ရွေးကောက်ပွဲအကြို မည်သို့ လှုပ်ရှားနေကြသလဲ

E-mail Print
စစ်အစိုးရက ယခုနှစ်အတွင်း ကျင်းပပေးမည်ဟု ထုတ်ပြန်ကြေညာထားသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရန်ကုန်နိုင်ငံရေး လောကတွင် သဘောထားအမြင်များ ကွဲလွဲနေပြီး ရွေးကောက်ပွဲအကြို လှုပ်ရှားမှုများလည်း ပြုလုပ်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၄ ရက်နေ့က ကျရောက်သည့် ၆၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင်လည်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စနစ်တကျ ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ထပ်မံ ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်က “အပြောင်းအလဲ တစုံတရာ မလုပ်ဘဲ ရွေး ကောက်ပွဲ လုပ်ရင်၊ တိုင်းပြည်ကတော့ နောက် အနှစ်၂၀၊၃၀လောက် ဆက်ဆင်းရဲပြီး၊စစ်အာဏာရှင်စနစ်သက်ဆိုးရှည် နေဦး မှာပဲ”ဟု ဝေဖန်ပြောဆိုသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သည့် NLDပါတီ၏ မူဝါဒမှာ ပြီးခဲ့သည့်နှစ် ဧပြီလက ထုတ်ပြန်ကြေညာခဲ့သည့် ရွှေဂုံတိုင်ကြေညာစာ တမ်းပါ နိုင်ငံရေးအကျဉ်းသားလွှတ် ပေးရန်၊ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင်အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့် ပြုရန်တို့ ဖြစ်သည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က“စစ်အစိုးရ အနေနဲ့ ရွေးကောက်ပွဲမလုပ်ခင် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်စေမယ့် အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို အရင်လုပ်ရမယ်၊ ရွေးကောက်ပွဲကို တဖက်သတ်လုပ် မယ်ဆိုရင်တော့ အနာဂတ်မှာ တိုင်းပြည်ရဲ့ ကံကြမ္မာဟာ ပိုမိုဆိုးဝါးသွားမယ်”ဟု ပြောသည်။

NLD ပါတီ၏ မူဝါဒ ရပ်တည်ချက်မှာ မှန်ကန်ကြောင်း ဦးအေးသာအောင်ကဆိုသည်။

ပြည်သူများအနေဖြင့် စားဝတ်နေရေးအတွက် အာရုံစိုက်လှုပ်ရှားနေရခြင်း၊ နိုင်ငံရေးနှင့် အဆက်အသွယ်ပြတ်နေသည်မှာ ကြာမြင့်နေသည့်အတွက် စိတ်ဝင်စားမှု နည်းပါးကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ကြေညာချက်ကြောင့် ပြန်လည် စိတ်ဝင်စားမှု ရှိလာကြောင်း ၊သို့သော်လည်း မျော်လင့်ချက်ပေးသကဲ့သို့ ဖြစ်နေကြောင်း ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးသုဝေ ကလည်း ပြောဆိုသည်။

“NLDက လုပ်တဲ့ လွတ်လပ်ရေးနေ့မှာ မနှစ်ကထက် လူပိုပြီး တက်တယ်လေ၊ အဲ့ဒါကိုကြည့်ရင် လူတွေနိုင်ငံရေးအပေါ်မှာ အာရုံပိုစိုက်လာတယ်”ဟု ၎င်းက ပြောသည်။

တရားဝင်ပါတီဖွဲ့စည်းခွင့် မရရှိသေးသော်လည်း အလုပ်အမှုဆောင်၊ လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့ စသည်ဖြင့် အဖွဲ့ခွဲကလေးများဖြင့် ပါတီကို ဖွဲ့စည်းထားကြောင်း၊ သက်ဆိုင်ရာအာဏာပိုင်များ၏ စောင့်ကြည့်ခြင်းကို ခံနေရသည့်အတွက် နီးစပ်ရာတွင်သာ စည်းရုံး ရေးလုပ်ငန်းများလုပ်နိုင်ကြောင်း၊သို့သော်လည်း ရွေးကောက်ပွဲကို ၀င်ရောက်မည်ဟု ကြွေးကြော်ထားသည့် အတွက်သာ စစ်အစိုး ရက အနည်းငယ် လွတ်လပ်ခွင့် ပေးထားခြင်းဖြစ်သည်ဟု ထင်ကြောင်း ဦးသုဝေကဆိုသည်။

ဒီမိုကရက်တစ်ပါတီကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက ယခင် ပါလီမန်ဒီမိုကရေစီခေတ်က ၀န်ကြီးချုပ်များ ဖြစ်ခဲ့သည့် ဦးနု ၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ သားသမီးများဖြစ်သော ဒေါ်သန်းသန်းနု၊ဒေါ်ချိုချိုကျော်ငြိမ်း နှင့် ဒေါ်နေရီဗဆွေ တို့ ဖြင့် ဖွဲစည်းခဲ့သည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့လျှင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် အပါအ၀င် ပြည်သူ့ဆန္ဒကို အပြည့်အ၀ အကောင်အထည်ဖော်ပေးမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ က ကြွေးကြော်ထားသည်။

