အကျိုးပြုဂီတပွဲတော် နေပြည်တော်တွင် ကျင်းပမည်

E-mail Print
ပြန်ကြားရေး ၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ခေတ်ပေါ် စတီရီယို ဂီတအဖွဲ့များနှင့် ကာလပေါ် မြန်မာသံဂီတ အဖွဲ့များ ပါဝင်သော နိုင်ငံတော် အကျိုးပြု သီချင်းများ ရေးစပ်သီဆို ဖျော်ဖြေမည့် ဂီတ ပွဲတော်ကို နေပြည်တော်၌ ဖေဖော်ဝါရီ တတိယပတ်တွင် ကျင်းပ ပြုလုပ်ရန် စီစဉ်လျက် ရှိသည်ဟု သိရသည်။

“ကာလပေါ်၊ ခေတ်ပေါ်နဲ့ မြို့နယ် ဂီတအစည်းအရုံး အဖွဲ့တွေ အားလုံးပေါင်း ၃၀ ကျော်ပါမယ်" ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ယင်းဂီတ ပွဲတော်မှာ ပထမဆုံး အကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဂီတပွဲတော်၏ ရည်ရွယ်ချက်မှာ ခေတ်ပေါ် သံစဉ် သီချင်းများနှင့် မြန်မာသံစဉ် သီချင်းများ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် နိုင်ငံတော် တည်ဆောက် ရေးတွင် အနုပညာရှင်များ အနေဖြင့် တခန်းတကဏ္ဍမျှ ပါဝင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြု လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ခေတ်ပေါ် စတီရီယို အဖွဲ့များမှာ Iron Cross ၊ Emperor ၊ Aurora ၊ New Wave ၊ The Trees ၊ Lazy Club ၊ The Rays စသည့် တီးဝိုင်းများ၊ ကာလပေါ် မြန်မာသံစဉ် တီးဝိုင်းများ အနေဖြင့် စန္ဒရား ကွန်းဇော်နှင့် အဖွဲ့၊ မောင်မောင်အေး (အလင်္ကာဝတ်ရည်) အဖွဲ့ စသည်တို့ ပါဝင်ကြမည် ဖြစ်သည်။

အဆိုပါ ဂီတပွဲတော် အတွက် ရေးသားရမည့် အကြောင်း အရာများမှာ သွေးကွဲခြင်း၏ အဓိပ္ပာယ်ကို ဖော်ဆောင်ခြင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး၊ အသိတရားနှင့်ယှဉ် သတိတရားနှင့် ပေါင်းစပ်၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး၊ မြန်မာ့ အလှအပ မြန်မာ့ စိတ်ထားစသည့် အချက်ငါးချက်ထဲမှ အကြောင်းအရာ တချက်စီအား တေးသီချင်း တပုဒ်စီ ရေးစပ်ကြရမည် ဖြစ်သည်။

ယင်းကဲ့သို့ အကြောင်း အရာများကို အခြေခံရေးသား ထားသည့် အချက်တခုစီထဲမှ အကောင်းဆုံး တေးတပုဒ်စီကို ရွေးချယ်၍ နေပြည်တော်တွင် ဂီတပွဲတော် အဖြစ် ကျင်းပပြုလုပ်မည် ဖြစ်ကာ ထိုက်ထိုက် တန်တန် ဆုချီးမြှင့်မည် ဖြစ်ကြောင်းလည်း သိရသည်။

ခေတ်ပေါ်နှင့် ကာလပေါ် တေးဂီတ၀ိုင်းများ အနေဖြင့် အပြီးအစီး ရေးစပ်သီဆို ထားသည့် တေးသီချင်း စီဒီချပ်များကို ဂီတအစည်း အရုံးမှ တဆင့် ပြန်ကြားရေး ၀န်ကြီးဌာနသို့ ဇန်န၀ါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ထားပြီး ဖြစ်သည်။

“ကျနော်တို့ အဖွဲ့အနေနဲ့က ရေးပြီး ဆိုပြီးသား သီချင်းတပုဒ် တင်ထားပါတယ်။ ကိုညီသူဟန်က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုပြီး တင်လိုက်တာပါ” ဟု lazy Club တေးဂီတ အဖွဲ့၏ မန်နေဂျာ ကိုစိုးနိုင်ထွန်းက ဧရာဝတီကို ပြောသည်။

၎င်းဂီတ ပွဲတော်တွင် ပါဝင်ရေးစပ် ကြမည့် တေးသီချင်းများကို အကဲဖြတ်ပေးမည့် ဒိုင်များအနေဖြင့် ခေတ်ပေါ် စတီရီယိုနှင့် ကာလပေါ် မြန်မာသံစဉ် ဒိုင်များဟူ၍ ခွဲခြား သတ်မှတ်ထားပြီး ရွေးချယ်အမှတ် ပေးကြမည် ဖြစ်သည်။

အဆိုပါ ဂီတပွဲတော်တွင် အကောင်းဆုံး ရေးစပ်နိုင်မည့် တေးသီချင်းများကို ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်မည် ဖြစ်ကြောင်း ဂီတ အသိုင်းအ၀ိုင်း ထဲမှ ကြားသိရသည်။

ဤသတင်းအား ဧရာဝတီ သတင်းထောက် သဲသဲမှ ပူးပေါင်းပါဝင် ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်