနက်စာမျက်နှာက ဆိုသည်။

မြန်မာနိုင်ငံတွင် ဆိုင်ကယ်ထုတ်လုပ်မှုမရှိသောကြောင့် တရုတ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံများမှ ၀ယ်ယူသုံးစွဲကြရကာ နိုင်ငံတ၀န်း လိုင်စင်မဲ့ ဆိုင်ကယ် စီးရေ ၅ သိန်း ခန့်ရှိကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံး စာရင်းအရ သိရှိရသည်။

မြန်မာပြည်တွင်းရှိ တရားမ၀င် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်းမှ စတင်၍ တရားဝင် လိုင်စင်များ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်