ထိုသို့ စစ်အစိုးရက ရွေးကောက်ပွဲနှင့် ပတ်သက်သည့် NLD အပါအ၀င် တခြားနိုင်ငံရေးအင်အားစုများကို တင်းကျပ်စွာ ပိတ်ပင် ထားသော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်အား ပဲခူးတိုင်း အနောက်ပိုင်း ၊မကွေးတိုင်း၊ ချင်းပြည်နယ် မင်းတပ်ခရိုင်၊ မြင်းခြံခရိုင် နှင့် နေပြည်တော်ခရိုင်များတွင် စည်းရုံးလှုပ်ရှားခွင့်များ ပေးခဲ့ကြောင်း အဆိုပါ အဖွဲ့ကို ဦးဆောင်နေ သည့် ကိုအေးလွင်ကပြောသည်။

“အမျိုးသားနေ့ ပြီးကတည်းက စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှု ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆိုတဲ့ လှုပ်ရှားမှုတွေကို တိုင်းအဆင့် စည်းရုံးရေးမှူးတွေ၊ ဗဟိုဦးစီးအဆင့်တွေ နယ်လှည့်ပြီးတော့ လုပ်နေတယ်”ဟု ၎င်းကဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် အဖွဲ့ဝင် အင်အား ၄၀၀၀ခန့် ရှိပြီး နယ်လှည့် စည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စစ်ဒေသမှူးများ ၊ တိုင်းမှူးများအား စာရေးအကြောင်းကြားကြောင်း၊ နေပြည်တော်ရှိ ရဲချုပ်၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းစသည့် စစ်အစိုးရ အာဏာပိုင်များနှင့် လွန်ခဲ့သည့် နှစ်လခန့်က တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့ကြောင်း ကိုအေးလွင်က ပြောသည်။

ကိုအေးလွင် ဦးဆောင်သည့်  ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်သည် စစ်အစိုးရ၏ ၁၉၈၈ ခုနှစ် နိုင်ငံရေး ပါတီများ မှတ်ပုံတင် ဥပဒေအရ မှတ်ပုံထားခြင်းမရှိသည့် အဖွဲ့အစည်းတခုဖြစ်သည်။

သို့သော် အဆိုပါ ရွေးကောက်ပွဲ ဥပဒေသည် ယခုအချိန်တွင် ပျက်ပြယ်သွားပြီးဖြစ်ကြောင်း၊ မိမိတို့ အဖွဲ့သည် အစိုးရ၏ အားနည်း ချက်များကို ထောက်ပြခြင်း မရှိသည့်အတွက် လွတ်လပ်စွာလှုပ်ရှားခွင့် ပေးထားခြင်းဖြစ်ကြောင်း ကိုအေးလွင်က ဆိုသည်။

မကြာသေးမီက ၎င်းအဖွဲ့ ဆိုင်းဘုတ်တင်ပွဲတခုတွင် စစ်အစိုးရ ကျောထောက် နောက်ခံ ပြုထားသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(USDA) အဖွဲ့ဝင် ၂၀၀ ခန့်က ၀ိုင်းဝန်း နှောင့်ယှက် ရိုက်နှက်ခြင်း ခံခဲ့ရသေးကြောင်း ကိုအေးလွင်၏ ညီဖြစ်သူက ပြောသည်။

“ဒေသအာဏာပိုင်တွေနဲ့ နားလည်မှုလွဲသွားလို့ ဖြစ်တာပါ”ဟု ၎င်းကပြောသည်။

မကြာသေးမီရက်ပိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ကိုဖြိုးမင်းသိန်းကလည်း လုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲမြင့် ၏ ခွင့်ပြုချက်ဖြင့် ရွေးကောက်ပွဲအကြို နိုင်ငံရေးဆွေးနွေးပွဲ တရပ်ကိုလည်း NLDအပါအ၀င် တိုင်းရင်းသား  ခေါင်းဆောင်များနှင့်အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းများ အားဖိတ်ကြား၍ ကျင်းပခဲ့ကြောင်းသိရသည်။

“အစိုးရက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လုပ်တဲ့ ဆွေးနွေးပွဲတွေကို သဘောကျတယ်၊ ဒါပေမယ့် ကျနော်တို့ကတော့ အစိုးရကို အတိုက်အခံ မလုပ်ဘူး၊ ညှိနှိုင်းဆောင်ရွက်ရေးကိုပဲ လုပ်မယ်”ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။

ကိုဖြိုးမင်းသိန်းသည် ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ၂၀၀၅ခုနှစ်တွင် ပြည်လည်လွတ် မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။

ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက“၈၈ကျောင်းသားတချို့ တခြား ၈၈တွေနဲ့ သဘောကွဲလွဲပြီး အခုလို စစ်အစိုးရနဲ့ အနီးကပ်ဆက်ဆံနေတာ ကျောင်းတော်က ရန်စတွေကြောင့်ပါ”ဟု ပြောဆိုသည်။

ယခု မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် စီးပွားရေးနှင့် နိုင်ငံရေး၏ အကျပ်အတည်းများသည် မည်သိုမျှ ပြောင်းလဲခြင်းမရှိသေး ကြောင်း၊ ယခုလက်ရှိ အခြေအနေမှာ မျက်မမြင်များ အမှောင်ထဲတွင် စမ်းတ၀ါးဝါးလမ်းလျှောက်နေသည့် အဖြစ်နှင့် တူကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက သုံးသပ်သည်။

စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ မှ စတင်ပြီး ထုတ်ပြန်ကြေညာခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်