ပြည်တွင်း ကားဈေးကွက် အေးစက်

E-mail Print
ပြည်တွင်း ကားဝယ်ရောင်း လုပ်ငန်းများ အေးနေပြီး ကားဈေးများ ကျဆင်းလျက် ရှိကြောင်း ရန်ကုန်နှင့် မန္တလေးမြို့ ကားဝယ်ရောင်း လုပ်ငန်းများမှ သိရှိရသည်။

ထိုသို့ ဖြစ်နေခြင်းမှာ အစိုးရကား လေလံပွဲများ ဆက်တိုက် ကျင်းပလာခြင်း၊ တရားမ၀င် ကား တင်သွင်းရောင်းချသော လုပ်ငန်းများ တွင်ကျယ်လာခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ကားများတင်သွင်းခွင့်ပြုတော့မည်ဟူသော သတင်းများထွက်ပေါ်လာခြင်းနှင့် ပြည် တွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုကျပ်တည်းလာခြင်းတို့ကြောင့် ဖြစ်ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။

“ကားဈေးက နေ့တိုင်း ကျနေတာ၊ တရက်နဲ့ တရက်ကို ဈေးက မတူတော့ဘူး၊ ပေါက်ဈေးကို ပြောရခက်တဲ့ အနေအထား ရောက်နေတယ်၊ ဈေးသာရှိပြီး ၀ယ်တဲ့သူ မရှိဘူး၊ ကုန်တင်ကား ရောင်းချင်တဲ့သူပဲ များတယ်”ဟု ရန်ကုန်မြို့ ဟံသာဝတီ ကားပွဲစား တန်းမှ ၀ယ်ရောင်း သမားတဦးက ပြောသည်။

၂၀၀၉ ခုနှစ်မှ စတင်ပြီး ကားဈေးကွက်တွင် အရောင်းပါး ခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ် နှစ်ဆန်း ပိုင်းတွင် လုပ်ငန်းသုံး ကားများ ၃ တန်မှ ၅ တန်၊ ၆ တန်မှ ၉ တန်၊ ၁၀ တန်မှ ၂၀၊ ၂၁ တန်နှင့် အထက် Truck , Box Truck ကုန်ကား အမျိုးအစားများ (ဘယ်မောင်း) ကို ထောက်ခံချက် မျိုးစုံဖြင့် တင်ပြ လျှောက်ထားရန် မလိုဘဲ ပြည်ပပို့ကုန်မှ ရသည့် နိုင်ငံခြားငွေ ရှိသူ မည်သူမဆို လွတ်လပ်စွာ တင်သွင်းခွင့် လျှောက်ထား နိုင်ပြီဟု ခွင့်ပြုလိုက်သည့် အတွက် ကားဈေးကွက်မှာ ပိုပြီး အေးသွား ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဆလွန်း၊၀က်ဂွန်ထိ ခွင့်ပြုတဲ့အဆင့်ကို မရောက်သေးပေမယ့် လုပ်ငန်းသုံးကားနဲ့ ခရီးသည်တင်ကား အဆင့်တော့ ရောက်လာပြီ ဆိုတော့ မကြာခင်မှာ အိမ်စီးကားတွေလည်း ရောက်လာနိုင်တယ်၊အခုဆိုကားကိုအမြတ်ရဖို့ဝယ်မယ့်သူ မရှိတော့ဘူး၊ ဈေးကွက် ထဲမှာ ၀ယ်လိုအားနည်းလာတော့ အခုရက်ပိုင်းမှာ ရန်ကုန်ကားဈေးကွက်က အေးတဲ့အပြင် အရောင်းအ၀ယ်ဈေးပါ ထပ်ကျလာပြန် တယ်၊ တစီးကို အမျိုးအစားပေါ်မူတည်ပြီး သိန်း ၂၀ ကျော်ကနေ သိန်း ၇၀ ၀န်းကျင်အထိလောက်တောင် ကျတယ်၊ ဒါတောင် ၀ယ်မယ့်သူ မရှိဘူး”ဟု ကားဈေးကွက်ကျွမ်းကျင်သူ တဦးက ပြောသည်။

