ဒါရိုက်တာ စင်ရော်မောင်မောင် ဂျာနယ်ထုတ်မည်

E-mail Print
ရုပ်ရှင်နှင့်ဗီဒီယို ဒါရိုက်တာ စင်ရော်မောင်မောင်က လာမည့် ၂၀၁၀ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ Envoy အမည်ရှိ သတင်း ဂျာနယ် တစောင်ကို အပတ်စဉ် ထုတ်ဝေနိုင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။

“ကျနော် ကိုယ်တိုင်ကလည်း မြန်မာ နိုင်ငံသားလေ။ မြန်မာ နိုင်ငံသား တယောက်အနေနဲ့ မီဒီယာရဲ့ကဏ္ဍဟာ အခု တိုင်းပြည်မှာ အရမ်းအရေး ကြီးလာပြီလေ။ မီဒီယာဆိုတာက လူတိုင်းနဲ့ မလွဲမသွေ ပတ်သက်ရတယ်။ မီဒီယာကနေ အတွေ့အကြုံ ရတယ်။ သင်ခန်းစာ ယူရတယ်။ အဲ့ဒီလို ခံယူချက်မျိုးနဲ့ လုပ်ဖြစ်တာပါ" ဟု ဒါရိုက်တာ အကယ်ဒမီ စင်ရော် မောင်မောင်က ဧရာဝတီ ကိုပြောသည်။

အဆိုပါ Envoy ဂျာနယ်တွင် ပြည်တွင်း အထွေထွေသတင်း၊ နိုင်ငံတကာ သတင်း၊ စီးပွားရေး၊ နည်းပညာ၊ အားကစား၊ ဖျော်ဖြေ ရေးစသည့် သတင်း အမျိုးအစား စုံလင်စွာ ပါဝင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့အပြင် ဂျာနယ်ကို အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန်အတွက်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ပြည်တွင်း၌ ဂျာနယ်၊ မဂ္ဂဇင်းထုတ်ဝေခွင့်ရနိုင်ရန်အတွက် စာပေစိစစ်ရေးတွင် ထုတ်ဝေခွင့်လျှောက်လွှာပုံစံဖြည့်၍ လျှောက်ထား ကြရပြီး အခါအားလျော်စွာကျင်းပသည့် ပုံနှိပ်ထုတ်ဝေရေးအစည်းအဝေးတွင်တင်ပြပြီးနောက် ထုတ်ဝေခွင့်ချထားပေးခြင်း ဖြစ်ကြောင်း ရန်ကုန်အခြေစိုက်ပေါ့ပ်ဂျာနယ်တစောင်မှ အယ်ဒီတာချုပ်တဦးက ဧရာဝတီကိုပြောသည်။

သို့သော် သက်ဆိုင်ရာအာဏာပိုင်များနှင့် နီးစပ်သူများမှာ ထုတ်ဝေခွင့်လိုင်စင်ကတ်ပြားများကို လွယ်ကူချောမောစွာ ရရှိကြ ကြောင်း ၎င်းကဆိုသည်။

“ပိုင်တဲ့သူတွေကျတော့ ၀န်ကြီးနဲ့ဝင်တွေ့ ပြီးတော့ ကတ်ပြားယူပြီးမှ စာပေစိစစ်ရေးကိုသွား ၀န်ကြီးလတ်မှတ်ပြပြီး ထုတ်ဝေ ခွင့်ကတ်ပြားတောင်းပေါ့။သာမန် ပုံစံအတိုင်း လျှောက်တဲ့သူကျတော့ လျှောက်ထားဆဲနဲ့ပဲပြီးသွားတယ်" ဟု အဆိုပါ အယ်ဒီ တာချုပ်ကပြောသည်။

တချို့သော အစိုးရနှင့်ပတ်သက်ဆက်နွယ်သူများမှာ မိသားစုတခုတည်းတွင် အမည်အမျိုးမျိုးဖြင့် ထုတ်ဝေခွင့်ကတ်ပြား၂ခု ၃ ခု ပိုင်ဆိုင်ကြကြောင်း သိရသည်။

“ပိုင်တဲ့သူကလည်း များများပိုင်သလို မပိုင်တဲ့သူကျတော့လည်း တခုမှမပိုင်ပါဘူး" ဟု ၎င်းအယ်ဒီတာချုပ်က ပြောသည်။

ထို့အပြင် အာဏာပိုင်များနှင့် ပတ်သက်သူများ၏ ဂျာနယ်၊ မဂ္ဂဇင်းမျက်နှာဖုံးများ၊ အတွင်းသရုပ်ဖော်ပုံများ၊ သတင်းများ စသည် တို့သည် စာပေစိစစ်ရေးမူဝါဒနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ထုတ်ဝေခွင့်ရရှိကြောင်း ၎င်းကဆက်ပြောသည်။

ဆက်လက်ပြီး သူက "လျင်သူ စားနေကြတာပေါ့၊ အဆက်အသွယ်မကောင်းတဲ့ သူကတော့ စာပေစိစစ်ရေးကိုသွားပေါ့။ သူတို့က ဖြုတ်ပါဆိုတော့လည်း ဖြုတ်ပေါ့"ဟု မြန်မာနိုင်ငံမီဒီယာလောကနှင့်ပတ်သက်ပြီး သုံးသပ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိစာပေစိစစ်ရေးခွင့်ပြုချက်ဖြင့် ထုတ်ဝေနေသော အပတ်စဉ်ထုတ်နှင့် လစဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းပေါင်း ၂၀၀ ကျော်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်