နည်းပြ မျိုးလှိုင်ဝင်းအား ဒဏ်ငွေ ၅ သိန်းတပ်

E-mail Print
ရန်ကုန် ယူနိုက်တက် အသင်းနည်းပြ မျိုးလှိုင်ဝင်းသည် ဘောလုံး ပရိသတ်နှင့် အချင်းများမှုဖြင့် အရေးယူ ခံရကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့ ကစားခဲ့သော ကျင်းပနေဆဲ မြန်မာ နေရှင်နယ် လိဂ် (MNL)ဖလား ရန်ကုန် ယူနိုက်တက်နှင့် ကမ္ဘောဇ အသင်း ပွဲစဉ်တွင် သရေကျခဲ့သဖြင့် ရန်ကုန် ယူနိုက်တက် အသင်း ပရိသတ်များက ဒေါသထွက်ခဲ့ရာ မျိုးလှိုင်ဝင်းက ၀င်ရောက် ပြောဆိုခဲ့ရာမှ အပြန်အလှန် အချင်းများခဲ့ခြင်း ဖြစ်သည်။

“အဲဒီနေ့က သရေပွဲဖြစ်နေတော့ ရန်ကုန်ပရိသတ်က အားမလိုအားမရဖြစ်တာကို သူက ပရိသတ်ဘက်လာပြီး အော်ဆဲ တယ်ဗျာ၊ ကျနော်တို့တွေက ဘာပဲပြောပြော သူတို့ ပရိသတ်ပါ”ဟု သွားရောက်ကြည့်ရှုခဲ့သူ ရန်ကုန် ယူနိုက်တက် အသင်း ပရိသတ် တဦးကဆိုသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြင်းထန်းစွာ အရေးယူ ခဲ့ကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး(ပျဉ်းမနား) က ဆိုသည်။

“မျိုးလှိုင်ဝင်းမှာ အပြစ်ရှိတဲ့အတွက် ဒဏ်ကြေး ၅ သိန်းနဲ့ ပွဲကြီးကြပ်ခွင့် လေးပွဲပိတ်ပင်ခဲ့ပါတယ်”ဟု ဦးခင်မောင်ထွေးက ပြောသည်။

ယင်းသို့ အချင်းများမှုအတွက် ရန်ကုန်ယူနိုက်တက်က အသင်း ၀က်ဘ်ဆိုက် မှတဆင့် ၎င်းတို့၏ပရိသတ်ကို တောင်းပန်ခဲ့ပြီး နောက်နောင် ယခုကဲ့သို့ ပြုမှုပါက အသင်းက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူတဦးက ဆို သည်။

မျိုးလှိုင်ဝင်း အပြစ်ပေးခံရသည်ကို ရန်ကုန်ယူနိုက်တက်အသင်းက အယူခံဝင်မည် မဟုတ်ကြောင်း အသင်း တာဝန်ရှိသူက ပြောသည်။

မျိုးလှိုင်ဝင်းမှာ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းတဦးဖြစ်ပြီး တိုက်စစ်မှူး၊ အသင်းကပ္ပတိန်စသည်ဖြင့် ကစားခဲ့ရာ မြန်မာဘောလုံး ပရိသတ်များ၏ အသည်းစွဲဖြစ်ခဲ့သည်။

၎င်းသည် ယခင်က ရန်ကုန်ယူနိုက်တက် အသင်းတွင် နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ရာမှ စည်းမျဉ်းစည်းကမ်းများအရ နည်းစနစ် ဒါရိုက်တာ ပီတာ ဘတ္တလာကို နည်းပြချုပ်အဖြစ် လွှဲအပ်လိုက်သူဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းကို စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့်နီးစပ်သော ထူးထရေးဒင်း ကုမ္ပဏီပိုင်ရှင် ဦးတေဇက ထူထောင် ထားခြင်း ဖြစ်သည်။

ထူးထရေးဒင်းသည် ၂၀၀၇ အတွင်းက ပထမတန်းအသင်းဖြစ်သည့် VIVA ဘောလုံးအသင်းကို ဝယ်ယူ၍ Air Bagan FC အမည်ပြောင်းကာ ပထမတန်း ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမတန်း အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့သည်။

ယခု MNL ပြိုင်ပွဲကို ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က စတင်ခဲ့ပြီး ဘောလုံးအသင်းပေါင်း ၁၁ သင်း ပါဝင် ယှဉ်ပြိုင်ကစား နေခြင်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်