ကားဈေးကျဆင်းရခြင်းမှာ လေလံကားများနှင့် Without(လိုင်စင်မဲ့)ကားများကို လဲစီးကြခြင်းကလည်း အကြောင်းရင်းတချက် ဖြစ်ကြောင်း သူက ဆိုသည်။

အစိုးရနှင့်ငြိမ်းချမ်းရေးယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA)မှလည်း Without မော်ဒယ်မြင့် ကားသစ် အမျိုးမျိုးကို ရန်ကုန်အရောက် တရားမ၀င်တင်သွင်း လျက်ရှိပြီး ထိုကားများနှင့်လေလံပွဲမှ လေလံအောင် နံပါတ်ရပြီး ကား နှင့် လဲစီး၍ သယ်ယူကြသည်မှာ ၂၀၀၈ ခုနှစ် ကတည်းကပင် ဖြစ်ကြောင်း၊၂၀၀၉ ခုနှစ်အတွင်း ထိုလုပ်ငန်းများ ပိုမို တွင် ကျယ်လာပြီး လူအများစုကလည်း လေလံပွဲများကို အသုံးချလာကြခြင်းဖြစ်ကြောင်း သူက ပြောပြသည်။

“အခု လုပ်နေကြတာက ကားဘယ်လောက်စုတ်စုတ် လေလံဝင်ဆွဲတယ်၊ အဲဒီလိုဆွဲမှ အမည်ပေါက်နဲ့ နံပါတ်ရမှာလေ၊ နောက် Withoutကားမှာ  လေလံကားက အင်ဂျင်နံပါတ်တို့ ဘော်ဒီနံပါတ်တို့ ရိုက်ပြီး ရုံးမှာ လိုင်စင်လုပ်တာ ငွေ ကျပ် ၁၀ သိန်း ပေးလိုက် ရင်ရပြီပဲ”ဟုလည်း သူက ပြောဆိုသည်။

Without ကားများကို လေလံကား အင်ဂျင်နံပါတ်ပြောင်းရိုက်ပေးခြင်း၊ ဘော်ဒီနံပါတ်ပြောင်းရိုက်ခြင်းတို့အတွက် စုစုပေါင်း ကုန်ကျ စရိတ်မှာ ကျပ် ၁၂ သိန်းဈေးရှိကြောင်း၊ လေလံကားအဟောင်းကိုမူ ဘုရင့်နောင်ကားပစ္စည်း အရောင်းဆိုင်များက ဈေးဖြတ်ပြီး ၀ယ်ယူပေးကြောင်း ရန်ကုန်မြို့မှ ကားဘော်ဒီပြုပြင်ရေး လုပ်ငန်းရှင် တဦးက ပြောသည်။

လေလံပွဲမှ ကားလေလံဆွဲပြီး ကားဘော်ဒီနှင့်နံပါတ်သာ ယူကာ Withoutကားနှင့် လဲစီးနေကြခြင်းမှာ ကားကောင်းကားသစ် စီးရသည့်အပြင် ဈေးနှုန်းမှာလည်း ပိုပြီးတွက်ခြေကိုက်သည့်အတွက် လေလံပွဲများကို ကားဝယ်ရောင်းသမားများသာမက၊
အပြင်လူ အိမ်စီးကားဝယ်လိုသူများကပါ စိတ်ဝင်စားလာပြီး လေလံကားမှ ကိုယ်ကြိုက်သည့်ကားကို လေလံဆွဲကာ လဲစီး ခြင်းဖြစ်ကြောင်း ကားလေလံသမားများထံမှ သိရှိရသည်။

“ဗန်ဖင်ကောက် Withoutဆိုရင် အိမ်ရှေ့အရောက် ကျပ် ၄၅ သိန်းပဲ ရှိတယ်၊အင်ဂျင်နံပါတ်နဲ့ ဘော်ဒီနံပါတ် ရိုက်တာက ၁၂ သိန်း၊ လိုင်စင်အတွက် ၁၀ သိန်းဆိုတော့ သိန်း ၆၀ ကျော်ပဲကျတယ်၊ လေလံဆွဲခဲ့တဲ့ဈေးပါထည့်ပေါင်းရင်တောင် အပြင်ဈေးနဲ့ကွာတယ်၊ အပြင်ပေါက်ဈေးက ကျပ် သိန်း ၃၅၀ ရှိတယ်”ဟု လေလံသမား တဦးက ပြောသည်။

