သေဒဏ် ချခံရသူများ လွှတ်ရန် သံဃာ့တပ်ပေါင်းစု တောင်းဆို

E-mail Print
ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးနှင့် စစ်အစိုးရ၏ လျှို့ဝှက်သတင်းများ ပေါက်ကြား မှုကြောင့် သေဒဏ် ချမှတ်ခံထားရ သူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံ လုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ယနေ့ တောင်းဆိုလိုက်သည်။ 

ယနေ့ ထုတ်ပြန်သည့် သံဃာ့တပ်ပေါင်းစု၏ ကြေညာချက်၌ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် သက်ဆိုင်သူ အားလုံးပါဝင် သော တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရန်လည်း စစ်အစိုးရကိုတိုက်တွန်း ထားသည်။

ယင်းသို့ ဖော်ဆောင်နိုင်ရန်အတွက် ယခုကဲ့သို့ နှစ်သစ်အခါ သမယတွင် ကနဦး ဆောင်ရွက်သင့်သည်မှာ သေဒဏ်ချမှတ်ခံထားရ သူ ၂ ဦးအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းကျသူ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် သံဃာ့တပ်ပေါင်းစုက တောင်းဆိုကြောင်း ရေးသားထားသည်။

မကြာသေးခင်ရက်ပိုင်းက စစ်အာဏာပိုင်များက လျှို့ဝှက်သတင်း ပေါက်ကြားမှုကြောင့် သေဒဏ်ပေးခဲ့သော စစ်တပ်အရာ ရှိဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်း စာရေး ၀န်ထမ်း ကိုသူရကျော်တို့ ၂ ဦးအား ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးနောက် ၍ကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဗိုလ်မှူးဝင်းနိုင်ကျော်အား အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင် ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက် ဆိုင်သော စာရွက်စာတမ်းများ ပေါက်ကြားမှု ပုဒ်မ ၆/၃ အရ ထောင်ဒဏ် ၂ နှစ်၊ တရားမ၀င်နိုင်ငံခြား ငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။ ကိုသူရကျော်ကိုလည်း သေဒဏ် နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။

ပြစ်ဒဏ်များနှင့် ဆက်စပ်၍ သံဃာတပ်ပေါင်းစု၏ ထုတ်ပြန်ကြေညာချက်တွင်“ သူတို့၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြလိုက်မှု ကြောင့် ယခုလို ရက်ရက်စက်စက် သေဒဏ်ချမှတ်လိုက်ပြီး စစ်တပ်ကြီးတခုလုံးမှ ကျန်အရာရှိ အရာခံ တပ်သားမှန်သမျှကိုလည်း  နှစ်သစ် အခါသမယတွင် ခြိမ်းခြောက်ပြလိုက်ခြင်းဖြစ်သည်”ဟု ဆိုထားသည်။      

ယခု ပြစ်ဒဏ်ပေးခံရသူများသည် စစ်အစိုးရ၏ လျှို့ဝှက်စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဗိုလ်မှူး ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သူ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး( ၂ ) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိနှင့် ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

ယခင်က ၎င်းနှင့်အတူ စစ်အစိုးရရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းပါ အဖမ်းခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ၀န်ထမ်းတချို့လည်း အရေးယူခံရမှုများရှိကြောင်း သိရသည်။  

အလားတူပင် ယခုကဲ့သို့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုနေချိန်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၌ ၂၀၁၀ ရွေး ကောက်ပွဲကို ဆန့်ကျင်ရေး စာရွက်စာတမ်းများ တွေ့ရှိမှုဖြင့် သံဃာတော်တပါးကို လွန်ခဲ့သည့် အပတ် ကြာသပတေးနေ့က စစ် အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ဒေသခံများ အဆိုအရသိရသည်။

အဆိုပါ သံဃာတော်ကို မော်လမြိုင်မြို့မှ သံဖြူဇရပ်သို့ အသွား ကားလမ်းမပေါ်ရှိ စစ်ဆေးရေး ဂိတ်တခုတွင် အာဏာပိုင်များ၏ စစ်ဆေးဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

အဖမ်းခံရစဉ် ဒစ်ဂျစ်တယ် ဗီဒီယိုကင်မရာ နှင့် ခရီးဆောင် ကွန်ပျူတာ၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စာရွက်စာ တမ်းများကို အာဏာပိုင်များက သိမ်းဆည်းရမိခဲ့သည်ဟု ယင်းသံဃာနှင့် နီးစပ်သူတဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်