ရတနာပုံ အသင်း အလိုအလျောက် ချန်ပီယံဖြစ်သွား

E-mail Print
မြန်မာနေရှင်နယ်လိဂ် (MNL) ဘောလုံးပြိုင်ပွဲတွင် မန္တလေးအခြေစိုက် ရတနာပုံအသင်း သည် ၂၀၀၉-၂၀၁၀ ဘောလုံးရာသီ အတွက် အမှတ်ပေးချန်ပီယံဖြစ်သွားပြီဖြစ်သည်။

အမှတ်ပေးဇယား၌ ဒုတိယနေရာတွင် ရောက်ရှိနေသည့် Delta United အသင်းသည် ကြာသပတေးနေ့က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံး ကွင်းတွင် ဥဿ ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၁ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်သွားသည့်အတွက် အမှတ်ပေးဇယားထိပ်တွင် ရှိနေသည့် ရတနာပုံ အက်ဖ်စီ အသင်း အမှတ်ပေးချန်ပီယံဖြစ်သွားခြင်းဖြစ်သည် ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကပြောသည်။

soccer“ရတနာပုံက အလိုအလျောက် ချန်ပီယံဖြစ်သွားပြီပေါ့၊ မကွေးနဲ့ ကမ္ဘောဇ၊ ရတနာပုံနဲ့ ရန်ကုန်ယူနိုက်တက်တို့ ပွဲစဉ်ကန်ပြီးရင် ဒီနှစ် အတွက် ပြီးပြီ”ဟု ၎င်းကဆိုသည်။

လာမည့် တနင်္ဂနွေနေ့တွင်ရတနာပုံ အက်ဖ်စီအသင်းသည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်သော်လည်း ၎င်းပွဲစဉ် သည် အမှတ်ပေးချန်ပီယံအတွက် အရေးမပါတော့သည့် ပွဲတပွဲဖြစ်ကြောင်း သို့သော်လည်း အကြိတ်အနယ်ကစားလိမ့်မည်ဟု ယူဆရသည့်အတွက် လုံခြုံရေးကို စနစ်တကျစီမံထားကြောင်း ဦးစိုးမိုးကပြောသည်။

ပြီးခဲ့သည့်နှစ်က မန္တလေးမြို့ ဗထူး အားကစားကွင်းတွင် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဘက်ပရိသတ်များကြားတွင် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။

လာမည့် ဘောလုံးရာသီတွင် နေပြည်တော် ကိုယ်စားပြု ကစားမည့် ACE ဘောလုံးအသင်း၊ ကချင်အထူးဒေသ( ၁ )မှ ဘောလုံး အသင်းနှင့် ယခင် ပထမတန်းဘောလုံးအသင်းဖြစ်သော SARA အသင်းကို အမည်ပြောင်းထားသည့် ဇွဲကပင် ဘောလုံး အသင်း အသစ်များလည်း ထပ်တိုးလာမည်ဟု ဦးစိုးမိုးက ဆက်လက် ပြောပြသည်။

Delta United အသင်း နည်းပြဖြစ်သူ ဦးဆန်းဝင်းက“ ဥဿာအသင်းကို အနိုင်ရဖို့ကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့် အသင်းကစားပုံက မကောင်းခဲ့ဘူး၊ ဒုတိယနေရာ ရတာကိုပဲ ကျေနပ်ပါတယ်”ဟု Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဘောလုံးရာသီ၌ Delta United အသင်းသည် အဆင့် ၈ တွင်သာ ရပ်တည်နိုင်ခဲ့ခြင်း၊ အသင်းပိုင်ရှင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့်  အသင်းမှာ မတည်မငြိမ်ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် အမှတ်ပေးဇယား ဒုတိယနေရာသို့ တက်ရောက် လာနိုင်ခဲ့သည့်အတွက် အားရကျေနပ်စရာပင်ဖြစ်ကြောင်း ၀ါရင့်အားကစားကလောင်ရှင် ခင်မောင်ထွေး(ပျဉ်းမနား)က ပြောသည်။

“နည်းပြအဖွဲ့ က ခင်မောင်ကြိုင်နဲ့ တင်မြင့်အောင်ကလည်း အသင်းကထွက်မလိုလို သတင်းတွေထွက်နေချိန်မှာ အဆင့် ၂ ရောက် အောင်ကြိုးစားတာ အသိအမှတ်ပြုရမယ်”ဟု ၎င်းကဆိုသည်။

