ကချင်ပြည်နယ်နေ့သို့ စစ်အစိုးရ တိုင်းမှူး တက်ရောက်ခြင်းမရှိ

E-mail Print
ယမန်နေ့က ပြုလုပ်သည့် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း တက်ရောက်မှု မရှိခြင်းမှာ စစ်အစိုးရက ၎င်းတို့၏ သမိုင်းဝင်နေ့ကို အလေးမထားခြင်း ဖြစ်ကြောင်း ကချင်တိုင်းရင်းသားတို့က ယူဆနေကြသည်။

bridgeအာဏာပိုင်တို့က ဒုတိုင်းမှူးအဆင့်ရှိသူ ဗိုလ်မှူးချုပ် စံထွန်းကိုသာ မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်ရှိ မနောကွင်း၌ ကျင်းပသည့် ၆၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့  စေလွှတ်ခဲ့သည်ဟု ဆိုသည်။

“ဒုတိယ တိုင်းမှူးကို လွဲပေးတဲ့ ပုံစံမျိုးက ဒီကချင်ပြည်နယ်နေ့ကို သိပ်အလေး မထားဘူး၊ ခါတိုင်းဆိုရင် ဒီလို့နေမျိုးမှာ ၀န်ကြီးတွေ ဘာတွေ လာတက်တာ တွေ့ရတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ရက်(KDNG)မှ ကိုအောင်ဝါက ဧရာဝတီသို့ ပြောသည်။

ထိုင်းအခြေစိုက်ပြီး ကချင်ပြည်နယ်အရေးကို စောင့်ကြည့်နေသူ စာနယ်ဇင်းသမားတဦးကလည်း အလားတူ ယူဆနေသည်။

“ကချင်ပြည်နယ်နေ့ကို ကချင် လူမျိုးတွေအတွက် တကယ့်ကို သမိုင်းအရ အရေးပါတဲ့ နေ့ကို အစိုးရက အလေး မထားတဲ့ သဘော ဖြစ်နေတာကို ပွဲလာတက်တဲ့ ကချင်လူမျိုးတွေက အဲဒီလိုမျိုး ပြောဆိုနေကြတယ်” ဟု ကချင်သတင်းစဉ် (KNG) မှ အယ်ဒီတာ လဖိုင်နော်ဒင်းက ပြောသည်။

တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းသည် ယခုနှစ် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ သွားရောက်ခြင်း မရှိသော်လည်း သောကြာနေ့က ပြုလုပ်သည့်  မနောပွဲ စတင်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အစိုးရက ကချင် လက်နက်ကိုင် တပ်ဖွဲ့များကို ယခုနှစ် ပွဲတော်သို့ တက်ရောက်ရာတွင် စစ်ဝတ်စုံ ၀တ်ဆင်ခြင်း မပြုရန်  ညွှန်ကြားခဲ့သည်ဟု သိရသည်။

ထိုညွှန်ကြားချက်ကြောင့် မနောပွဲသို့ တက်ရောက်ခဲ့သည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် အရေအတွက် နည်းပါးသွားသည်ဟု သိရသည်။

ကချင်ပြည်နယ်နေ့ ပွဲတော်ကို အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် ကချင်လက်နက်ကိုင် အဖွဲ့များလည်း မနောပွဲသို့ တက်ရောက်ခဲ့သည်။

မနောပွဲ ကျင်းပရေး ကော်မတီက ကချင်ဘာသာဖြင့်  နှစ်စဉ် ထုတ်ဝေသည့် သတင်းနှင့် ဆောင်းပါးများကို ယခုနှစ်တွင် မြန်မာဘာသာဖြင့်လည်း ထုတ်ဝေရန်  စစ်အစိုးရက ညွန်ကြားခဲ့သည်ဟု  ပွဲဖြစ်မြောက်ရေး ကော်မတီဝင် တဦးက ပြောသည်။

မနောပွဲ ကျင်းပရေးနှင့် ပတ်သက်ပြီး အစိုးရက ယခုကဲ့သို့ ကန့်သတ်ချက်များ ပြုလုပ်နေခြင်းမှာ KIA နှင့် အစိုးရ အကြား နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေး ဆွေးနွေးမှုများ အဆင်မပြေသေးသောကြောင့် ဖြစ်နိုင်သည်ဟု အဆိုပါ ကော်မတီဝင်က သုံးသပ်သည်။

ဇန်န၀ါရီ ၁၀ ရက်နေ့ကို ကချင်ပြည် နယ်နေ့ အဖြစ် ၁၉၄၈ ခုနှစ်မှ စတင် သတ်မှတ်ခဲ့ကြပြီး စုပေါင်း ကခုန်ကြသည့် မနောပွဲနှင့်  ပျော်ပွဲရွှင်ပွဲများကိုလည်း နှစ်စဉ်ကျင်းပကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်