ဇန်န၀ါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပနေသောလေလံပွဲတွင် အမြင့်ကား အများဆုံးပါဝင်ပြီး အစီး ၄၀၀ ကျော်လေလံတင်ရောင်းချနေသည့်အတွက် ကားဈေးမှာလည်း၂၀၀၉ ခုနှစ် ဒီဇင်ဘာလကထက် ပိုပြီးဈေးကျသွားကြောင်း၊ အပေါ်ကား၊ အောက်ကားဈေးများမှာ ယခင်ကထက် တစီးလျှင် ကျပ် သိန်း ၂၀ မှ သိန်း ၅၀ ၀န်းကျင်အထိ ကျဆင်းသွားခြင်း ဖြစ်ကြောင်း ဟံသာဝတီကားဈေးကွက်ရှိ လုပ်ငန်းသမားများက ပြောဆိုကြသည်။

ထိုလေလံပွဲတွင် မစ်ဆူဘီရှီ၊ ပါဂျဲရိုး၊ တိုရိုတာ၊ လန်ခရူဇာ၊ တိုရိုတာဟိုင်းလပ်ဆပ်ဖ် စသည့် ၀က်ဂွန် အမျိုးအစား ကား ၁၅၄ စီး အများဆုံးပါဝင်ပြီး တိုရိုတာ ကိုရိုလာဗင်၊ ကရီနာဗန် စသည့် လူသုံးများသည့် ကား ၈၅ စီး၊ တိုရိုတာ လိုက်အေ့စ် မိုက်ခရိုဘတ်စ် ၄၈ စီး၊ တိုယိုတာမတ်တူး တိုယိုတာကရောင်း စသည့် ဆလွန်းအမျိုးအစား ၆၉ စီး၊ အီစူဇူးဒယ်ဗယ် ကတ်၊နစ်ဆန်းအိတ်စထာကတ် စသည့် ပစ်ကပ်ကား အစီး ၃၀၊ ဗေဂျင်းဂျစ် ၂၁ စီး၊ ကုန်တင်ကား နှင့် တခြားကားအမျိုးစား ၁၅ စီးခန့် ပါဝင်ကြောင်း သိရှိရသည်။

“လေလံပွဲတွေရှိတော့  အရောင်းအ၀ယ်လဲ မရှိသလောက်ဘဲ၊ ပစ်ကပ် ပုစဉ်းခေါင်းဆို ကျပ် သိန်း ၁၀၀ ၀န်းကျင်လောက်ပဲရှိတော့ တယ်၊ ဆူဇူကီးဆို သိန်း ၃၂၀၊ ဖင်ကောက်က ၄၅၀ ကျော်ကနေ ၅၀၀ ၀န်းကျင်လောက်ပဲရှိတော့တယ်၊ ကားကို စီးဖို့ ၀ယ်တဲ့သူ လောက်ပဲ အဆင်ပြေတော့တယ်၊ အရင်လို ကစားဖို့ မစဉ်းစားရဲကြဘူး၊ ကားဆိုတာ အခုဝယ်ထားပြီး မြတ်ဖို့ တော်တော်နည်း သွားပြီ”ဟု ကားပွဲစားတဦးက ပြောသည်။

၂၀၀၈ ခုနှစ် အစိုးရကားလေလံပွဲများ ကျင်းပချိန်မှစ၍ ကားဈေးများ တအိအိကျဆင်းလာခဲ့ပြီး  ပြင်ပမှ ငွေဝင်ကစားသူများ က လည်း ကားအစား တခြားသော အိမ်ခြံမြေလုပ်ငန်းများဘက်သို့ ပြောင်းကုန်သည့်အတွက် အရောင်းအ၀ယ် ကျဆင်းခဲ့သည် မှာ၂၀၀၉ ခုနှစ်မှ ယနေ့ အထိ ဖြစ်ကြောင်း ကားဝယ်ရောင်းသမားများက ပြောဆိုကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်