ဘန်ကောက်တွင် ပအို့ဝ် ယဉ်ကျေးမှု ပွဲတော်ကျင်းပ

E-mail Print
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယနေ့တွင် ပအို့ဝ် တိုင်းရင်းသားများ၏ ရိုးရာ အဆိုအက၊ စာပေ အနုပညာများ ပါဝင်ပြသသည့် ယဉ်ကျေးမှုပွဲတော် ကျင်းပသည်။

ပအို့ဝ် အမျိုးသားနေ့ ဖြစ်သော ယနေ့တွင် ပအို့ဝ် ယဉ်ကျေးမှုပွဲတော်ကို ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများ မပျောက်ပျက်ရေး၊ ပအို့ဝ်အခွင့်အရေး တန်းတူညီမျှရေး၊ အမျိုးသား စိတ်ဓာတ်မြှင့်တင်ရေး၊ သွေးစည်း ညီ ညွတ်ရေး စသည့် ဦးတည်ချက်များဖြင့် ကျင်းပခြင်း ဖြစ်သည်ဟု ပအို့ဝ် ဖောင်ဒေးရှင်းမှ အထွေထွေ အတွင်းရေးမှူး ကိုခွန်ဝင်းက ဧရာဝတီသို့ ပြောသည်။

pa-oh_festival“တကယ်တော့ ဒီနေ့ဟာ ပအို့ဝ် အမျိုးသားနေ့ဖြစ်ပါတယ်၊ မနှစ်ကတော့ ကျနော်တို့ ပအို့ဝ် အမျိုးသားနေ့လို့ပဲ ရေးခဲ့တယ်၊ ပအို့ဝ်လို ရေးတဲ့စာမှာလည်း ဒီလိုပဲရေးတယ်၊ ဒါပေမယ့် ဒီနှစ် ထိုင်းနိုင်ငံရဲ့ လုံခြုံရေး အခြေ အနေအရ ကျနော်တို့က ပအို့ဝ် ယဉ်ကျေးမှု ပွဲတော်လို့ နာမည်ပြောင်းလုပ်ရတာပါ၊ ပြည်တွင်းမှာဆိုရင် ဒီလို ကိုယ့်ရိုးရာ ယဉ်ကျေးမှုကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရဖို့ဆိုတာ မလွယ်ဘူး”ဟု ၎င်းက ဆိုသည်။

ယနေ့ တပေါင်းလပြည့်နေ့သည် ပအို့ဝ်အမျိုးသားနေ့ဖြစ်ပြီး တပေါင်းလပြည့်နေ့ကို သတ်မှတ်ရခြင်းမှာ လွန်ခဲ့ သော နှစ်ပေါင်း၂၅၀၀ကျော် (ဘီစီ-၆ရာစုခန့်က) သုဝဏ္ဏဘူမိ သထုံပြည်တွင် သူရိယစန္ဒာ အမည်ရှိမင်းတပါး ရှိခဲ့သည်။ ထိုမင်းသည် ပအို့ဝ်လူမျိုးများ၏ ဂုဏ်ရောင်ကို မြှင့်တင်ပေးခဲ့သည်။ ပအို့ဝ် လူမျိုးများသည် ထိုမင်း ကို အထူးချစ်ခင် မြတ်နိုးကြသဖြင့်“သူရိယစန္ဒာမင်း”မွေးဖွားသော တပေါင်းလပြည့်နေ့ကို “ပအို့ဝ် အမျိုးသား နေ့” အဖြစ် သတ်မှတ်ခဲ့ကြောင်း ပအို့ဝ် အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီက ထုတ်ဝေသည့် စာစောင် တွင် ဖော်ပြထားသည်။

ယခုအကြိမ်အပါအ၀င် ဘန်ကောက်တွင် ပအို့ဝ်အမျိုးသားနေ့ကျင်းပသည်မှာ (၆) ကြိမ်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ပအို့ဝ်အမျိုးသားနေ့ ကျင်းပခဲ့သည်မှာ (၅၉) ကြိမ်ခန့်ရှိပြီဟု ကိုခွန်ဝင်းက ပြောပြသည်။

ယနေ့ပွဲတွင် အဆို အက အတီးအမှုတ်များပါဝင်ရာ“ရိုးရာရှင်ပြုပွဲ အက”၊ “တောင်ပေါ် ပအို့ဝ်၊ မြေပြန့် ပအို့ဝ် အက၊ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးကို သရုပ်ဖော်သော အက စသည်တို့ကို ပအို့ဝ် လူငယ်များ က လှလှပပ ကပြဖျော်ဖြေသွားသည်။

ပွဲတော်လာ ပအို့ဝ် အမျိုးသမီးငယ် တဦးဖြစ်သူ မနင်းနေခင် က“ကျမ အခုလို ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှု ကို မြင်တွေ့ ရတာ အရမ်းကို ကြည်နူးရပါတယ်၊ ကျမတို့က နိုင်ငံပြင်ပမှာ အလုပ်လုပ်နေကြသူတွေ ဆိုတော့ အခုလို ထောင်နဲ့ချီတဲ့ ပအို့ဝ်တွေကို တနေရာတည်းမှာ မြင်ရ တွေ့ ရတာ ပျော်လည်း တကယ်ပျော်ပါတယ်၊ တနှစ်မှာတခါသာ ဒီလို ဆုံတွေ့ ရတာမို့ ပအို့ဝ်အမျိုးသားနေ့ဟာ ကျမတို့အတွက် တကယ်တန်ဖိုးထားရတဲ့ နေ့ တနေ့ ပါပဲရှင်”ဟု ပြောသည်။

ယနေ့ ကျင်းပသော ရိုးရာ ယဉ်ကျေးမှုပွဲတော်သို့ ပအို့ဝ်လူမျိုး ၃၀၀၀ ခန့် တက်ရောက်သည်ဟု သိရသည်။ ထိုင်းနိုင်ငံတွင် ပအို့ဝ်လူမျိုး ၈၀၀၀၀ ခန့် ရှိကြောင်း ပအို့ဝ်ဖောင်ဒေးရှင်းက ခန့်မှန်းထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်