သို့သော်လည်း အမှတ်ပေးဇယားတွင် Delta United အသင်း၏ အခြေအနေသည် ဥဿယူနိုက်တက်အသင်းကို အနိုင်ရခဲ့လျှင် ဇယားထိပ်တွင် ရပ်တည်နေသည့် ရတနာပုံအက်ဖ်စီအသင်းနှင့် အမှတ်တူညီသွားမည်ဖြစ်သော်လည်း အသင်းသားများမှာ အား စိုက် ကစားသည့်ပုံမရှိဟု ထင်ကြောင်း၊ထိုကြောင့် စိတ်ဓာတ်ရေးရာအရ ရှုံးနိမ်နေကြောင်း ဦးခင်မောင်ထွေးကပြောသည်။

မြန်မာဘောလုံးအဆင့်အတန်းအား မြှင့်တင်နေသည့် အချိန်တွင် ဘောလုံးသမားများအနေဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေ သည့် ပရော်ဖက်ရှင်နယ် ကစားသမား စိတ်ဓာတ်မွေးမြူရမည်ဖြစ်ကြောင်း၊ ထိုသို့သော စိတ်ဓာတ်နိမ့်ကျမှုများကို ပြုပြင်ရမည်ဖြစ် ကြောင်း၊ သို့မှသာနိုင်ငံ၏ ဘောလုံးအဆင်အတန်းတိုးတက်မည်ဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။

မကြာသေးမီက MNL တွင် သွားရောက်ကစားနေသည့် ၀န်ကြီးဌာနများမှ အားကစားသမားများကို မိခင်ဌာနသို့ ပြန် လာရန်  နေပြည်တော်ရှိ ၀န်ကြီးများရုံးမှ အမိန့်ထုတ်ပြန်ခဲ့သော်လည်း ယခုအခါ ထိုအမိန့်ကို ယာယီရပ်ဆိုင်း ထားကြောင်း ဦးခင်မောင်ထွေး ကပြောသည်။

“၀န်ကြီးဌာနမှာ ကန်တဲ့ ဘောလုံးသမားတွေ ပြန်ပြီဆိုရင် ဘောလုံးသမား ဘ၀က အနားယူတာတမျိုးပေါ့၊ အဲ့သည့်တော့ လက်ရွေး စင် အသင်းအတွက် လူရွေးရတာ အခက်အခဲအများကြီးဖြစ်သွားပြီ”ဟု၎င်းကဆိုသည်။

မြန်မာလက်ရွေးစင် ဘဏ္ဍာအခွန်ဝန်ကြီးဌာန ကစားသမားဟောင်း စိုးမြတ်မင်းအား ကမ္ဘေဇဘောလုံးအသင်းမှ စာချုပ်ချုပ်ဆိုခေါ် ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးအဖြစ် မူလအသင်းဖြစ်သည့် ဘဏ္ဍာအခွန် အသင်းအား ငွေကျပ် ၁၀သိန်း၊ ကစားသမားအား ကျပ် သိန်း ၇၀ ပေးချေခဲ့ရကြောင်း၊ သို့သော်လည်း ကစားသမားမှ ခြေသခေါက်ကြော ဒဏ်ရာရရှိနေ၍ ဆေးကုသနေရပြီး မကစားနိုင် သည်မှာ အတော်ကြာပြီ ဖြစ်သည့်အတွက် အသင်းများအနေဖြင့် နစ်နာကြောင်း ဦးခင်မောင်ထွေးကထောက်ပြပြောဆိုသည်။

ကလပ်အသင်းများမှ အဆိုပါဘောလုံးသမားများကို ၀န်ကြီးဌာန၏ သဘောတူညီချက်ဖြင့် စာချုပ်သက်တမ်း ၂ နှစ် ချုပ်ဆိုပြီး ခေါ် ယူခဲ့ခြင်းဖြစ်သည်။

MNLတွင် လာရောက်ကစားနေသည့် ၀န်ကြီးဌာန ဘောလုံးသမား ၃၂ ဦးခန့်ရှိပြီး ပြန်မည့် ဘောလုံးသမားများမှာ ရန်ပိုင်၊အောင်ကျော်မိုး၊ ခင်မောင်ထွန်း၊ အောင်အောင်ဦး စသည့် နာမည်ကြီးဘောလုံးသမားများ ပါဝင်ကြောင်းသိရသည်။

အဆိုပါ ကစားသမားကောင်းများသာ ၀န်ကြီးဌာနများသို့ ပြန်သွားမည်ဆိုပါက ယခုလက်ရှိကျင်းပနေသည့် မြန်မာ နေရှင်နယ်လိဂ် နှင့် မြန်မာဘောလုံးလောကသည် အချိန်ကာလတခုအထိ နိမ့်ကျသွားနိုင်သည်ဟု ထင်ကြောင်း၊ သို့သော်လည်း ၎င်းတို့၏ ဘ၀ ရှေ့ရေးအတွက် ဆုံးဖြတ်ချက်ကို လေးစားရမည်ဖြစ်ကြောင်း အင်အားဂျာနယ်မှ ဦးကိုကိုကြီးက သုံးသပ်ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်