ဟိုင်းလတ်၊ ဒိုင်နာများ မြို့တွင်းလိုင်းမဆွဲရ၍ ခရီးသည် အခက်ကြုံ

E-mail Print
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက် ရှိသော ခရီးသည်တင် ဒိုင်နာနှင့် ဟိုင်းလတ် ယာဉ်လိုင်းများ ရန်ကုန်မြို့လယ် ၀င်ခွင့်မရ၍ ခရီးသည်များ အခက်ကြုံ နေရကြောင်း သိရသည်။

၎င်း ခရီးသည်တင် ဒိုင်နာယာဉ် လိုင်းများ၊ ဟိုင်းလတ်ယာဉ်လိုင်းများသည် တာမွေမြို့နယ်ကို အခြေပြု၍ ယခုလ ၂ ရက်နေ့မှ စတင်ပြောင်းလဲပြေးဆွဲနေရခြင်း ဖြစ်သည်။

မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(မ.ထ.သ)မှ ယင်းယာဉ်လိုင်းများနေရာတွင် အစားထိုး ပြေး ဆွဲ စေသောယာဉ်လိုင်းတချို့မှာ အစီးရေနည်းပါးနေသည့်အတွက် ရုံးတက်ရုံးဆင်းချိန်များတွင် ခရီးသည်များ ခက်ခဲစွာ စီးနင်းနေရကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ အစိုးရရုံးဝန်ထမ်းတဦးက ဆိုသည်။

“အရင်ကတည်းက ကားကျပ်တယ်ဆိုပေမယ့်။ အထူးယာဉ်လိုင်းတွေပေါ်လာတော့ ကားစီးရတာချောင်သွားသေး တယ်။ အခု ဒိုင်နာတွေနေရာမှာ အစားထိုးတဲ့ကားက မလုံလောက်တော့ ရုံးချိန်ရောက်ဖို့ အလုအယက်စီးနေ ရတယ်”ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ ဒိုင်နာယာဉ်လိုင်းများ၊ ဟိုင်းလတ်ယာဉ်လိုင်းများကို မြို့တွင်းခြောက်မြို့နယ်သို့ ၀င်ရောက်ခွင့်ပိတ်ပင် လိုက်ခြင်းကြောင့် ဆင်းခြေဖုံးနေရာများဖြစ်သည့် သာကေတ၊ တောင်ဥက္ကလာပ၊ ရန်ကင်းစသော မြို့နယ်များမှ ရုံးဝန်ထမ်းနှင့် လက်လုပ်လက်စား အလုပ်သမားများ မြို့ထဲသို့လာရန် မှတ်တိုင်များတွင် အချိန်များစွာစောင့်ဆိုင်း နေရကြောင်း ရန်ကင်းမြို့နယ်မှ ကုမ္ပဏီ ၀န်ထမ်းတဦးကဆိုသည်။

လမ်းကြောင်းပြောင်းလဲပြေးဆွဲရသောယာဉ်လိုင်းများမှာ မ.ထ.သ လက်အောက်ရှိ ၃၄၊ ၃၈၊ ၆၃၊ ၁၇၁၊ ၁၉၆၊ ၃၆ စသောယာဉ်လိုင်းများ ပါဝင်ပြီး အနောက်ပိုင်းခရိုင် လက်အောက်ရှိ ၁၀၅၊ ၁၀၆၊ ၁၀၇ ယာဉ်လိုင်းများပါဝင်ကြောင်း မ.ထ.သ တာဝန်ရှိသူတဦးက ပြောသည်။

၃၁ ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက“သူတို့ပြောင်းခိုင်းတော့လည်း ပြောင်းပေးရတာပေါ့။ အရင်က မြို့ထဲမှာ ဆွဲရင် လေးငါးကြောင်း လောက်အနည်းဆုံးတယ်။ အခုကလမ်းကြောင်းရှည်သွားတယ်ပိုက်ဆံမရဘူး။ နောက်ကျနော်တို့ ကုန်ပဲပြောင်းတင်တော့မယ်”ဟု ဆိုသည်။

မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်ရန်ဆောင်ရွက်သည်ဆိုသော်လည်း အစားထိုးယာဉ်များလုံလောက်စွာ မပြေးဆွဲနိုင်၍ ထိုင်ခုံပြည့်သာ တင်ဆောင်ရမည်ဆိုသော အထူးယာဉ်လိုင်းများတွင် မတ်တပ်ရပ်ခရီးသည်များစွာ တင်ဆောင် လာကြရသည်။

“ရုံးတက်ရုံးဆင်းချိန်ကျတော့ ခရီးသည်တွေက အတင်းလုတက်ကြတယ်။ ကျနော်တို့က တင်ပြန်တော့လည်း ရဲက လူပိုတင်တယ် ဆိုပြီး ဖမ်းတယ်ဗျာ။ အခုဆိုမြို့ထဲမှာ ဒိုင်နာတွေမရှိတော့ ကားလမ်းတွေနည်းနည်းတော့ ရှင်းသွားတယ်”ဟု မ.ထ.သ (၄၈) အထူးယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ဆိုသည်။

၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ၂ရက်နေ့က စတင်၍မြို့တွင်းသို့ ပြေးဆွဲခြင်းပိတ်ပင်ခဲ့သော စစ်ကျန်ဘတ်စ် များမှာ  ၀င်ငွေရရှိမှုနည်းပါး၍ ယာဉ်များကို ရပ်တန့်ထားခဲ့ရကြောင်း မ.ထ.သ(၃၈) စစ်ကျန်ဘတ်စ် ပိုင်ဆိုင်သော ယာဉ်ပိုင်ရှင်တဦးက ပြောသည်။

ယခုပြောင်းရွှေ့ရသော ယာဉ်လိုင်းများတွင် ၃၈အစိမ်းရောင်လိုင်းသည် စက်ဆန်းအေဘီစီမှ သုဝဏ္ဏ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ မြောက်ဥက္ကလာပ အ၀ိုင်းသို့ လည်းကောင်း၊ ၃၆လိုင်းသည် ဒဂုံမြို့သစ်မြောက်ပိုင်း ၅၀ကွေ့မှ ဘေလီ တံတား၊ ရန်ကင်း၊ ဦးချစ်မောင်လမ်းနှင့် တာမွေသို့လည်းကောင်း၊ ၃၄လိုင်းသည် သာကေတ၊ တာမွေ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ လည်းကောင်း စသဖြင့်မြို့ပြင်များတွင် ပြေးဆွဲရမည်ဖြစ်ကြောင်း မ.ထ.သ ကဆိုသည်။

ယခုကဲ့သို့ပင်၂၀၀၉ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း စစ်ကျန်ဘတ်စ်(ချက်ပလက်)များကို မြို့တွင်းသို့ ပြေးဆွဲခြင်းများ ရပ်ဆိုင်းပြီး မြို့ပြင်သို့ပြေးဆွဲစေခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်