ကိုညီညီအောင် ထောင်ဝင်စာ တွေ့ခွင့်မရ

E-mail Print
အာဏာပိုင်တို့က အမေရိကန် နိုင်ငံသား ခံယူထားသည့် ကိုညီညီအောင်ကို ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင် ထားကြောင်း ပြည်မြို့ အကျဉ်းထောင်သို့ ယနေ့ သွားရောက်ခဲ့သည့် အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။

“တွေ့ခွင့် မပြုဘူး၊ အထက်က မတွေ့ရသေး ဘူးလို့ ပြောလို့ တွေ့ခွင့် မရတာပါ ဆိုပြီးတော့ ပြောတယ်” ဟု  ဒေါ်ခင်ခင်ဆွေက ဧရာဝတီသို့ ရှင်းပြသည်။

တွေ့ခွင့် မရသော်လည်း ကိုညီညီအောင် အတွက် အစားအသောက် တချို့ကို ထောင် အာဏာပိုင်တို့မှ တဆင့် ပေးအပ်နိုင်ခဲ့ သည်ဟု သူက ပြောသည်။ အယူခံ တင်ရေး အတွက် ရှေ့နေဖြစ်သူ ပေးပို့လိုက်သော စာရွက်စာတမ်း များကိုလည်း ကိုညီညီအောင်က လတ်မှတ်ထိုးပေး ခဲ့သည်ဟု ဆိုသည်။

မည်သည့်အချိန်တွင် ထောင်ဝင်စာတွေ့ခွင့်ရမည်ကို မသိရသေးသော်လည်း အစားအသောက်၊ အသုံးအဆောင် ပစ္စည်းများကို အပတ်စဉ် သို့မဟုတ် တပတ်ခြား တကြိမ် ပေးပို့နိုင်မည်ဟု ဆိုသည်။

ထောင်တွင်း စည်းကမ်းချက်များ ချိုးဖောက်ခြင်း မရှိသော အကျဉ်းသားမှန်သမျှ ၂ ပတ်လျှင် တကြိမ်ကျ ထောင်ဝင်စာ လက်ခံခွင့်ရှိကြောင်း အကျဉ်းထောင် လက်စွဲဥပဒေတွင် ပြဌာန်းထားသည်။ သို့သော်လည်း နိုင်ငံရေးအကျဉ်းသားများ မိသားစုနှင့် တွေ့ဆုံနိုင်ရေးကို ထောက်လှမ်းရေးတပ်ဖွဲ့က ထိန်းချုပ်ထားသည်။

ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှု နောက်ပိုင်း အမေရိကန် ပြည်ထောင်စုတွင် ခိုလှုံခွင့် ယူခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားတဦး ဖြစ်လာသည်။

ကိုညီညီအောင်၏ မိခင် အပါအဝင် မိသားစုဝင် ၅ ဦးသည်လည်း နိုင်ငံရေး လှုပ်ရှားမှုကြောင့် မြန်မာပြည်ရှိ အကျဉ်းထောင်အသီးသီးတွင် ရောက်ရှိနေသည်။

ကိုညီညီအောင်က မိခင်ဖြစ်သူအား တွေ့ဆုံရန် ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်သို့ သွားရောက်ခဲ့ရာ အာဏာပိုင်တို့က သူ့ကို  မင်္ဂလာဒုံလေဆိပ်တွင် ထိန်းသိမ်းလိုက်သည်။ ထို့နောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အင်းစိန် ထောင်တွင်း တရားရုံးက သူ့ကို ထောင်ဒဏ် ၃ နှစ် ချလိုက်ပြီး နောက်တနေ့တွင် ပြည်မြို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည်။

ထိုသို့ ရုတ်တရက် ထောင်ပြောင်းလိုက်ခြင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ ကင်တာနာ၏ ခရီးစဉ်ကြောင့် ဖြစ်နိုင်သည်ဟု လေ့လာသူတချို့က ယူဆကြသည်။ မစ္စတာ ကင်တာနာသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိသွားသည်။ သူ၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း အင်းစိန်ထောင်ရှိ  နိုင်ငံရေးအကျဉ်းသားများကို တွေ့ဆုံဖွယ် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၂၁၉၅ ဦး ထိန်းသိမ်းခံနေရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်