သားစိုးက ငါးကြိမ်မြောက် မွှေဦးမည်

E-mail Print
မြန်မာ ဂန္ထ၀င် သီချင်းများ၊ နတ်ချင်းများကို ခေတ်ပေါ် သံစဉ်များဖြင့် ရောစပ် မွှေနှောက်လေ့ ရှိသည့် ဟစ်ပ်ဟော့ပ် အဆိုတော် သားစိုးက မြန်မာသံ သီချင်းများကို ကိုယ်တိုင် ရေး၊ ဆို၊ တီးကာ ထပ်မံ “မွှေ” ဦးမည် ဖြစ်သည်။

သင်္ကြန် မတိုင်မီ ထွက်လာမည့် “ရောတယ်၊ မွှေတယ်” ဟု အမည် ပေးထားသည့် သူ၏ တေးစီးရီး သစ်တွင် ခေတ်ဟောင်း သံစဉ်များ ပါဝင်မည်ဟု ဆိုသည်။

“အရင်ကတော့ ရှိပြီးသားကို သုံးတာပေါ့။ အခုတော့ ကျနော်လည်း သီချင်း ရေးနေတဲ့သူ ဆိုတော့ ၁၉၄၀၊ ၆၀ လောက်က မြန်မာ သံစဉ်ပုံစံ အချိုးမျိုး လေးတွေနဲ့ စမ်းပြီး ရေးကြည့်တာပါ” ဟု သားစိုးက ဧရာဝတီကို ပြောသည်။

“ဒီစီးရီးမှာ မြန်မာသံ စုစုပေါင်း ၆ ပုဒ် ပါမယ်။ စာပေ စိစစ်ရေးက ဘယ်နှစ်ပုဒ် ဖြုတ်မယ် ဆိုတာတော့ မသိသေးဘူး” ဟု သားစိုးက ရှင်းပြသည်။

သူ၏ ပဉ္စမမြောက် စီးရီး “ရောတယ်၊ မွှေတယ်” တွင် ပါဝင်မည့် နတ်ဒိုးသံ၊ ဆိုင်းသံများ အတွက် တူရိယာများကို မသုံးဘဲ ကွန်ပျူတာ အသုံးပြုပြီး ဖန်တီးထားသည်ဟု ဆိုသည်။

ကွန်ပျူတာ နည်းပညာ အကူအညီကို ယူထားရခြင်းမှာ မြန်မာ့ ဆိုင်းဝိုင်းတွင် အနောက်တိုင်း တူရိယာများ တွဲဖက် တီးခတ်ခြင်း မပြုရန်  မြန်မာနိုင်ငံ သဘင် အစည်းအရုံးက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး တားမြစ်ထား သောကြောင့် ဖြစ်သည်ဟု သားစိုးက ပြောသည်။

“ကျနော့် အပေါ် အဲ့ဒီ ပြဿနာ ရောက်လာမှာ စိုးလို့ နတ်ဒိုး အစစ်တွေ၊ ဆိုင်း အစစ်တွေကို မသုံးတော့ဘဲ ကျနော့် ဘာသာ တီးနိုင် သလောက် ပြန်တီး လိုက်တာပါ” ဟု သူက ဆက်ပြောသည်။

“ရောတယ်၊ မွှေတယ်” စီးရီးအတွက် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ကျောင်းဆင်း လူငယ်များက မြန်မာသံ (မိုနို) တေးသီချင်းများကို ကူညီ သီဆို ပေးထားသည်။

သားစိုးသည် ၂ဝဝဝ ပြည့်နှစ်မှ စတင်ပြီး ဟစ်ပ်ဟော့ပ် တေးဂီတအဖွဲ့ ဖြစ်သည့် သီအိုရီနှင့် အတူ ဂီတ လောကတွင် ခြေချခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် ထွက်ရှိခဲ့သော ရောသမမွှေ စီးရီးဖြင့် တရှိန်ထိုး အောင်မြင်ခဲ့သူ ဖြစ်သည်။

သားစိုး၏ “မွှေ” စီးရီးများ ဖြစ်သည့် ရောသမမွှေ၊ ရောချင်ရော မရောချင်နေ၊ အမွှေ၊ မွှေလို့မ၀လို့ တို့ကို လူငယ်ပရိသတ် အများအပြား အကြိုက် တွေ့ခဲ့ကြသည်။

ရိုးရာသံစဉ် တေးသီချင်းများကို ခေတ်အကြိုက် ဆန်းသစ် တီထွင်နိုင်ကြောင်း မျိုးဆက်သစ် လူငယ်များ သိစေလို သောကြောင့် “မွှေ” စီးရီးများကို ဖန်တီးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

“မြန်မာ သံစဉ်တွေမှာ တခြားနိုင်ငံက သံစဉ်တွေနဲ့ မတူတာတွေ ရှိတယ်၊ အဲ့ဒါကို ချစ်လို့ပါ။ မြန်မာလူမျိုး ဆိုတာ ရှေးနှစ်ပေါင်း ထောင်ချီပြီး တည်တံ့ခဲ့တဲ့ လူမျိုး တမျိုးလေ။ ဒီလူမျိုးရဲ့ ဂီတ အမွေအနှစ်တွေ အများကြီး ရှိတာကို ဂီတ မျိုးဆက်သစ်တွေက မဖော်ထုတ်ဘဲ ဒီအတိုင်း သွားနေရင် ပျောက်ကုန်မှာပါ” ဟု သူက ပြောပြသည်။

သားစိုး၏ ရောသမမွှေ သီချင်းများမှာ မြန်မာ့ဂီတ လောကတွင် အငြင်းပွားဖွယ်ရာ ဖြစ်နေသည်။ ထောက်ခံ နှစ်သက်သူများ ရှိသကဲ့သို့ မွှေသီချင်းများက မြန်မာ့ရိုးရာ ဂီတကို ဖျက်ဆီးနေသည်ဟု ယူဆသူ များလည်း ရှိသည်။

“ကျနော်တို့က ရိုးရာ ပစ္စည်းတွေ၊ ရိုးရာ အနုပညာတွေကို ထိန်းသိမ်း နေတဲ့သူ ဆိုတော့ သူ လုပ်ရက်လို့ လုပ်လိုက်တဲ့ အပေါ် ရုတ်တရက်တော့ ခံစားရပါတယ်။ ဒါပေမယ့် သူတို့ အောင်မြင်သွားတယ် ဆိုတော့လည်း ၀မ်းသာပါတယ်” ဟု ရန်ကုန်မြို့မှ ဆိုင်းပညာရှင် သီရိမောင်မောင်က ဧရာဝတီကို ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်