မြစ်ဆုံရေလှောင်တမံ ဆုတောင်းပွဲ ပြုလုပ်မည်

E-mail Print
ဧရာဝတီ မြစ်ပေါ်ရှိ မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်ရေး စီမံကိန်းအတွက် လာမည့် ဇန်န၀ါရီလ တွင် ဆုတောင်းပွဲ ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ဆုံ ရေလှောင်တမံ ဆောက်လုပ်ပါက ရေလွှမ်းမိုးမှု ခံရနိုင်သည့် ရွာပေါင်း ၆၀ ကျော်တွင် နေထိုင်သူပေါင်း ၁၅၀၀၀ ကျော် အတွက်နှင့် ကချင်ပြည်နယ်၏ အနာဂတ် သာယာလှပရေးအတွက် ၂၄ နာရီ ဆုတောင်းကြမည်ဖြစ်သည်။

၎င်းဆုတောင်းပွဲကို  မြစ်ကြီးနား ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ်က ဦးဆောင်၍ အသင်းတော် နေရာပေါင်း ၅၉ နေရာ၌ လာမည့် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။ 

ဤ ၅၉ အသင်းတော်သည် နေရာအားဖြင့် မြစ်ကြီးနားတမြို့နယ်လုံး၊  မြစ်ကြီးနားမှ တနိုင်းတလျှောက်၊ မြစ်ကြီးနားနှင့် ၂၇မိုင် အကွာတွင်ရှိ မြစ်ဆုံအပါအ၀င်ဖြစ်သည်။ အသင်းသူအသင်းသားပေါင်း ၃၀၀၀၀ ကျော်ရှိကြောင်းသိရသည်။

“ကျနော်တို့ လူသားတွေမတတ်နိုင်တာ ဘုရားတတ်နိုင်တယ်လေ၊ လာမယ့် ဇန်န၀ါရီလ ၁၈ ရက်နေ့ အသင်းတော် ၅၉ မှာ စိတ်နှလုံးတူ ဆုတောင်းကြမယ်၊ ဆုတောင်း အစီအစဉ်ကိုတော့ ကိုယ့် အသင်းတော်မှာကိုယ် စီစဉ်ကြမှာပါ” ဟု မြစ်ကြီးနား အခြေစိုက် သင်းအုပ် ဆရာက ပြောသည်။

ကချင်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေးဟု ဆိုကာ နယ်မြေရောင်းခြင်း၊ ရေကာတာအများအပြေားဆောက်လုပ်ခြင်းကြောင့် ကချင်တိုင်းရင်းသားများ၏ လူနေမှုဘ၀ အဘက်ဘက်မှ ဖိနှိပ်ခံနေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

မြစ်ဆုံရေလှောင်တမံ ဆောက်လုပ်ပါက ဒေသခံများအပေါ်ကျရောက်လာမည့်  လူမှုရေးပြဿနာများ၊ဘိုးဘွားပိုင် မြေယာနှင့် သီးနှံပင်များ ဆုံးရှုံးရမည် ဖြစ်ကြောင်း၊ ရေလှောင်တမံ ဆောက်လုပ်ပါက ကချင်တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်ကာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ဇီဝ မျိုးသုဉ်းမှုများသည် ရေလွှမ်းမိုးမှုနှင့်အတူ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း၊ ဒေသခံများက နေပြည်တော်သို့ မြစ်ဆုံရေလှောင်တမံ ကန့်ကွက်စာများ အကြိမ်ကြိမ် တင်ပြထားပြီဖြစ်ကြောင်း လည်းသိရသည်။

ဧရာဝတီမြစ်ပေါ်ရှိ အဆိုပါ ရေလှောင်တမံ စီမံကိန်းအတွက် ပြောင်းရွှေ့ပေးရမည့် ရွာများကို လျော်ကြေးပေးမည်ဆိုကာ အာဏာ ပိုင်များက ခြံဝင်းအတိုင်းအတာများ စိုက်ပျိုးသီးနှံများကို စာရင်းယူခဲ့ကြောင်း၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ မပြနိုင်ပါက နေအိမ် တန်ဖိုးသာ ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခု အချိန်ထိ မည်သည့် ငွေကြေးတစုံတရာ မရရှိသေးကြောင်း သိရသည်။

“လျော်ကြေးမပေးရုံမက ပြောင်းရွှေ့ရမယ့်နေရာတောင်မပေးဘူး၊ နေဖို့ စုပေါင်းတဲ တလုံးစီပဲပေးတာ၊ဘယ်လိုအသက်ဆက်ရှင် ရမလဲဆိုတာကို မတွေးတတ်တော့ဘူး”ဟု မြစ်ဆုံ ဒေသခံ တဦးက ပြောသည်။

ဤမြစ်ဆုံရေလှောင်တမံ စီမံကိန်းကို တရုတ် စွမ်းအင် ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီ (CPI) အဖွဲ့ နှင့် Asia World ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ထွက်ပေါ်လာသော လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၃၃၆၀ ကို တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တပတ်အတွင်း တရုတ် ဒုတိယသမ္မတ ရှီကျင်းဖျင် မြန်မာနိုင်ငံသို့ သွားရောက်ကာ ရေအားလျှပ်စစ်ဆိုင်ရာ သဘောတူညီချက် ၃ ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်