သြစတြေးလျထုတ် ဆက်သွယ်ရေးစက်များ စစ်အစိုးရ ၀ယ်ယူ

E-mail Print
လှိုင်းအားမြင့် ရေဒီယို ဆက်သွယ်ရေး စက်များကို မြန်မာနိုင်ငံရှိ စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနေကြောင်း ယနေ့ထုတ် သြစတြေးလျအခြေစိုက် Sydney Morning Herald သတင်းစာတွင် ဖော်ပြထားသည်။

သြစတြေးလျနိုင်ငံ Barret ဆက်သွယ်ရေး ကုမ္ပဏီက ရောင်းချလိုက်သည့် Barret 2050 အမျိုးအစား စက်များမှာ အသံ၊ အီးမေးလ် နှင့် သတင်း အချက်အလက်များကို လုံခြုံစွာ ပေးပို့နိုင်ပြီး ကြားဖြတ်ဖမ်းယူရန် အလွန်ခက်ခဲသည်ဟု ဆိုသည်။

နေပြည်တော်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း စသည့် စစ်ဌာနချုပ်တို့က လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် ထိုစက်များကို အသုံးပြုနေကြောင်း အဆိုပါ သတင်းစာတွင် ရေးသားထားသည်။

2050_hfစစ်အစိုးရက Barret 2050 အမျိုးအစား ဆက်သွယ်ရေးစက် အလုံးရေ ၅၀ ခန့် ထပ်မံ မှာယူထားကြောင်းလည်း သိရသည်။

မြန်မာ့တပ်မတော်က ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုကို အကြမ်းဖက် ဖြေရှင်းခဲ့ချိန်မှ စတင်ပြီး သြစတြေးလျအစိုးရက မြန်မာနိုင်ငံသို့  စစ်လက်နက်ပစ္စည်းများ တင်ပို့မှုကို ပိတ်ပင်ခဲ့သည်။

သို့သော်လည်း Barret ကုမ္ပဏီက သြစတြေးလျ အစိုးရ၏ ခွင့်ပြုချက်ရသဖြင့် ဆက်သွယ်ရေး ပစ္စည်းများ တင်ပို့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီပစ္စည်းတွေက စစ်ဘက်ရေးရာတွေမှာ သုံးဖို့ မဟုတ်ပါဘူး။ ဒါတွေကို အရပ်ဘက် ဆက်သွယ်ရေး လုပ်ငန်းတွေမှာပဲ အသုံးပြုတာ ဖြစ်ပါတယ်” ဟု ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာ ဖီလ် ဘရက်ရှောက Sydney Morning Herald သတင်းစာသို့ ပြောသည်။

သြစတြေးလျအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများကမူ ကုမ္ပဏီ၏ ဖြေရှင်းချက်ကို သံသယ ရှိနေသည်။

“အရင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် အုပ်ချုပ်နေစဉ်ကလည်း မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် ပေးတဲ့ အမေရိကန် ရဟတ်ယာဉ်တွေကို ပြည်တွင်းစစ်မှာ သုံးခဲ့သေးတာပဲ၊ အခုလည်း သုံးမှာပေါ့” ဟု Burma Campaign Australia (BCA) ခေါ်  မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့မှ ဒေါက်တာမြင့်ချိုက ဆိုသည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးထံသို့ စာရေးသား ကန့်ကွက်ပြီး ရှင်းလင်းချက် တောင်းခံမည်ဟု သူက ပြောသည်။

သြစတြေးလျနိုင်ငံသည် စစ်အစိုးရအုပ်ချုပ်သည့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို ၂၀၀၇ ခုနှစ်မှ စတင် ပြုလုပ်ခဲ့သည်။

သို့သော်လည်း သြစတြေးလျ ကုမ္ပဏီကြီးများဖြစ်သည့်  Chevron, Andaman Teak Supplies Pty Ltd, Gecko's Adventure, Lonely Planet, Sri Asia Tourism, Jetstar Asia, Twinza Oil တို့သည်  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည်။

BCA အဖွဲ့က ထိုကုမ္ပဏီကြီးများ ပြန်လည် ရုပ်သိမ်း ရန်အတွက် ဆောင်ရွက်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည်နှစ် အောက်တိုဘာလက သြစတြေးလျ အ၀တ်အထည်လုပ်ငန်း အုပ်စု တခုဖြစ်သည့် Speciality Fashion Group သည် မြန်မာနိုင်ငံမှ ရင်းနှီး မြုပ်နှံမှုများကို ရုပ်သိမ်းမည်ဟု ကြေညာခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်